ရာထူးမှ နှုတ်ထွက်ပေးလိုက်ရတဲ့ ယူနွတ် ဘာတွေလုပ်နေလဲ၊ ယာယီအစိုးရ အကြီးအကဲဟောင်းနဲ့ အစိုးရသစ်ရဲ့ ရှေ့လုပ်ငန်းစဉ်၊ နေပြည်တော်နဲ့ AA အပေါ် အလားအလာများ (နိုင်ငံတကာ သုံးသပ်ဆောင်းပါး)

 884

HtayOung (NP News)-ဖေဖော်ဝါရီ ၂၂
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေးအရာရှိချုပ် တနည်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအကြီးအကဲအဖြစ်မှ နုတ်ထွက်ပြီးနောက် မူဟာမက် ယူနွတ်ဟာ ပိုမိုတိတ်ဆိတ်ငြိမ်သက်တဲ့ ဖြစ်တည်မှုဘဝပိုင်ရှင်အဖြစ် ပြောင်း ရွှေ့သွားခဲ့ြုပီလို့ ဒါကာအခြေစိုက် ဒေးလီးစတား (21 February 2026) က ရေးတယ်။

“ယမုံနာ” အမည်ရှိ အစိုးရဧည့်ဂေဟာမှာ ဆက်လက်နေထိုင်နေဆဲဖြစ်ပေမယ့် တစ်လအတွင်း သို့မဟုတ် အိဒ်ပွဲ တော်အပြီး ဒါကာမြို့မြောက်ဘက် လူချမ်းသာများနေထိုင်ရာ “ဂူလ်ရှန်” ရပ်ကွက် သူ့နေအိမ်သို့ ပြန်ရန် စီစဉ် ထားပါတယ်။

ယူနွတ် (၈၅-နှစ်) ကမ္ဘာတစ်ဝှမ်း သူရဲ့ လူမှုရေးစီးပွားရေး အတွေးအခေါ်များကို မြှင့်တင်ပေးလျက်ရှိတဲ့ “ယူနွတ်စင် တာ“ မှာ အလုပ်ပြန်ဝင်ဖို့အတွက် စာရွက်စာတမ်းများကို ပြင်ဆင်နေပြီး မိသားစု အထူးသဖြင့် မကျန်းမာတဲ့ ဇနီးဖြစ်သူနဲ့ အချိန်ကုန်ဆုံးနေတာ များပါတယ်။

ယူနွတ်ရဲ့ အနာဂတ်အစီအစဉ်တွေဟာ မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝှမ်း သူရပ်တည် လှုပ်ရှားခဲ့တဲ့ “သုညသုံးလုံး” ကို အခြေခံပြီး လူငယ်အစီအစဉ်အသစ်များကို စိတ်ကူးနေပါတယ်။ ဆင်းရဲမွဲတေမှု သုည၊ အ လုပ်လက်မဲ့နှုန်း သုံည၊ အသားတင်ကာဗွန်ထုတ်လွှတ်မှု သုည တို့ကို အကောင်အထည်ဖော်လိမ့်မယ်လို့ မျှော် လင့်ရပေမယ့် အစီအစဉ်အတိအကျကို ကြေညာခြင်း မရှိသေးပါ။

လောလောဆယ် ယူနွတ်အနေနဲ့ ဧည့်သည်များနဲ့ တွေ့ဆုံရန် နိုင်ငံရပ်ခြားဖိတ်ကြားချက်အချို့ကို လက်ခံ သင့်-မသင့် ပြန်လည်သုံးသပ်နေပြီး လာမယ့်လမှာ ညီလာခံတစ်ခုတက်ရောက်ဖို့ ဂျပန်နိုင်ငံကို သွားရောက်ပါ လိမ့်မယ်

