(၁၀၅)ကြိမ်မြောက်ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် သံဃာအပါး (၁၀၀၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မအူပင်မြို့တွင်ပြုလုပ်

 280

ပြည့်ဖြိုးပိုင် (မအူပင်)-မတ် - ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၏ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ (၁၀၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် မြို့ပေါ်ရှိ သံဃာအပါး (၁၀၀၀)ကျော် နှင့် သီလရှင်ဆရာကြီး / ဆရာလေး အပါး (၃၀၀)ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ (၁)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီးရှေ့ဘုရားလမ်း ၌ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မအူပင်မြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အသင်းအဖွဲ့များ ၊ ပုဂ္ဂလိက ဘဏ်များ ၊ အလှူ့ရှင်များ မှ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးတို့အား ဆွမ်းဆန်စိမ်း နှင့်လှူဖွယ်များ လှူဒါန်ခဲ့ကြကြောင်းလည်းသိရသည်။

မအူပင်မြို့၏ကျက်သရေဆောင်ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား လာမည့်တပေါင်းလပြည့်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
(၁၀၅)ႀကိမ္ေျမာက္ေ႐ႊဘုန္းျမင့္ေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယဘုရားပြဲေတာ္တြင္ သံဃာအပါး (၁၀၀၀)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ မအူပင္ၿမိဳ႕တြင္ျပဳလုပ္
ျပည့္ၿဖိဳးပိုင္ (မအူပင္)-မတ္ - ၁

ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕၏က်က္သေရေဆာင္ ေ႐ႊဘုန္းျမင့္ေစတီေတာ္ျမတ္ႀကီး၏ (၁၀၅) ႀကိမ္ေျမာက္ ဗုဒၶပူဇနိယဘုရားပြဲေတာ္တြင္ ၿမိဳ႕ေပၚရွိ သံဃာအပါး (၁၀၀၀)ေက်ာ္ ႏွင့္ သီလရွင္ဆရာႀကီး / ဆရာေလး အပါး (၃၀၀)ေက်ာ္တို႔အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲကို မတ္လ (၁)ရက္ေန႔ ညေန (၄)နာရီအခ်ိန္ခန႔္က ေ႐ႊဘုန္းျမင့္ေစတီေတာ္ျမတ္ႀကီးေရွ႕ဘုရားလမ္း ၌ျပဳလုပ္က်င္းပခဲ့ေၾကာင္းသိရသည္။

ဆြမ္းဆန္စိမ္းေလာင္းလႉပြဲတြင္ မအူပင္ၿမိဳ႕ရွိ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား ၊ အသင္းအဖြဲ႕မ်ား ၊ ပုဂၢလိက ဘဏ္မ်ား ၊ အလႉ႔ရွင္မ်ား မွ ႂကြေရာက္လာေသာ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ သီလရွင္ဆရာႀကီး/ဆရာေလးတို႔အား ဆြမ္းဆန္စိမ္း ႏွင့္လႉဖြယ္မ်ား လႉဒါန္ခဲ့ၾကေၾကာင္းလည္းသိရသည္။

မအူပင္ၿမိဳ႕၏က်က္သေရေဆာင္ေ႐ႊဘုန္းျမင့္ေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယဘုရားပြဲေတာ္အား လာမည့္တေပါင္းလျပည့္ေန႔ တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)

Related news

© 2021. All rights reserved.