တရုတ်နိုင်ငံက အင်အားသုံးပြီး အရှေ့တရုတ်ပင်လယ်အတွင်း အခြေအနေများကို တဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းနေဟု ဂျပန်ဝန်ကြီးချုပ် ဝေဖန်

238

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ
တရုတ်နိုင်ငံအနေဖြင့် အရှေ့တရုတ်ပင်လယ်တွင် အတင်းအကြပ်ပြုလုပ်ခြင်း (သို့) အင်အားသုံးပြီး အဆင့်တန်း၊ အခြေအနေများကို တစ်ဖတ်သက်အပြောင်းအလဲဖြစ်လာစေရန် လုပ်ဆောင်နေကြောင်း ဂျပန်ဝန်ကြီးချုပ်ဆာနေးတာကိုင်ချီက ထုတ်ဖော်ပြောလိုက်သည်။
တာကိုင်ချီသည် ယခုလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းဦးဆောင်နေသော LDP ပါတီ ထပ်မံအနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တကျော့ပြန် ပြန်လည်ရွေးချယ်ခံရပြီးနောက် လွှတ်တော်အတွင်း မိန့်ခွန်းပြောဆိုချိန်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်က ၎င်းဦးဆောင်သည့်အစိုးရအဖွဲ့အနေဖြင့် ဂျပန်နိုင်ငံကို တောင့်တင်းခိုင်မာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်တာကိုင်ချီက ''တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ပတ်ဝန်းကျင်နေရာတွေမှာ စစ်အင်အား တိုးချဲ့တည်ဆောက်မှုများ ပိုမိုလုပ်ဆောင်နေတယ်။ အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံဟာ အင်အားသုံးတာ ဒါမှမဟုတ် အနိုင်ထက်ပြုကျင့်အကျပ်ကိုင်ပြီး အခြေနေတွေကို အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းမှု အရှိန်မြင့်နေတယ်" ဟု ပြောသည်။
ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒများကို အပြောင်းအလဲလုပ်ဆောင်ရန် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ သေစေနိုင်သော လက်နက်များ တင်ပို့မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ ကိုယ်တိုင်ချမှတ်ထားသော ပိတ်ပင်မှုကို ပိုမိုဖြေလျှော့ပေးရန် ဆွေးနွေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုလားကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောသည်။
ဂျပန်ဝန်ကြီးချုပ်က ''လက်နက်များ တင်ပို့မှုနဲ့ပတ်သက်ပြီး မဟာမိတ်တွေနဲ့ အတွေးအခေါ်တူ မိတ်ဖက်တွေရဲ့ တားဆီးကာကွယ်ရေးနဲ့ တုံ့ပြန်မှုစွမ်းရည်တွေကို ပိုမိုအားကောင်းလာစေဖို့ အထောက်အကူပြုပါလိမ့်မယ်" ဂျပန်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနဲ့အရပ်ဘက်မှာအသုံးပြုတဲ့ နည်းပညာများရဲ့အခြေခံအုတ်မြစ်ကို အားကောင်းစေရန်လည်း ကူညီပေးလာမှာဖြစ်ပါတယ်'' ဟု ပြောသည်။
တာကိုင်ချီဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပြောဆိုခဲ့သည့်မှတ်ချက်စကားများသည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများပိုမိုဖြစ်လာစေခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလတုန်းကလည်း ဂျပန်ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်တာဝန်ယူချိန်အတွင်း တာကိုင်ချီက တရုတ်နိုင်ငံအနေဖြင့် တရုတ်တိုင်ပေ(ထိုင်ဝမ်) ကို အင်အားသုံးမည်ဆိုလျှင် စစ်ရေးနည်းလမ်းအသုံးပြုသွားဖွယ်ရှိနေကြောင်း ပြောဆိုခဲ့ဖူးသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက အင္အားသုံးၿပီး အေရွ႕တ႐ုတ္ပင္လယ္အတြင္း အေျခအေနမ်ားကို တဖက္သတ္ေျပာင္းလဲရန္ ႀကိဳးပမ္းေနဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေဝဖန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