(ယူနွတ်ဟာ ရှိတ်ဟာစီနာလက်ထက် အဝါမီလိဂ်အစိုးရနဲ့ ကာလအတော်ကြာတဲ့အထိ ဆက်ဆံရေး မပြေ လည်ခဲ့ပါ။ ယူနွတ်တည်ထောင်ခဲ့တဲ့ “ဂရာမင်းဘဏ်” ကို အစိုးရက ပြောင်းလဲထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး ယူနွတ်ကိုလည်း အလုပ်သမားဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ၂၀၀၇-၂၀၀၈ ခုနှစ် အရေးပေါ် အခြေအနေ ပြဌာန်းစဉ် ယူနွတ်က နိုင်ငံရေးပါတီထူထောင်ခဲ့ဖူးတဲ့အတွက် နိုင်ငံရေးပြိုင်ဘက်အဖြစ် သံသ ယရှိခဲ့တယ်။ ဟာစီနာအတွက် ယူနွတ်ဟာ အတိမ်းအစောင်း မခံတဲ့ ပုဂ္ဂလိက ထင်ရှားသူအဖြစ် မနှစ်မြို့မှု ပိုမိုများပြားခဲ့တယ်။

ရွေးကောက်ပွဲ အနိုင်ရရှိပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်လာတဲ့ တာရစ်ရာမန် (၆၀-နှစ်) ရဲ့ BNP ပါတီကတော့ ယူနွတ်ဟာ နိုဘယ်ဆုရှင် အပြည်ပြည်ဆိုင်ရာ ပွဲထုတ်ကောင်းသူဖြစ်ပြီး နိုင်ငံတကာ အလှူရှင် အသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန် အီးယူတို့နဲ့ ဆက်ဆံရေးကောင်းစေနိုင်သူဖြစ်တယ်။ BNP အစိုးရအနေနဲ့ သူတို့ကိုယ် သူတို့ အရေးပါ အရာရောက်သူများဖြစ်အောင် ယူနွတ်ရဲ့ ပုံရိပ်ကို အသုံးချနိုင်ပါတယ်။ အမျိုးသားပြယုဂ်အဖြစ် ယူနွတ်ကို ပွဲထုတ်မှာဖြစ်ပေမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်တွေအထိတော့ ဝင်စွက်ခွင့်ပေးမယ် မထင်ပါဘူး။ ယူနွတ်ကလဲ ပါတီနိုင်ငံရေးလောကထဲ ဝင်စွက်မှာ မဟုတ်ကြောင်း ပြသလိုသူဖြစ်တဲ့အတွက် သူတို့ချင်း ပွတ်တိုက်မှု နည်းပါး ပါလိမ့်မယ်။

BNP ပါတီဟာ ‌ရွေးကောက်ပွဲ ဒုတိယ မဲအများဆုံး ရရှိထားတဲ့ ဂျမတ်အီအစ္စလာမ်မီပါတီနဲ့ ၂၀၀၁-ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ဖူးပါတယ်။ ဂျမတ်ပါတီခေါင်းဆောင် ရှာဖစ်ရာမန် (၆၇-နှစ်) ဟာ M.B.,B.S. ဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဆေးတပ်မှာ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။

အမျိုးသားရေးဝါဒီ BNP တို့ဟာ ဘာသာရေးရောနှောတဲ့ နိုင်ငံရေးအမြင်ဝါဒီ ဂျမတ်တို့နဲ့ လိုက်လျောညီထွေ နေနိုင်ပါလိမ့်မယ်။ ရှာဖစ်ရာမန်ကို အလယ်အလတ်လမ်းစဉ်သမားလို့ လူသိများပေမယ့် ဂျမတ်ပါတီထဲမှာတော့ မိုဟာမက်ယူနွတ်ကို မြို့ပြလစ်ဘရယ်ဝါဒီ၊ အနောက်နိုင်ငံတက္ကသိုလ်ထွက်အဖြစ် မျက်စိဆံပင်မွှေးစူးသူ များပြားပါလိမ့်မယ်။ ဂျမတ်နဲ့ ယူနွတ်ဟာ နိုင်ငံရေးဆုံးဖြတ်ချက်အတွက် အတိအလင်း မဟုတ်တဲ့ ပွတ်တိုက်မှု များရှိနိုင်ပါတယ်။

