ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အမေရိကန်တိုက်လေယာဉ်(၃)စီးကို မှားယွင်း ပစ်ချမိ

 161

Pika (NP News) - မတ် ၃

ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အမေရိကန်ရဲ့ F-15E တိုက်လေယာဉ်(၃)စီးကို မှားယွင်းပစ်ချမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ်(CENTCOM) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကူဝိတ်နိုင်ငံဟာ အမေရိကန်ရဲ့အဓိကလေတပ်အခြေစိုက်စခန်းတစ်ခုကို လက်ခံထားတဲ့နိုင်ငံဖြစ်ပြီး အီရန်ကို တိုက်ပွဲဝင်ဖို့ ပျံတက်သွားတဲ့အမေရိကန်တိုက်လေယာဉ်(၃)စီးကို မှားယွင်းပစ်ချမိခဲ့တာဖြစ်တယ်လို့လည်း သိရပါ တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်ရဲ့အီရန်အပေါ်တိုက်ခိုက်မှုတွေကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီသေဆုံးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့တာလည်း ဖြစ်ပါတယ်။ CENTCOM က “အီရန်အပေါ် စစ်ဆင်ရေးတွေလုပ်ဆောင်နေတဲ့ အမေရိကန်လေတပ်ရဲ့ တိုက်လေယာဉ်(၃)စီးကို ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက မှားယွင်းပစ်ချမှုဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်အမှုထမ်း(၆)ယောက်စလုံးကတော့ ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
မှားယွင်းပစ်ချမှုအပြီးမှာ ဒေသဆိုင်ရာအာဏာပိုင်တွေက ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း လုပ်ဆောင်ခဲ့ပြီး လေယာဉ်မှူးတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ကူဝိတ်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အမေရိကန်တိုက်လေယာဉ်တစ်စီး ပစ်ချခံရပြီး ပျက်ကျသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version;
ကူဝိတ္ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ေတြက အေမရိကန္တိုက္ေလယာဥ္(၃)စီးကို မွားယြင္း ပစ္ခ်မိ
Pika (NP News) - မတ္ ၃
ကူဝိတ္ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ေတြက အေမရိကန္ရဲ႕ F-15E တိုက္ေလယာဥ္(၃)စီးကို မွားယြင္းပစ္ခ်မႈ ျဖစ္ပြားခဲ့တယ္လို႔ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္(CENTCOM) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ကူဝိတ္ႏိုင္ငံဟာ အေမရိကန္ရဲ႕အဓိကေလတပ္အေျခစိုက္စခန္းတစ္ခုကို လက္ခံထားတဲ့ႏိုင္ငံျဖစ္ၿပီး အီရန္ကို တိုက္ပြဲဝင္ဖို႔ ပ်ံတက္သြားတဲ့အေမရိကန္တိုက္ေလယာဥ္(၃)စီးကို မွားယြင္းပစ္ခ်မိခဲ့တာျဖစ္တယ္လို႔လည္း သိရပါ တယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စတင္ခဲ့တဲ့ အေမရိကန္ရဲ႕အီရန္အေပၚတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီေသဆုံးခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ စစ္ပြဲေတြ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့တာလည္း ျဖစ္ပါတယ္။ CENTCOM က “အီရန္အေပၚ စစ္ဆင္ေရးေတြလုပ္ေဆာင္ေနတဲ့ အေမရိကန္ေလတပ္ရဲ႕ တိုက္ေလယာဥ္(၃)စီးကို ကူဝိတ္ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ေတြက မွားယြင္းပစ္ခ်မႈျဖစ္ပြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေလယာဥ္အမႈထမ္း(၆)ေယာက္စလုံးကေတာ့ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မွားယြင္းပစ္ခ်မႈအၿပီးမွာ ေဒသဆိုင္ရာအာဏာပိုင္ေတြက ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္း လုပ္ေဆာင္ခဲ့ၿပီး ေလယာဥ္မႉးေတြကို ေဆး႐ုံေတြကို ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း ကူဝိတ္ကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ အေမရိကန္တိုက္ေလယာဥ္တစ္စီး ပစ္ခ်ခံရၿပီး ပ်က္က်သြားတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.