ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် လူ(၇)ဦးသေဆုံး

375

Pika (NP News) - ဖေဖော်ဝါရီ ၂၂
ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် လူ(၇)ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ပြင် ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် လူပေါင်း(၃၀၀၀)ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Davao Oriental ပြည်နယ် ကမ်းရိုးတန်းမြို့ Mati မှာ မြေပြိုမှုတစ်ခုကြောင့် အိမ်တစ်လုံးမြေမြှုပ်ခံလိုက်ရပြီး စုံတွဲတစ်တွဲ နဲ့ ၎င်းတို့ရဲ့သမီးနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့ ပြည်နယ်အရာရှိတွေ က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ အလောင်းတွေကို ပြန်လည်ရှာဖွေဖို့အတွက် မြေတူးစက်တွေကို အသုံးပြုခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Davao de Oro ပြည်နယ်မှာရှိတဲ့ ရွှေတွင်းမြို့တစ်မြို့ဖြစ်တဲ့ Monkayo မြို့မှာလည်း မြေပြိုမှုကြောင့် နေအိမ် တစ်လုံး မြေမြှုပ်ခံလိုက်ရပြီး လူ(၃)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း(၁၀၀၀၀)နီးပါး ရေဘေးသင့်ခဲ့ရပြီး လူပေါင်း(၃၀၀၀) ကျော် လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ လူ(၇)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
ဖိလစ္ပိုင္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ လူ(၇)ဦး ေသဆုံးခဲ့ တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ လူေပါင္း(၃၀၀၀)ေက်ာ္ေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Davao Oriental ျပည္နယ္ ကမ္း႐ိုးတန္းၿမိဳ႕ Mati မွာ ေျမၿပိဳမႈတစ္ခုေၾကာင့္ အိမ္တစ္လုံးေျမျမႇဳပ္ခံလိုက္ရၿပီး စုံတြဲတစ္တြဲ နဲ႔ ၎တို႔ရဲ႕သမီးႏွစ္ဦးတို႔ ေသဆုံးခဲ့တယ္လို႔ သဘာဝေဘးအႏၲရာယ္တုံ႔ျပန္ေရးနဲ႔ ျပည္နယ္အရာရွိေတြ က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးသမားေတြဟာ အေလာင္းေတြကို ျပန္လည္ရွာေဖြဖို႔အတြက္ ေျမတူးစက္ေတြကို အသုံးျပဳခဲ့ရတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Davao de Oro ျပည္နယ္မွာရွိတဲ့ ေ႐ႊတြင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ Monkayo ၿမိဳ႕မွာလည္း ေျမၿပိဳမႈေၾကာင့္ ေနအိမ္ တစ္လုံး ေျမျမႇဳပ္ခံလိုက္ရၿပီး လူ(၃)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူေပါင္း(၁၀၀၀၀)နီးပါး ေရေဘးသင့္ခဲ့ရၿပီး လူေပါင္း(၃၀၀၀) ေက်ာ္ ေလာက္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။