ယူနွတ်အစိုးရသက်တမ်းတလျောက်မှာ မြန်မာအစိုးရနဲ့ ထိပ်တိုက်တွေမှု အလွန်နည်းခဲ့ပါတယ်။ ရှိတ်ဟာစီနာ အစိုးရလက်ထက်လောက်ပင် သံတမန်ရေး စစ်ရေးတင်းမာမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၆-ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်ဆံရေးအခင်းအကျင်းမှာ ရိုဟင်ဂျာ ခေါင်းစဉ်ဟာ ယခင်ထက် ပိုမိုအသံကျယ် လာပြီး (ယူနွတ်ပါဝင်လာတဲ့အတွက်) နိုင်ငံတကာဖိအားအသွင် ဖန်တီးလာဖွယ်ရှိပါတယ်။

အထူးသဖြင့် လောလောဆယ် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေအများစုကို နေပြည်တော်က ထိန်းချုပ်နိုင်ခြင်း မရှိပဲ အာရက္ခတပ် AA တို့က ယာယီ စိုးမိုးထားပါတယ်။ အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် အင်္ဂါစဉ် မပြည်စုံတဲ့ AA ဟာ ဒါကာနဲ့ နေပြည်တော်သာမက ကုလသမဂ္ဂအတွက်ပါ ခေါင်းကိုက် စရာဖြစ်နေပါတယ်။ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးမှာ ရခိုင်အမျိုးသားရေးဝါဒီ AA တို့ကို ပါဝင်ဆောင် ရွက်ခွင့် ပြုလို့လည်းမဖြစ်- မပြုလို့လည်းမဖြစ် တကယ့် ပြဿနာဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ရိုဟင်ဂျာ ဆိုသူများနဲ့ အသွေးတူ အမွေးတူ စစ်တကောင်း ဘင်္ဂါလီများဟာ ဂျမတ်အီအစ္စလာမ်မီတို့ရဲ့ သမိုင်းဝင် အမာခံ များဖြစ်ပါတယ်။

နယူးဒေလီနဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုကို ထိန်းသိမ်းရင်း တရုတ်နဲ့ စီးပွားရေး တည်ဆောက်မယ့် ဘင်္ဂလား ဒေ့ရှ်ဟာ မြန်မာနဲ့ပတ်သက်လို့ အဆောတလျင်ဆောင်ရွက်မယ် မထင်ပါဘူး၊ ဒါပေမဲ့ ရခိုင်မြောက်ဖျား အရေးမှာ AA ဟာ ဗုံးကြီးတစ်လုံးရဲ့ စနက်တန်သဖွယ် ဖြစ်နေပြီး ဒါကာနဲ့ နေပြည်တော်တို့အကြား ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့လျင် အချိန်မရွေး ပေါက်ကွဲသွားနိုင်ပါတယ်။

Zawgyi Version:
ရာထူးမွ ႏႈတ္ထြက္ေပးလိုက္ရတဲ့ ယူႏြတ္ ဘာေတြလုပ္ေနလဲ၊ ယာယီအစိုးရ အႀကီးအကဲေဟာင္းနဲ႔ အစိုးရသစ္ရဲ႕ ေရွ႕လုပ္ငန္းစဥ္၊ ေနျပည္ေတာ္နဲ႔ AA အေပၚ အလားအလာမ်ား
(ႏိုင္ငံတကာ သုံးသပ္ေဆာင္းပါး)
HtayOung (NP News)-ေဖေဖာ္ဝါရီ ၂၂
ဘဂၤလားေဒ့ရွ္ ယာယီအစိုးရ အႀကံေပးအရာရွိခ်ဳပ္ တနည္းအားျဖင့္ ဘဂၤလားေဒ့ရွ္အစိုးရအႀကီးအကဲအျဖစ္မွ ႏုတ္ထြက္ၿပီးေနာက္ မူဟာမက္ ယူႏြတ္ဟာ ပိုမိုတိတ္ဆိတ္ၿငိမ္သက္တဲ့ ျဖစ္တည္မႈဘဝပိုင္ရွင္အျဖစ္ ေျပာင္း ေ႐ႊ႕သြားခဲ့ျုပီလို႔ ဒါကာအေျခစိုက္ ေဒးလီးစတား (21 February 2026) က ေရးတယ္။

