သီရိလင်္ကာကမ်းလွန်မှာ အီရန်စစ်သင်္ဘောတစ်စီးကို အမေရိကန်ရေငုပ်သင်္ဘောက တိုက်ခိုက်နစ်မြှုပ်ပစ်

 836

Pika (NP News) - မတ်လ ၅

သီရိလင်္ကာကမ်းလွန်မှာ ရေငုပ်သင်္ဘောနဲ့တိုက်ခိုက်မှုကြောင့် အီရန်ရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့တယ်လို့ သီရိလင်္ကာရေတပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အီရန်တောင်ပိုင်းရေတပ်ရဲ့ Moudge အမျိုးအစား ဖရီးဂိတ်သင်္ဘော IRIS Denaဟာ သီရိလင်္ကာနိုင်ငံ အနောက်တောင်ပိုင်း Galle မြို့ရဲ့ကမ်းလွန် ရေမိုင်(၄၀)ခန့်အကွာ အိန္ဒိယသမုဒ္ဒရာထဲကနေ အကူအညီတောင်းခံမှု အချက်ပြုမှုတစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး Vijitha Herath က”အီရန်ဖရီးဂိတ်သင်္ဘောရဲ့ အကူအညီတောင်းခံမှု အချက်ပြုမှုကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။

အီရန်သင်္ဘောကို ကူညီဖို့အတွက် ကျွန်တော်တို့ရဲ့ရေတပ်သင်္ဘောနှစ်စီးကို ချက်ချင်းစေလွှတ်ခဲ့ပါတယ်။ပြီးတော့ အကူအညီလိုအပ်နေသူတွေကို ကယ်တင်ဖို့အတွက် ရေတပ်နဲ့လေတပ်တို့ကြား ပူးပေါင်းစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး လူပေါင်း(၃၀)ဦးလောက်ကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အီရန်ဖရီးဂိတ်သင်္ဘောပေါ်မှာ လူပေါင်း(၁၈၀)လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်လို့လည်း Vijitha Herath က ပြောကြားခဲ့ပါတယ်။၎င်းက”ကျွန်တော်တို့ဟာ ဒုက္ခရောက်နေတဲ့ ဘယ်သင်္ဘောမဆို ကူညီဖို့နဲ့ နိုင်ငံသားခွဲခြားတာမျိုးမလုပ်ပဲ ကယ်တင်ဖို့ကတိပြုထားတဲ့ ရေကြောင်းရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗန်းရှင်း(၁၉၇၉)အရ လုပ်သင့်တာကို လုပ်ဆောင်ခဲ့ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

zawgyi version

သီရိလကၤာကမ္းလြန္မွာ အီရန္စစ္သေဘၤာတစ္စီးကို အေမရိကန္ေရငုပ္သေဘၤာက တိုက္ခိုက္နစ္ျမႇဳပ္ပစ္
Pika (NP News) - မတ္လ ၅

သီရိလကၤာကမ္းလြန္မွာ ေရငုပ္သေဘၤာနဲ႔တိုက္ခိုက္မႈေၾကာင့္ အီရန္ေရတပ္ဖရီးဂိတ္သေဘၤာတစ္စီး နစ္ျမဳပ္သြားခဲ့တယ္လို႔ သီရိလကၤာေရတပ္နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ရဲ႕ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

အီရန္ေတာင္ပိုင္းေရတပ္ရဲ႕ Moudge အမ်ိဳးအစား ဖရီးဂိတ္သေဘၤာ IRIS Denaဟာ သီရိလကၤာႏိုင္ငံ အေနာက္ေတာင္ပိုင္း Galle ၿမိဳ႕ရဲ႕ကမ္းလြန္ ေရမိုင္(၄၀)ခန႔္အကြာ အိႏၵိယသမုဒၵရာထဲကေန အကူအညီေတာင္းခံမႈ အခ်က္ျပဳမႈတစ္ခုကို ထုတ္ျပန္ခဲ့တယ္လို႔ သတင္းေတြမွာ ေရးသားေဖာ္ျပထားပါတယ္။သီရိလကၤာ ႏိုင္ငံျခားေရးဝန္ႀကီး Vijitha Herath က”အီရန္ဖရီးဂိတ္သေဘၤာရဲ႕ အကူအညီေတာင္းခံမႈ အခ်က္ျပဳမႈကို ကြၽန္ေတာ္တို႔လက္ခံရရွိခဲ့ပါတယ္။

အီရန္သေဘၤာကို ကူညီဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ေရတပ္သေဘၤာႏွစ္စီးကို ခ်က္ခ်င္းေစလႊတ္ခဲ့ပါတယ္။ ၿပီးေတာ့ အကူအညီလိုအပ္ေနသူေတြကို ကယ္တင္ဖို႔အတြက္ ေရတပ္နဲ႔ေလတပ္တို႔ၾကား ပူးေပါင္းစစ္ဆင္ေရးတစ္ခုျပဳလုပ္ခဲ့ၿပီး လူေပါင္း(၃၀)ဦးေလာက္ကို ေအာင္ျမင္စြာကယ္တင္ႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အီရန္ဖရီးဂိတ္သေဘၤာေပၚမွာ လူေပါင္း(၁၈၀)ေလာက္ရွိမယ္လို႔ ခန႔္မွန္းထားတယ္လို႔လည္း Vijitha Herath က ေျပာၾကားခဲ့ပါတယ္။ ၎က”ကြၽန္ေတာ္တို႔ဟာ ဒုကၡေရာက္ေနတဲ့ ဘယ္သေဘၤာမဆို ကူညီဖို႔နဲ႔ ႏိုင္ငံသားခြဲျခားတာမ်ိဳးမလုပ္ပဲ ကယ္တင္ဖို႔ကတိျပဳထားတဲ့ ေရေၾကာင္းရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးဆိုင္ရာ ႏိုင္ငံတကာကြန္ဗန္းရွင္း(၁၉၇၉)အရ လုပ္သင့္တာကို လုပ္ေဆာင္ခဲ့ပါတယ္။”လို႔ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.