ပုသိမ်ကြီးမြို့နယ်တွင် ကုမ္ပဏီဝင်းအတွင်းဝင်ကာ ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက် လုယက်သူတစ်ဦးအား ဖမ်းမိ

 650

သန့်မင်းအိမ်(NP News) ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကုမ္ပဏီဝင်းအတွင်းဝင်ကာ ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက် လုယက်သူတစ်ဦးအား ဖမ်းမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်)၊ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရဲစခန်း၏ အရှေ့ဘက် (၂) ဖာလုံခန့်အကွာ၊ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းအပိုင် ဆုထူးပန်ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း၌ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၄၄) လမ်းနှင့် (၁၁၀) (မနော်) လမ်း (အရှေ့ဘက်) ရှိ အဆိုပါကုမ္ပဏီဝင်းအတွင်း၌ ကုမ္ပဏီရုံးပိတ်ရက်ဖြစ်သဖြင့် လုံခြုံရေးဝန်ထမ်းဖြစ်သူ အသက် (၂၄) နှစ်အရွယ် အမျိုးသားနှင့် သူငယ်ချင်းဖြစ်သူ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတို့ အနားယူနေစဉ် လူတစ်ဦးက ပစ္စတိုသေနတ်ပြကာ ခြိမ်းခြောက်ပြီး လုယက်ခဲ့ခြင်း ဖြစ်သည်။
ထို့သို့ လုယက်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးရာ ကျူးလွန်သူ ပုသိမ်ကြီးမြို့နယ် တွင်နေထိုင်သည့် အသက် (၄၀) နှစ်အရွယ် ထွန်းနိုင်ဝင်း (ခ) အေးမောင် (ခ) မြင့်အောင်ကို SIG SAUER P320 အမျိုးအစား ပစ္စတို (၁) လက်၊ ကျည်ဆံ (၂) တောင့် နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကုမၸဏီဝင္းအတြင္းဝင္ကာ ပစၥတိုေသနတ္ျဖင့္ ၿခိမ္းေျခာက္ လုယက္သူတစ္ဦးအား ဖမ္းမိ
သန႔္မင္းအိမ္(NP News) ေဖေဖာ္ဝါရီ ၂၃
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကုမၸဏီဝင္းအတြင္းဝင္ကာ ပစၥတိုေသနတ္ျဖင့္ ၿခိမ္းေျခာက္ လုယက္သူတစ္ဦးအား ဖမ္းမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၂ ရက္)၊ မြန္းလြဲ ၂ နာရီခြဲ အခ်ိန္ခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရဲစခန္း၏ အေရွ႕ဘက္ (၂) ဖာလုံခန႔္အကြာ၊ ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာနယ္ေျမရဲစခန္းအပိုင္ ဆုထူးပန္ေက်ာက္မ်က္ကုမၸဏီဝင္းအတြင္း၌ လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ (၄၄) လမ္းႏွင့္ (၁၁၀) (မေနာ္) လမ္း (အေရွ႕ဘက္) ရွိ အဆိုပါကုမၸဏီဝင္းအတြင္း၌ ကုမၸဏီ႐ုံးပိတ္ရက္ျဖစ္သျဖင့္ လုံၿခဳံေရးဝန္ထမ္းျဖစ္သူ အသက္ (၂၄) ႏွစ္အ႐ြယ္ အမ်ိဳးသားႏွင့္ သူငယ္ခ်င္းျဖစ္သူ အသက္ (၂၃) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတို႔ အနားယူေနစဥ္ လူတစ္ဦးက ပစၥတိုေသနတ္ျပကာ ၿခိမ္းေျခာက္ၿပီး လုယက္ခဲ့ျခင္း ျဖစ္သည္။
ထို႔သို႔ လုယက္ေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးရာ က်ဴးလြန္သူ ပုသိမ္ႀကီးၿမိဳ႕နယ္ တြင္ေနထိုင္သည့္ အသက္ (၄၀) ႏွစ္အ႐ြယ္ ထြန္းႏိုင္ဝင္း (ခ) ေအးေမာင္ (ခ) ျမင့္ေအာင္ ကို SIG SAUER P320 အမ်ိဳးအစား ပစၥတို (၁) လက္၊ က်ည္ဆံ (၂) ေတာင့္ ႏွင့္ အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္သူကို ဥပေဒ အရ အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.