“ယမုံနာ” အမည္ရွိ အစိုးရဧည့္ေဂဟာမွာ ဆက္လက္ေနထိုင္ေနဆဲျဖစ္ေပမယ့္ တစ္လအတြင္း သို႔မဟုတ္ အိဒ္ပြဲ ေတာ္အၿပီး ဒါကာၿမိဳ႕ေျမာက္ဘက္ လူခ်မ္းသာမ်ားေနထိုင္ရာ “ဂူလ္ရွန္” ရပ္ကြက္ သူ႔ေနအိမ္သို႔ ျပန္ရန္ စီစဥ္ ထားပါတယ္။

ယူႏြတ္ (၈၅-ႏွစ္) ကမာၻတစ္ဝွမ္း သူရဲ႕ လူမႈေရးစီးပြားေရး အေတြးအေခၚမ်ားကို ျမႇင့္တင္ေပးလ်က္ရွိတဲ့ “ယူႏြတ္စင္ တာ“ မွာ အလုပ္ျပန္ဝင္ဖို႔အတြက္ စာ႐ြက္စာတမ္းမ်ားကို ျပင္ဆင္ေနၿပီး မိသားစု အထူးသျဖင့္ မက်န္းမာတဲ့ ဇနီးျဖစ္သူနဲ႔ အခ်ိန္ကုန္ဆုံးေနတာ မ်ားပါတယ္။

ယူႏြတ္ရဲ႕ အနာဂတ္အစီအစဥ္ေတြဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ကမာၻတစ္ဝွမ္း သူရပ္တည္ လႈပ္ရွားခဲ့တဲ့ “သုညသုံးလုံး” ကို အေျခခံၿပီး လူငယ္အစီအစဥ္အသစ္မ်ားကို စိတ္ကူးေနပါတယ္။ ဆင္းရဲမြဲေတမႈ သုည၊ အ လုပ္လက္မဲ့ႏႈန္း သုံည၊ အသားတင္ကာဗြန္ထုတ္လႊတ္မႈ သုည တို႔ကို အေကာင္အထည္ေဖာ္လိမ့္မယ္လို႔ ေမွ်ာ္ လင့္ရေပမယ့္ အစီအစဥ္အတိအက်ကို ေၾကညာျခင္း မရွိေသးပါ။

ေလာေလာဆယ္ ယူႏြတ္အေနနဲ႔ ဧည့္သည္မ်ားနဲ႔ ေတြ႕ဆုံရန္ ႏိုင္ငံရပ္ျခားဖိတ္ၾကားခ်က္အခ်ိဳ႕ကို လက္ခံ သင့္-မသင့္ ျပန္လည္သုံးသပ္ေနၿပီး လာမယ့္လမွာ ညီလာခံတစ္ခုတက္ေရာက္ဖို႔ ဂ်ပန္ႏိုင္ငံကို သြားေရာက္ပါ လိမ့္မယ္

(ယူႏြတ္ဟာ ရွိတ္ဟာစီနာလက္ထက္ အဝါမီလိဂ္အစိုးရနဲ႔ ကာလအေတာ္ၾကာတဲ့အထိ ဆက္ဆံေရး မေျပ လည္ခဲ့ပါ။ ယူႏြတ္တည္ေထာင္ခဲ့တဲ့ “ဂရာမင္းဘဏ္” ကို အစိုးရက ေျပာင္းလဲထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းခဲ့ၿပီး ယူႏြတ္ကိုလည္း အလုပ္သမားဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ ၂၀၀၇-၂၀၀၈ ခုႏွစ္ အေရးေပၚ အေျခအေန ျပဌာန္းစဥ္ ယူႏြတ္က ႏိုင္ငံေရးပါတီထူေထာင္ခဲ့ဖူးတဲ့အတြက္ ႏိုင္ငံေရးၿပိဳင္ဘက္အျဖစ္ သံသ ယရွိခဲ့တယ္။ ဟာစီနာအတြက္ ယူႏြတ္ဟာ အတိမ္းအေစာင္း မခံတဲ့ ပုဂၢလိက ထင္ရွားသူအျဖစ္ မႏွစ္ၿမိဳ႕မႈ ပိုမိုမ်ားျပားခဲ့တယ္။

