မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့သင်္ဘောတစ်စီးကို အမေရိကန် ထပ်မံတိုက်ခိုက်ဖျက်ဆီး

 177

Pika (NP News) - ဖေဖော်ဝါရီ ၂၃

အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာသွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့သင်္ဘောတစ်စီးကို အမေရိကန် တပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူ(၃)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ် က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က “အမေရိကန်တပ်ဖွဲ့တွေဟာ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် မူးယစ်မှောင်ခိုသမား(၃)ဦး သေဆုံးခဲ့ပါ တယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် မူးယစ်မှောင်ခိုသင်္ဘောကို တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကို အမေရိကန်စစ်တပ်က ထုတ်ပြန်ပြသခဲ့ တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ စတင်ခဲ့တဲ့ Operation Southern Spear လို့ အမည်ပေးထားတဲ့စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၁၅၀)နီးပါး သေဆုံးထား တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကနေစတင်ပြီး အမေရိကန်စစ်တပ်ဟာ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောအစီးရေ (၃ဝ)ကျော်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး အများစုက အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့သေဘၤာတစ္စီးကို အေမရိကန္ ထပ္မံတိုက္ခိုက္ဖ်က္ဆီး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာသြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့သေဘၤာတစ္စီးကို အေမရိကန္ တပ္ဖြဲ႕ေတြက တိုက္ခိုက္ဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ လူ(၃)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္စစ္တပ္ က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က “အေမရိကန္တပ္ဖြဲ႕ေတြဟာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာတစ္စီးကို တိုက္ခိုက္ဖ်က္ဆီးခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေၾကာင့္ မူးယစ္ေမွာင္ခိုသမား(၃)ဦး ေသဆုံးခဲ့ပါ တယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့ျပင္ မူးယစ္ေမွာင္ခိုသေဘၤာကို တိုက္ခိုက္ဖ်က္ဆီးခဲ့တဲ့ဗီဒီယိုဖိုင္တစ္ခုကို အေမရိကန္စစ္တပ္က ထုတ္ျပန္ျပသခဲ့ တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကေန စတင္ခဲ့တဲ့ Operation Southern Spear လို႔ အမည္ေပးထားတဲ့စစ္ဆင္ေရးရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္က မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာေတြကို တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၁၅၀)နီးပါး ေသဆုံးထား တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလကေနစတင္ၿပီး အေမရိကန္စစ္တပ္ဟာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာအစီးေရ (၃ဝ)ေက်ာ္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး အမ်ားစုက အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.