နျူကလီးယားလက်နက်တိုက်ကို ချဲ့ထွင်သွားမယ်လို့ ပြင်သစ်သမ္မတပြော

 160

Pika (NP News) - မတ် ၃

ပြင်သစ်နိုင်ငံဟာ ၎င်းရဲ့နျူကလီးယားဗျူဟာအသစ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယားလက်နက်တိုက်ကို ချဲ့ထွင်သွားမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကြောက်ရွံမှုတွေနဲ့ပဲ ၎င်းရဲ့ နိုင်ငံလုံခြုံရေးကို သေချာအောင်လုပ်ဆောင်သွားမယ်လို့လည်း မက်ခရွန်က ပြောကြားခဲ့ပါတယ်။
မက်ခရွန်ဟာ ပြင်သစ်ရဲ့ပဲ့ထိန်းဒုံးကျည်ရေငုပ်သင်္ဘောတွေထားရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို သွားရောက် လည်ပတ်စဉ်အချိန်အတွင်း ယခုလိုထုတ်ပြန်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားရဲ့ လက်နက်တိုက်ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ တရုတ်ရဲ့စစ်ဘက်ဆိုင်ရာမြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို ကိုးကားပြီး ပြင်သစ်ရဲ့နျူကလီးယား အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ မက်ခရွန်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့က ရုရှားရဲ့အလားအလာရှိတဲ့ခြိမ်းခြောက်မှုတွေကို ကိုးကားပြီး စစ်ရေး အသုံးစရိတ် ကိုတိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာပဲ မက်ခရွန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မက်ခရွန်က “ကျွန်တော်တို့ နျူကလီးယားလက်နက်တိုက်ရဲ့ထိပ်ဖူးအရေအတွက်ကို တိုးမြှင့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးကို ကြောက်ရွံ့မှုတွေနဲ့ပဲ သေချာအောင်လုပ်ဆောင်တာက အကောင်းဆုံးဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
န်ဴကလီးယားလက္နက္တိုက္ကို ခ်ဲ႕ထြင္သြားမယ္လို႔ ျပင္သစ္သမၼတေျပာ
Pika (NP News) - မတ္ ၃
ျပင္သစ္ႏိုင္ငံဟာ ၎ရဲ႕န်ဴကလီးယားဗ်ဴဟာအသစ္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ န်ဴကလီးယားလက္နက္တိုက္ကို ခ်ဲ႕ထြင္သြားမယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေၾကာက္႐ြံမႈေတြနဲ႔ပဲ ၎ရဲ႕ ႏိုင္ငံလုံၿခဳံေရးကို ေသခ်ာေအာင္လုပ္ေဆာင္သြားမယ္လို႔လည္း မက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။
မက္ခ႐ြန္ဟာ ျပင္သစ္ရဲ႕ပဲ့ထိန္းဒုံးက်ည္ေရငုပ္သေဘၤာေတြထားရွိတဲ့ စစ္အေျခစိုက္စခန္းတစ္ခုကို သြားေရာက္ လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုထုတ္ျပန္ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။ ႐ုရွားရဲ႕ လက္နက္တိုက္ဖြံ႕ၿဖိဳး တိုးတက္လာမႈနဲ႔ တ႐ုတ္ရဲ႕စစ္ဘက္ဆိုင္ရာျမႇင့္တင္ဖို႔ ႀကိဳးပမ္းမႈေတြကို ကိုးကားၿပီး ျပင္သစ္ရဲ႕န်ဴကလီးယား အေနအထားကို ျပန္လည္သုံးသပ္ဖို႔လိုအပ္တယ္လို႔ မက္ခ႐ြန္က ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။
ဥေရာပသမဂၢနဲ႔ ေနတိုးအဖြဲ႕တို႔က ႐ုရွားရဲ႕အလားအလာရွိတဲ့ၿခိမ္းေျခာက္မႈေတြကို ကိုးကားၿပီး စစ္ေရး အသုံးစရိတ္ ကိုတိုးျမႇင့္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ မက္ခ႐ြန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
မက္ခ႐ြန္က “ကြၽန္ေတာ္တို႔ န်ဴကလီးယားလက္နက္တိုက္ရဲ႕ထိပ္ဖူးအေရအတြက္ကို တိုးျမႇင့္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္ပါၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕လုံၿခဳံေရးကို ေၾကာက္႐ြံ႕မႈေတြနဲ႔ပဲ ေသခ်ာေအာင္လုပ္ေဆာင္တာက အေကာင္းဆုံးျဖစ္မွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.