ေ႐ြးေကာက္ပြဲ အႏိုင္ရရွိၿပီး ဘဂၤလားေဒ့ရွ္အစိုးရျဖစ္လာတဲ့ တာရစ္ရာမန္ (၆၀-ႏွစ္) ရဲ႕ BNP ပါတီကေတာ့ ယူႏြတ္ဟာ ႏိုဘယ္ဆုရွင္ အျပည္ျပည္ဆိုင္ရာ ပြဲထုတ္ေကာင္းသူျဖစ္ၿပီး ႏိုင္ငံတကာ အလႉရွင္ အသိုင္းအဝိုင္း အထူးသျဖင့္ အေမရိကန္ အီးယူတို႔နဲ႔ ဆက္ဆံေရးေကာင္းေစႏိုင္သူျဖစ္တယ္။ BNP အစိုးရအေနနဲ႔ သူတို႔ကိုယ္ သူတို႔ အေရးပါ အရာေရာက္သူမ်ားျဖစ္ေအာင္ ယူႏြတ္ရဲ႕ ပုံရိပ္ကို အသုံးခ်ႏိုင္ပါတယ္။ အမ်ိဳးသားျပယုဂ္အျဖစ္ ယူႏြတ္ကို ပြဲထုတ္မွာျဖစ္ေပမယ့္ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေတြအထိေတာ့ ဝင္စြက္ခြင့္ေပးမယ္ မထင္ပါဘူး။ ယူႏြတ္ကလဲ ပါတီႏိုင္ငံေရးေလာကထဲ ဝင္စြက္မွာ မဟုတ္ေၾကာင္း ျပသလိုသူျဖစ္တဲ့အတြက္ သူတို႔ခ်င္း ပြတ္တိုက္မႈ နည္းပါး ပါလိမ့္မယ္။

BNP ပါတီဟာ ‌ေ႐ြးေကာက္ပြဲ ဒုတိယ မဲအမ်ားဆုံး ရရွိထားတဲ့ ဂ်မတ္အီအစၥလာမ္မီပါတီနဲ႔ ၂၀၀၁-ခုႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းခဲ့ဖူးပါတယ္။ ဂ်မတ္ပါတီေခါင္းေဆာင္ ရွာဖစ္ရာမန္ (၆၇-ႏွစ္) ဟာ M.B.,B.S. ဘြဲ႕ရ ဆရာဝန္တစ္ဦးျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ေဆးတပ္မွာ ဗိုလ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတယ္။

အမ်ိဳးသားေရးဝါဒီ BNP တို႔ဟာ ဘာသာေရးေရာေႏွာတဲ့ ႏိုင္ငံေရးအျမင္ဝါဒီ ဂ်မတ္တို႔နဲ႔ လိုက္ေလ်ာညီေထြ ေနႏိုင္ပါလိမ့္မယ္။ ရွာဖစ္ရာမန္ကို အလယ္အလတ္လမ္းစဥ္သမားလို႔ လူသိမ်ားေပမယ့္ ဂ်မတ္ပါတီထဲမွာေတာ့ မိုဟာမက္ယူႏြတ္ကို ၿမိဳ႕ျပလစ္ဘရယ္ဝါဒီ၊ အေနာက္ႏိုင္ငံတကၠသိုလ္ထြက္အျဖစ္ မ်က္စိဆံပင္ေမႊးစူးသူ မ်ားျပားပါလိမ့္မယ္။ ဂ်မတ္နဲ႔ ယူႏြတ္ဟာ ႏိုင္ငံေရးဆုံးျဖတ္ခ်က္အတြက္ အတိအလင္း မဟုတ္တဲ့ ပြတ္တိုက္မႈ မ်ားရွိႏိုင္ပါတယ္။

