အီရန်လေယာဉ်နှစ်စီးကို ကာတာအစိုးရ ပစ်ချ

670

Pika (NP News) - မတ် ၃
အီရန်ဘက်ကနေလာတဲ့ လေယာဉ်နှစ်စီးကို ကာတာလေတပ်က အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ကာတာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစောပိုင်းမှာ အီရန်က ကာတာနိုင်ငံမှာရှိတဲ့ ဓါတ်ငွေ့ စက်ရုံတွေကို ပစ်မှတ်ထားခဲ့ပြီးနောက် ကာတာလေတပ်က ယခုလိုပစ်ချမှုတွေကို လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကာတာကာကွယ်ရေးဝန်ကြီးဌာနက “ကာတာလေတပ်ဟာ အီရန်ဘက်ကနေလာတဲ့ SU24 လေယာဉ်နှစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်။ ပြီးတော့ ကာတာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပဲ့ထိန်းဒုံးကျည် (၇)စင်းကို အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့သလို ကာတာလေတပ်နဲ့ရေတပ်တို့က ဒရုန်း(၅)စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်ရဲ့ Sukhoi SU24 တိုက်လေယာဉ်တွေရဲ့ လေယာဉ်မှူးတွေ သေဆုံးသွားတာမျိုး ရှိ/မရှိဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ကာတာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့ လည်း သိရပါတယ်။ ကာတာအစိုးရပိုင်စွမ်းအင်ကုမ္ပဏီရဲ့ အဓိကဓါတ်ငွေ့ပြုပြင်စက်ရုံနှစ်ခု တိုက်ခိုက်ခံရပြီးနောက် ကာတာဘက်က လူလိုက်ပါလာတဲ့ အီရန်လေယာဉ်ကို ပထမဆုံးအကြိမ် ပစ်ချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္ေလယာဥ္ႏွစ္စီးကို ကာတာအစိုးရ ပစ္ခ်
Pika (NP News) - မတ္ ၃
အီရန္ဘက္ကေနလာတဲ့ ေလယာဥ္ႏွစ္စီးကို ကာတာေလတပ္က ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ကာတာ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေစာပိုင္းမွာ အီရန္က ကာတာႏိုင္ငံမွာရွိတဲ့ ဓါတ္ေငြ႕ စက္႐ုံေတြကို ပစ္မွတ္ထားခဲ့ၿပီးေနာက္ ကာတာေလတပ္က ယခုလိုပစ္ခ်မႈေတြကို လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။
ကာတာကာကြယ္ေရးဝန္ႀကီးဌာနက “ကာတာေလတပ္ဟာ အီရန္ဘက္ကေနလာတဲ့ SU24 ေလယာဥ္ႏွစ္စင္းကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ ကာတာေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ပဲ့ထိန္းဒုံးက်ည္ (၇)စင္းကို ေအာင္ျမင္စြာၾကားျဖတ္ဟန႔္တားႏိုင္ခဲ့သလို ကာတာေလတပ္နဲ႔ေရတပ္တို႔က ဒ႐ုန္း(၅)စင္းကို ၾကားျဖတ္ ဟန႔္တားႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္ရဲ႕ Sukhoi SU24 တိုက္ေလယာဥ္ေတြရဲ႕ ေလယာဥ္မႉးေတြ ေသဆုံးသြားတာမ်ိဳး ရွိ/မရွိဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို ကာတာကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ လည္း သိရပါတယ္။ ကာတာအစိုးရပိုင္စြမ္းအင္ကုမၸဏီရဲ႕ အဓိကဓါတ္ေငြ႕ျပဳျပင္စက္႐ုံႏွစ္ခု တိုက္ခိုက္ခံရၿပီးေနာက္ ကာတာဘက္က လူလိုက္ပါလာတဲ့ အီရန္ေလယာဥ္ကို ပထမဆုံးအႀကိမ္ ပစ္ခ်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။