မဆင်မခြင်လုပ်ရပ်များကြောင့် နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေရောက်ရန် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ရမည်

 1571

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂ဝ

တိုးတက်ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေသည့်အခြေအနေတွင် မဆင်မခြင်လုပ်ရပ်များကြောင့် နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေရောက်ရန် အကုန်အကျများစွာနှင့် အချိန်ယူတည် ဆောက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ ၂ဝ ရက်) တွင် ကျရောက်သော (၇၈)နှစ်မြောက် ချင်း အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိကြုံတွေ့နေရသောအကြမ်းဖက်လုပ်ရပ်များသည် ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ရလဒ်ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က လည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်း ဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့် အာဏာချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်များကြောင့် ချင်းပြည်နယ် အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခ ကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တိုးတက်ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံး ရခြင်းမှာ နိုင်ငံ၏ အင်အားကို လျော့ပါးစေပြီး မူလအခြေအနေပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြား ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် နိုင်ငံနှင့်ပြည်သူအတွက် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေ ပြီး တည်ငြိမ်အေးချမ်း မှုရရှိစေရေး ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူများမှ အားလုံး ပူးပေါင်း ပါဝင်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version;
မဆင္မျခင္လုပ္ရပ္မ်ားေၾကာင့္ ႏိုင္ငံ၏အင္အားကို ေလ်ာ့ပါးေစၿပီး မူလအေျခအေနေရာက္ရန္ အကုန္အက်မ်ားစြာႏွင့္ အခ်ိန္ယူတည္ေဆာက္ရမည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
တိုးတက္ဖြံ႕ၿဖိဳးမႈအရွိန္ အဟုန္ရရွိေနသည့္အေျခအေနတြင္ မဆင္မျခင္လုပ္ရပ္မ်ားေၾကာင့္ ႏိုင္ငံ၏အင္အားကို ေလ်ာ့ပါးေစၿပီး မူလအေျခအေနေရာက္ရန္ အကုန္အက်မ်ားစြာႏွင့္ အခ်ိန္ယူတည္ ေဆာက္ရမည္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး သတိုးမဟာ သေရစည္သူ သတိုးသီရိသုဓမၼ မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ေဖေဖာ္ဝါရီ ၂ဝ ရက္) တြင္ က်ေရာက္ေသာ (၇၈)ႏွစ္ေျမာက္ ခ်င္း အမ်ိဳးသားေန႔အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
လက္ရွိႀကဳံေတြ႕ေနရေသာအၾကမ္းဖက္လုပ္ရပ္မ်ားသည္ ၂၀၂၀ ျပည့္ ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈ ရလဒ္ပယ္ဖ်က္ခံရသည့္အေပၚ အမွန္ကို အမွန္အတိုင္း သုံးသပ္ရႈျမင္မႈမရွိဘဲ အာဏာကို အဓမၼနည္းျဖင့္ လိုခ်င္တပ္မက္သည့္ဆႏၵေၾကာင့္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားမွ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္ႏွင့္ ျပည္သူတို႔အေပၚ သေဘာထားမမွန္ကန္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က လည္း ျဖစ္ေပၚလာေသာ မတည္ၿငိမ္မႈကို အခြင့္ေကာင္းယူၿပီး တည္ၿငိမ္ေအးခ်မ္းေနေသာ ေဒသမ်ားကို အၾကမ္း ဖက္တိုက္ခိုက္ဖ်က္ဆီးၿပီး နယ္ေျမႏွင့္ အာဏာခ်ဲ႕ထြင္ရန္ လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ ခ်င္းျပည္နယ္ အပါအဝင္ ေဒသအသီးသီး၌ အျပစ္မဲ့ျပည္သူမ်ား၏ အသက္၊ အိုးအိမ္၊ ပစၥည္းဥစၥာမ်ားသာမက ျပည္သူပိုင္အေဆာက္အအုံမ်ားစြာ ပ်က္စီးဆုံးရႈံးကာ တိုင္းရင္းသားျပည္သူမ်ား ဆင္းရဲဒုကၡ ႀကဳံေတြ႕ေနရသည္မွာ အားလုံးအသိပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
လက္နက္ကိုင္အၾကမ္းဖက္မႈမ်ား၏ဆိုးက်ိဳးကို လက္ေတြ႕ခံစားေနရသည္မွာ ေဒသခံတိုင္းရင္းသားျပည္သူမ်ားပင္ ျဖစ္ၿပီး ပ်က္စီးဆုံးရႈံးမႈ မွန္သမွ်မွာလည္း ႏိုင္ငံေတာ္၏ အရင္းအျမစ္ႏွင့္ အေျခခံအေဆာက္အအုံမ်ားပင္ျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
တိုးတက္ဖြံ႕ၿဖိဳးမႈအရွိန္ အဟုန္ရရွိေနသည့္အေျခအေနတြင္ ယခုကဲ့သို႔ မဆင္မျခင္လုပ္ရပ္မ်ားေၾကာင့္ ပ်က္စီးဆုံးရႈံး ရျခင္းမွာ ႏိုင္ငံ၏ အင္အားကို ေလ်ာ့ပါးေစၿပီး မူလအေျခအေနျပန္လည္ေရာက္ရွိေအာင္ အကုန္အက်မ်ားစြာႏွင့္ အခ်ိန္ယူတည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကား ခဲ့သည္။
ထိုကဲ့သို႔ အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ ယာယီေနရပ္စြန႔္ခြာေနၾကရသည့္ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားကို ႏိုင္ငံေတာ္မွ ေထာက္ပံ့ေငြမ်ား ခ်ီးျမႇင့္ေပးလ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံႏွင့္ျပည္သူအတြက္ ဆိုးက်ိဳးမ်ားကိုျဖစ္ေပၚေစသည့္ ဆူပူအၾကမ္းဖက္တိုက္ခိုက္မႈမ်ား ပေပ်ာက္ေစ ၿပီး တည္ၿငိမ္ေအးခ်မ္း မႈရရွိေစေရး ခ်င္းတိုင္းရင္းသားမ်ားအပါအဝင္ တိုင္းရင္းသား ျပည္သူမ်ားမွ အားလုံး ပူးေပါင္း ပါဝင္ၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.