BNRA အဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် (၅) ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်

1389

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၀
BNRA အဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် (၅) ဦး လက်နက်ခဲယမ်းများနှင့်အတူ ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) မွန်းလွဲပိုင်းတွင် တပ်မတော်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာမှုကြောင့် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်း ဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦး သည် လက်နက် မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ် စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံ လုံခြုံရေး တပ်ဌာနချုပ်မှ တာဝန်ရှိသူ များက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီ များနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင် ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူ ထုများအား လက်နက် အားကိုးဖြင့် အနိုင် ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့များအချင်းချင်း အချိန်ကြာမြင့် လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့ တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံ လာခြင်းတို့ကြောင့် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင် ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
BNRA အဖြဲ႕မွ ဒုတိယအဖြဲ႕ေခါင္းေဆာင္အပါအဝင္ အဖြဲ႕ဝင္ (၅) ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ တပ္မေတာ္ထံ အလင္းဝင္
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၀
BNRA အဖြဲ႕မွ ဒုတိယအဖြဲ႕ေခါင္းေဆာင္အပါအဝင္ အဖြဲ႕ဝင္ (၅) ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ယေန႔(ေဖေဖာ္ဝါရီ ၂၀ ရက္) မြန္းလြဲပိုင္းတြင္ တပ္မေတာ္ထံ အလင္းဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နားလည္ သေဘာေပါက္လာမႈေၾကာင့္ BNRA အမည္ခံအဖြဲ႕မွ ဒုတိယ အဖြဲ႕ေခါင္း ေဆာင္ ၁ ဦး၊ တတိယတာဝန္ခံအဆင့္ရွိသူ ၁ ဦး အပါအဝင္ အဖြဲ႕ဝင္ ၅ ဦး သည္ လက္နက္ မ်ိဳးစုံ ၅ လက္၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ပုလဲၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးတပ္ စခန္းတစ္ခုထံသို႔ လာေရာက္ဆက္သြယ္ သတင္းပို႔၍ ဥပေဒေဘာင္ အတြင္းသို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသည့္ BNRA အမည္ခံအဖြဲ႕မွ ဒုတိယ အဖြဲ႕ေခါင္းေဆာင္ႏွင့္ အဖြဲ႕ဝင္မ်ားအား နယ္ေျမခံ လုံၿခဳံေရး တပ္ဌာနခ်ဳပ္မွ တာဝန္ရွိသူ မ်ားက ေႏြးေထြးစြာႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား၊ ေဆးဝါးအကူအညီ မ်ားႏွင့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားအား အဆင္ေျပမႈရွိေစေရး ေဆာင္ ႐ြက္ေပးခဲ့ၾကေၾကာင္းႏွင့္ လိုအပ္သည့္စိစစ္မႈမ်ားကို လုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
PDF အပါအဝင္ အၾကမ္းဖက္အဖြဲ႕မ်ားသည္ ႏိုင္ငံေတာ္အစိုးရႏွင့္တပ္မေတာ္အား ဆန႔္က်င္တိုက္ခိုက္ျခင္း၊ နယ္ေျမခံျပည္သူလူ ထုမ်ားအား လက္နက္ အားကိုးျဖင့္ အႏိုင္ က်င့္ျခင္းမ်ားလုပ္ေဆာင္လ်က္ရွိသည့္အျပင္ ၎တို႔အဖြဲ႕မ်ားအခ်င္းခ်င္း အခ်ိန္ၾကာျမင့္ လာသည္ႏွင့္အမွ် ကိုယ္က်ိဳးစီးပြားကို အေျခခံ၍ နယ္ေျမလုခ်င္း၊ ေဝစုမတည့္ျခင္း၊ အခ်င္းခ်င္း ဗိုလ္က်ႏွိပ္စက္၊ သတ္ျဖတ္ျခင္း စသည္တို႔ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ BNRA အမည္ခံအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ႏိုင္လင္း (ေခၚ) နဂါးအေနျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားအား လုပ္ေဆာင္ေနမႈမ်ားအား မႏွစ္ၿမိဳ႕ ေတာ့ျခင္း၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံ လာျခင္းတို႔ေၾကာင့္ ဥပေဒေဘာင္ အတြင္းသို႔ ဝင္ေရာက္လာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္အၾကမ္းဖက္အဖြဲ႕မ်ားအတြင္းသို႔ အေၾကာင္းအမ်ိဳးမ်ိဳး ျဖင့္ ေရာက္ရွိေနၾကသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ႏိုင္ေရး အစဥ္တံခါး ဖြင့္ႀကိဳဆိုဖိတ္ေခၚထားရွိၿပီး ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားႏွင့္ ထပ္မံဝင္ ေရာက္လာမည့္သူမ်ားကိုလည္း တရားဥပေဒေဘာင္အတြင္း တည္ၿငိမ္ ေအးခ်မ္းစြာ ေနထိုင္ ႏိုင္ေရးအတြက္ ကူညီေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။