ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များ စက်သုံးဆီ ဝယ်ယူရန် အခက်ကြုံ

 769

ကိုဖြိုး (NP News) - မတ် ၁၄

ရန်ကုန်တိုင်းအတွင်းရှိ ဘေးတွဲဆိုင်ကယ်များ စက်သုံးဆီဝယ်ယူရန်အခက်အခဲကြုံတွေ့လာကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘေးတွဲမောင်းနှင်သူများထံမှ သိရသည်။
မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြုပြီး Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် QR Code ထုတ်ပေးပြီး စိစစ်ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ပြီးနောက် စက်သုံးဆီအရောင်းဆိုင်များက ဘေးတွဲဆိုင်ကယ်များကို ရောင်းချခြင်းမရှိတော့ကြောင်း သိရသည်။
“ရန်ကုန်မှာလိုင်စင်ရှိတဲ့ဆိုင်ကယ်ဆိုတာ ခပ်ရှားရှားပဲ။ မန္တလေး၊ ပဲခူး၊ ပုသိမ် အဲဒီလိုလိုင်စင်ဘီးတွေပဲရှိတာ။ အခုအရင်က ဘေးတွဲဆိုင်ကယ်တွေ ဆီထည့်ပေးတဲ့ဆိုင်တွေက မထည့်ပေးတော့ဘူး။ ထည့်ပေးတဲ့ဆိုင်တချို့ ကလည်း ဒီတစ်ပတ်ပဲ ထည့်ပေးမယ်။ နောက်တစ်ပတ်ကစပြီး လိုင်စင်ပြနိုင်မှထည့်ပေးမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ဘေးတွဲဆိုင်ကယ်များကို စက်သုံးဆီအရောင်းဆိုင်အချို့က ရောင်းချပေးသော်လည်း ယမန်နေ့ (မတ် ၁၄ ရက်) နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီရောင်းချပေးသည့် ဆိုင်နည်းပါးသွားကြောင်း၊ ရောင်းချပေးသည့်ဆိုင်များ တွင် ဘေးတွဲဆိုင်ကယ်များ တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း သိရသည်။
"အရင်ကအပြင်မှာ တစ်လီတာကို ၂၆၀၀ ကျပ်နဲ့ဝယ်ရတယ်။ ကားတွေအများကြီးဆီဆိုင်တွေမှာ တန်းစီထုတ်တဲ့ နေ့ကဆိုရင် ဆီစျေးကတစ်လီတာကို ပြင်ပဈေး ၅၀၀၀ အထိ တက်သွားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေးတွဲမောင်းနှင်သူတစ်ဦးက ပြောသည်။
ယခုမတ်လ ၆ ရက်မှ ယနေ့(မတ် ၁၄ ရက်) အထိ 92 အမျိုးအစားစက်သုံးဆီ တစ်လီတာလျှင် ၂၅၂၅ ကျပ်ရှိခဲ့ရာမှ ယနေ့(မတ် ၁၃ ရက်) တွင် ၂၈၃၀ ကျပ် အထိမြင့်တက်လာသည်။

Zawgyi Version;
ရန္ကုန္ရွိ ေဘးတြဲဆိုင္ကယ္မ်ား စက္သုံးဆီ ဝယ္ယူရန္ အခက္ႀကဳံ
ကိုၿဖိဳး (NP News) - မတ္ ၁၄
ရန္ကုန္တိုင္းအတြင္းရွိ ေဘးတြဲဆိုင္ကယ္မ်ား စက္သုံးဆီဝယ္ယူရန္အခက္အခဲႀကဳံေတြ႕လာေၾကာင္း ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ရွိ ေဘးတြဲေမာင္းႏွင္သူမ်ားထံမွ သိရသည္။
ေမာ္ေတာ္ဆိုင္ကယ္မ်ားအတြက္ Wheel Tax ပါအခ်က္အလက္မ်ားကိုအသုံးျပဳၿပီး Application ျဖင့္ အလို အေလ်ာက္စစ္ေဆးသည့္နည္းလမ္းျဖင့္ QR Code ထုတ္ေပးၿပီး စိစစ္ေရာင္းခ်ေပးသြားမည္ဟု စြမ္းအင္ဝန္ႀကီးဌာန က ထုတ္ျပန္ၿပီးေနာက္ စက္သုံးဆီအေရာင္းဆိုင္မ်ားက ေဘးတြဲဆိုင္ကယ္မ်ားကို ေရာင္းခ်ျခင္းမရွိေတာ့ေၾကာင္း သိရသည္။
“ရန္ကုန္မွာလိုင္စင္ရွိတဲ့ဆိုင္ကယ္ဆိုတာ ခပ္ရွားရွားပဲ။ မႏၲေလး၊ ပဲခူး၊ ပုသိမ္ အဲဒီလိုလိုင္စင္ဘီးေတြပဲရွိတာ။ အခုအရင္က ေဘးတြဲဆိုင္ကယ္ေတြ ဆီထည့္ေပးတဲ့ဆိုင္ေတြက မထည့္ေပးေတာ့ဘူး။ ထည့္ေပးတဲ့ဆိုင္တခ်ိဳ႕ ကလည္း ဒီတစ္ပတ္ပဲ ထည့္ေပးမယ္။ ေနာက္တစ္ပတ္ကစၿပီး လိုင္စင္ျပႏိုင္မွထည့္ေပးမယ္ေျပာတယ္” ဟု ၎က ေျပာသည္။
ယခင္က ေဘးတြဲဆိုင္ကယ္မ်ားကို စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕က ေရာင္းခ်ေပးေသာ္လည္း ယမန္ေန႔ (မတ္ ၁၄ ရက္) နံနက္ပိုင္းမွစတင္ကာ စက္သုံးဆီေရာင္းခ်ေပးသည့္ ဆိုင္နည္းပါးသြားေၾကာင္း၊ ေရာင္းခ်ေပးသည့္ဆိုင္မ်ား တြင္ ေဘးတြဲဆိုင္ကယ္မ်ား တန္းစီေစာင့္ဆိုင္းဝယ္ယူေနရေၾကာင္း သိရသည္။
"အရင္ကအျပင္မွာ တစ္လီတာကို ၂၆၀၀ က်ပ္နဲ႔ဝယ္ရတယ္။ ကားေတြအမ်ားႀကီးဆီဆိုင္ေတြမွာ တန္းစီထုတ္တဲ့ ေန႔ကဆိုရင္ ဆီေစ်းကတစ္လီတာကို ျပင္ပေဈး ၅၀၀၀ အထိ တက္သြားတယ္” ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဘးတြဲေမာင္းႏွင္သူတစ္ဦးက ေျပာသည္။
ယခုမတ္လ ၆ ရက္မွ ယေန႔(မတ္ ၁၄ ရက္) အထိ 92 အမ်ိဳးအစားစက္သုံးဆီ တစ္လီတာလွ်င္ ၂၅၂၅ က်ပ္ရွိခဲ့ရာမွ ယေန႔(မတ္ ၁၃ ရက္) တြင္ ၂၈၃၀ က်ပ္ အထိျမင့္တက္လာသည္။

Related news

© 2021. All rights reserved.