အရှေ့အလယ်ပိုင်းမှာ နောက်ထပ်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားသွားမယ်လို့ အမေရိကန်စစ်ဘက်ပြော

270
Pika (NP News) - မတ် ၃
အီရန်ကိုဆန့်ကျင်တဲ့စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသ ကို တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကို ထပ်မံဖြန့်ကျက်ချထားသွားမယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဒန်ကိန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် Operation Epic Fury လို့ အမည်ပေးထားတဲ့ အီရန်အပေါ်စစ်ဆင်ရေးဟာ ပြီးဆုံးဖို့ အလှမ်းဝေးနေသေး တယ်လို့လည်း ဒန်ကိန်းက ပြောကြားခဲ့ပါတယ်။ ဒန်ကိန်းက “ဒီစစ်ဆင်ရေးက တစ်ညတည်းနဲ့ပြီးသွားမယ့် စစ်ဆင်ရေးမျိုး မဟုတ်ပါဘူး။ ရည်မှန်းချက်တွေအားလုံး အောင်မြင်ဖို့ အချိန်နည်းနည်းတော့ယူရမှာပါ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန်တပ်ဖွဲ့ဝင်(၄)ဦး သေဆုံးခဲ့တယ်ဆို တာကို ဒန်ကိန်းကအတည်ပြုခဲ့ပြီး နောက်ထပ်သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။ ဒန်ကိန်းက “နောက်ထပ်ဆုံးရှုံးမှုတွေ ကြုံတွေ့ရလာနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လည်း ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းမွာ ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြကို ျဖန႔္က်က္ခ်ထားသြားမယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၃
အီရန္ကိုဆန႔္က်င္တဲ့စစ္ဆင္ေရးေတြ ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာပဲ အေမရိကန္က အေရွ႕အလယ္ပိုင္း ေဒသ ကို တပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈေတြကို ထပ္မံျဖန႔္က်က္ခ်ထားသြားမယ္လို႔ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးဒန္ကိန္းက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ Operation Epic Fury လို႔ အမည္ေပးထားတဲ့ အီရန္အေပၚစစ္ဆင္ေရးဟာ ၿပီးဆုံးဖို႔ အလွမ္းေဝးေနေသး တယ္လို႔လည္း ဒန္ကိန္းက ေျပာၾကားခဲ့ပါတယ္။ ဒန္ကိန္းက “ဒီစစ္ဆင္ေရးက တစ္ညတည္းနဲ႔ၿပီးသြားမယ့္ စစ္ဆင္ေရးမ်ိဳး မဟုတ္ပါဘူး။ ရည္မွန္းခ်က္ေတြအားလုံး ေအာင္ျမင္ဖို႔ အခ်ိန္နည္းနည္းေတာ့ယူရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စတင္လုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း အေမရိကန္တပ္ဖြဲ႕ဝင္(၄)ဦး ေသဆုံးခဲ့တယ္ဆို တာကို ဒန္ကိန္းကအတည္ျပဳခဲ့ၿပီး ေနာက္ထပ္ေသဆုံးမႈေတြ ရွိလာႏိုင္တယ္လို႔လည္း သတိေပးေျပာဆိုခဲ့ပါတယ္။ ဒန္ကိန္းက “ေနာက္ထပ္ဆုံးရႈံးမႈေတြ ႀကဳံေတြ႕ရလာႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ ခန႔္မွန္းထားပါတယ္။ ဒါေပမယ့္ လည္း ဆုံးရႈံးမႈေတြကို အနည္းဆုံးျဖစ္ေအာင္ ကြၽန္ေတာ္တို႔ႀကိဳးစားသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။