ယူႏြတ္အစိုးရသက္တမ္းတေလ်ာက္မွာ ျမန္မာအစိုးရနဲ႔ ထိပ္တိုက္ေတြမႈ အလြန္နည္းခဲ့ပါတယ္။ ရွိတ္ဟာစီနာ အစိုးရလက္ထက္ေလာက္ပင္ သံတမန္ေရး စစ္ေရးတင္းမာမႈ မရွိခဲ့ပါဘူး။ ဒါေပမဲ့ ၂၀၂၆-ခုႏွစ္ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္-ျမန္မာ ဆက္ဆံေရးအခင္းအက်င္းမွာ ႐ိုဟင္ဂ်ာ ေခါင္းစဥ္ဟာ ယခင္ထက္ ပိုမိုအသံက်ယ္ လာၿပီး (ယူႏြတ္ပါဝင္လာတဲ့အတြက္) ႏိုင္ငံတကာဖိအားအသြင္ ဖန္တီးလာဖြယ္ရွိပါတယ္။

အထူးသျဖင့္ ေလာေလာဆယ္ ဘဂၤလားေဒ့ရွ္နဲ႔ ထိစပ္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း နယ္ေျမအမ်ားစုကို ေနျပည္ေတာ္က ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိပဲ အာရကၡတပ္ AA တို႔က ယာယီ စိုးမိုးထားပါတယ္။ အစိုးရအဖြဲ႕အစည္း တစ္ရပ္အျဖစ္ အဂၤါစဥ္ မျပည္စုံတဲ့ AA ဟာ ဒါကာနဲ႔ ေနျပည္ေတာ္သာမက ကုလသမဂၢအတြက္ပါ ေခါင္းကိုက္ စရာျဖစ္ေနပါတယ္။ ဒုကၡသည္ဘဂၤါလီမ်ား ေနရပ္ျပန္ေရးမွာ ရခိုင္အမ်ိဳးသားေရးဝါဒီ AA တို႔ကို ပါဝင္ေဆာင္ ႐ြက္ခြင့္ ျပဳလို႔လည္းမျဖစ္- မျပဳလို႔လည္းမျဖစ္ တကယ့္ ျပႆနာျဖစ္ေနပါတယ္။ တစ္ဖက္မွာလည္း ႐ိုဟင္ဂ်ာ ဆိုသူမ်ားနဲ႔ အေသြးတူ အေမြးတူ စစ္တေကာင္း ဘဂၤါလီမ်ားဟာ ဂ်မတ္အီအစၥလာမ္မီတို႔ရဲ႕ သမိုင္းဝင္ အမာခံ မ်ားျဖစ္ပါတယ္။

နယူးေဒလီနဲ႔ ပထဝီႏိုင္ငံေရးဆက္စပ္မႈကို ထိန္းသိမ္းရင္း တ႐ုတ္နဲ႔ စီးပြားေရး တည္ေဆာက္မယ့္ ဘဂၤလား ေဒ့ရွ္ဟာ ျမန္မာနဲ႔ပတ္သက္လို႔ အေဆာတလ်င္ေဆာင္႐ြက္မယ္ မထင္ပါဘူး၊ ဒါေပမဲ့ ရခိုင္ေျမာက္ဖ်ား အေရးမွာ AA ဟာ ဗုံးႀကီးတစ္လုံးရဲ႕ စနက္တန္သဖြယ္ ျဖစ္ေနၿပီး ဒါကာနဲ႔ ေနျပည္ေတာ္တို႔အၾကား ညႇိႏႈိင္းေဆာင္႐ြက္မႈ မရွိခဲ့လ်င္ အခ်ိန္မေ႐ြး ေပါက္ကြဲသြားႏိုင္ပါတယ္။

Related news

© 2021. All rights reserved.