ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့်ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းမှုများ ပျောက်ကွယ်သွားနိုင်သည့်အန္တရာယ် များနှင့်ရင်ဆိုင်နေရ

126

Pearl (NP News) - မတ် ၁၄
ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့်ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းမှုများ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ် များနှင့် ရင်ဆိုင်နေရကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောသည်။
ယမန်နေ့ (မတ်လ ၁၃ ရက်) က ကျင်းပခဲ့သော အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အထက်ပါကဲ့သို့ထည့်သွင်းပြောခဲ့ သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ရိုးရာအထည် ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုသည် ယနေ့ ခေတ်အခြေအနေများတွင် အထူးအရေးပါသော အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အလျင်အမြန်တိုးတက်လာသော နည်းပညာခေတ်နှင့် စက်မှုထုတ်လုပ်မှုများတိုး တက်လာသည့်အချိန်တွင် ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့်ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းကျွမ်းကျင်မှုများ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်လျက်ရှိနေကြောင်းလည်း ဒုတိယဝန်ကြီး က ပြောသည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမှာ အာဆီယံနိုင်ငံများ၏ အရေးပါသည့် မျက်နှာ စုံညီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းနှင့် မိမိနိုင်ငံ၏ ကိုယ်စားပြု စာတမ်းများကို မျှဝေတင်ပြ နိုင်ပြီး အကောင်းဆုံးအတွေ့အကြုံများကို ဖလှယ်ဆွေးနွေးနိုင်သည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကြုံတွေ့ရသောအခက်အခဲများကိုလည်း အတူတကွဆွေးနွေး အဖြေရှာနိုင်ကြ မည်ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ရက်ကန်းလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများအတွက် ဂုဏ်ယူစရာသာမက အသက်မွေးဝမ်းကျောင်း အခွင့် အလမ်းများဖြစ်လာစေရန်လည်း အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
႐ိုးရာဒီဇိုင္းေရးဆြဲျခင္းႏွင့္ လက္ျဖင့္ရက္လုပ္ျခင္းကဲ့သို႔ေသာ လုပ္ငန္းမႈမ်ား ေပ်ာက္ကြယ္သြားႏိုင္သည့္အႏၲရာယ္ မ်ားႏွင့္ရင္ဆိုင္ေနရ
Pearl (NP News) - မတ္ ၁၄
႐ိုးရာဒီဇိုင္းေရးဆြဲျခင္းႏွင့္ လက္ျဖင့္ရက္လုပ္ျခင္းကဲ့သို႔ေသာ လုပ္ငန္းမႈမ်ား ေပ်ာက္ကြယ္သြားႏိုင္သည့္ အႏၲရာယ္ မ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက ေျပာသည္။
ယမန္ေန႔ (မတ္လ ၁၃ ရက္) က က်င္းပခဲ့ေသာ အာဆီယံႏိုင္ငံမ်ားဆိုင္ရာ ႐ိုးရာအထည္ဒီဇိုင္းမ်ား ထိန္းသိမ္းေရးႏွင့္ ျမႇင့္တင္ေရးစီမံခန႔္ခြဲမႈေဆြးေႏြးပြဲအခမ္းအနားတြင္ ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက အထက္ပါကဲ့သို႔ထည့္သြင္းေျပာခဲ့ သည္။
အခမ္းအနားတြင္ ဒုတိယဝန္ႀကီးက ႐ိုးရာအထည္ ဒီဇိုင္းမ်ားထိန္းသိမ္းေရးႏွင့္ ျမႇင့္တင္ေရးစီမံခန႔္ခြဲမႈသည္ ယေန႔ ေခတ္အေျခအေနမ်ားတြင္ အထူးအေရးပါေသာ အေၾကာင္းအရာတစ္ရပ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ အလ်င္အျမန္တိုးတက္လာေသာ နည္းပညာေခတ္ႏွင့္ စက္မႈထုတ္လုပ္မႈမ်ားတိုး တက္လာသည့္အခ်ိန္တြင္ ႐ိုးရာဒီဇိုင္းေရးဆြဲျခင္းႏွင့္ လက္ျဖင့္ရက္လုပ္ျခင္းကဲ့သို႔ေသာ လုပ္ငန္းကြၽမ္းက်င္မႈမ်ား ေပ်ာက္ကြယ္သြားႏိုင္သည့္ အႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္လ်က္ရွိေနေၾကာင္းလည္း ဒုတိယဝန္ႀကီး က ေျပာသည္။
ေဆြးေႏြးပြဲ၏ ရည္႐ြယ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ျခင္းမွာ အာဆီယံႏိုင္ငံမ်ား၏ အေရးပါသည့္ မ်က္ႏွာ စုံညီ ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ေၾကာင္းႏွင့္ မိမိႏိုင္ငံ၏ ကိုယ္စားျပဳ စာတမ္းမ်ားကို မွ်ေဝတင္ျပ ႏိုင္ၿပီး အေကာင္းဆုံးအေတြ႕အႀကဳံမ်ားကို ဖလွယ္ေဆြးေႏြးႏိုင္သည့္အျပင္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားတြင္ ႀကဳံေတြ႕ရေသာအခက္အခဲမ်ားကိုလည္း အတူတကြေဆြးေႏြး အေျဖရွာႏိုင္ၾက မည္ျဖစ္ေၾကာင္းလည္း ဒုတိယ ဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ရက္ကန္းလုပ္ငန္းမ်ားသည္ လူမႈအသိုင္းအဝိုင္းမ်ားအတြက္ ဂုဏ္ယူစရာသာမက အသက္ေမြးဝမ္းေက်ာင္း အခြင့္ အလမ္းမ်ားျဖစ္လာေစရန္လည္း အေထာက္အကူျဖစ္ေစေၾကာင္း ေျပာၾကားခဲ့သည္။