တ႐ုတ္ႏိုင္ငံအေနျဖင့္ အေရွ႕တ႐ုတ္ပင္လယ္တြင္ အတင္းအၾကပ္ျပဳလုပ္ျခင္း (သို႔) အင္အားသုံးၿပီး အဆင့္တန္း၊ အေျခအေနမ်ားကို တစ္ဖတ္သက္အေျပာင္းအလဲျဖစ္လာေစရန္ လုပ္ေဆာင္ေနေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ဆာေနးတာကိုင္ခ်ီက ထုတ္ေဖာ္ေျပာလိုက္သည္။
တာကိုင္ခ်ီသည္ ယခုလအတြင္း က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ၎ဦးေဆာင္ေနေသာ LDP ပါတီ ထပ္မံအႏိုင္ရခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တေက်ာ့ျပန္ ျပန္လည္ေ႐ြးခ်ယ္ခံရၿပီးေနာက္ လႊတ္ေတာ္အတြင္း မိန႔္ခြန္းေျပာဆိုခ်ိန္တြင္ ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္က ၎ဦးေဆာင္သည့္အစိုးရအဖြဲ႕အေနျဖင့္ ဂ်ပန္ႏိုင္ငံကို ေတာင့္တင္းခိုင္မာေစရန္ ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုခဲ့သည္။
ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီက ''တ႐ုတ္ႏိုင္ငံဟာ ဂ်ပန္ႏိုင္ငံရဲ႕ပတ္ဝန္းက်င္ေနရာေတြမွာ စစ္အင္အား တိုးခ်ဲ႕တည္ေဆာက္မႈမ်ား ပိုမိုလုပ္ေဆာင္ေနတယ္။ အေရွ႕တ႐ုတ္ပင္လယ္မွာ တ႐ုတ္ႏိုင္ငံဟာ အင္အားသုံးတာ ဒါမွမဟုတ္ အႏိုင္ထက္ျပဳက်င့္အက်ပ္ကိုင္ၿပီး အေျခေနေတြကို အေျပာင္းအလဲလုပ္ဖို႔ ႀကိဳးပမ္းမႈ အရွိန္ျမင့္ေနတယ္" ဟု ေျပာသည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္က ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးမူဝါဒမ်ားကို အေျပာင္းအလဲလုပ္ေဆာင္ရန္ ျပန္လည္သုံးသပ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။ ေသေစႏိုင္ေသာ လက္နက္မ်ား တင္ပို႔မႈႏွင့္ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံ ကိုယ္တိုင္ခ်မွတ္ထားေသာ ပိတ္ပင္မႈကို ပိုမိုေျဖေလွ်ာ့ေပးရန္ ေဆြးေႏြးမႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ရန္ လိုလားေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေျပာသည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္က ''လက္နက္မ်ား တင္ပို႔မႈနဲ႔ပတ္သက္ၿပီး မဟာမိတ္ေတြနဲ႔ အေတြးအေခၚတူ မိတ္ဖက္ေတြရဲ႕ တားဆီးကာကြယ္ေရးနဲ႔ တုံ႔ျပန္မႈစြမ္းရည္ေတြကို ပိုမိုအားေကာင္းလာေစဖို႔ အေထာက္အကူျပဳပါလိမ့္မယ္" ဂ်ပန္ရဲ႕ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈနဲ႔အရပ္ဘက္မွာအသုံးျပဳတဲ့ နည္းပညာမ်ားရဲ႕အေျခခံအုတ္ျမစ္ကို အားေကာင္းေစရန္လည္း ကူညီေပးလာမွာျဖစ္ပါတယ္'' ဟု ေျပာသည္။
တာကိုင္ခ်ီဝန္ႀကီးခ်ဳပ္ ဝန္ႀကီးခ်ဳပ္ျဖစ္လာၿပီးေနာက္ပိုင္း ေျပာဆိုခဲ့သည့္မွတ္ခ်က္စကားမ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားပိုမိုျဖစ္လာေစခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတုန္းကလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္အတြင္း တာကိုင္ခ်ီက တ႐ုတ္ႏိုင္ငံအေနျဖင့္ တ႐ုတ္တိုင္ေပ(ထိုင္ဝမ္) ကို အင္အားသုံးမည္ဆိုလွ်င္ စစ္ေရးနည္းလမ္းအသုံးျပဳသြားဖြယ္ရွိေနေၾကာင္း ေျပာဆိုခဲ့ဖူးသည္။