၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်သုံးသပ်ဆွေးနွေး

 284

သုတကျော် (NP News) - မတ် ၁၄

၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယမန်နေ့ (မတ်လ ၁၃ ရက်) က နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက်မှ တိုင်းမှူးများ၊ (ကြည်း၊ ရေ၊ လေ) တပ်ဌာနချုပ်များအလိုက် ဌာနချုပ်မှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ ခေတ်မီတပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်များကို သုံးသပ်ဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို မှာကြားနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရမည့် အခြေအနေဖြစ်ကြောင်း ပြောသည်။
မိမိအနေဖြင့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင် ယခင်ကတပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ မိမိဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကိုပေါင်းစပ်၍ အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တိုးတက်ရာတိုးတက်ကြောင်းနှင့် ခေတ်မီတပ်မတော်ဖြစ်စေရေး အမြဲတမ်းအာရုံစိုက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတကာမှတပ်မတော်များနှင့် ဆက်ဆံမှုကောင်းမွန်ရေးတို့ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြောင်း ပြောကြားသည်။
တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန်ကာကွယ်ရေးပင်ဖြစ်ပြီး နိုင်ငံတော်တွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်ကြောင်း၊ ယခင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်အကြီးအကဲများသည်လည်း နိုင်ငံတော်နှင့် တပ်မတော်ကောင်းရာကောင်းကျိုးကို အစဉ်အဆက် အဆင့်ဆင့်လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိသည် မြန်မာ့တပ်မတော်၏ ၈ ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ရှေ့ပိုင်းတွင်တာဝန်ယူသွားခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ပင် တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ခေတ်အဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေး၊ ပြည်ပကျူးကျော်မှုများကို တွန်းလှန်ကာကွယ်ရေးစသည်တို့ကို တပ်မတော်တွင်ရနိုင်သမျှသောအင်အားများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သောင်းကျန်းမှု၊ တရုတ်ကူမင်တန်ကျူးကျော်မှုစသည့် စစ်ဆင်ရေးကြီးများကိုလည်း စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အရာရှိငယ်ဘဝ၊ အရာရှိကြီးဘဝတို့ဖြင့် တိုက်ခိုက်ရေးတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို အချိန်ကာလများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်မြင်အောင်ထမ်းဆောင်ခဲ့ကြောင်း ပြောကြားသည်။
တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ်တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်းတပ်ဖွဲ့များကိုသာမက တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် လက်ရုံး ဝန်ထမ်းတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် လူ၊ လက်နက်ဖွဲ့စည်းမှုအဆင့်မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်များ၊ ရဟတ်ယာဉ်များရရှိရေးကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် လိုအပ်သည့် လက်နက်စနစ်များအပြင် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း နိုင်ငံအတွင်းရှိ အမျိုးသမီးအင်အားထုကို အကျိုးရှိရှိအသုံးချနိုင်ရေး အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်က စ၍ခေါ်ယူအမှုထမ်းခွင့်ပြုခဲ့ကြောင်း၊ ယခင်ကတပ်မတော်တွင် အမျိုးသမီးများကို ဆေးဝန်ထမ်းတပ်ဖွဲ့၌ ဆရာဝန်၊ သူနာပြုများအဖြစ်သာ ခန့်အပ်ခဲ့ရာမှ ဘွဲ့ရအမျိုးသမီးသင်တန်း၊ ကွန်ပျူတာ ဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်း၊ အမျိုးသမီးသူနာပြုသင်တန်းနှင့် တပ်သားသစ်သင်တန်းများကို ခေါ်ယူခဲ့ပြီး အမျိုးသမီးများ၏ လူစွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသမီး(အရာရှိ/ အခြားအဆင့်) ၅၀၀၀ ကျော်အနေဖြင့် အမျိုးသားများနှင့်တန်းတူ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ထူးခြားမှုအနေဖြင့် အမျိုးသမီးလေသူရဲ၊ လေယာဉ်မှူးများကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာလည်း မှတ်ကျောက်တင် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်တွင် ရိုသေခန့်ညားလောက်သည့် ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေးစွမ်းပကားကို ရရှိနိုင်ရေးအတွက် ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြင်ဆင်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းကာ အာဏာတည်စေခဲ့ပြီး အကောင်အထည်ဖော်ကျင့်သုံးခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အသက်သွေးချွေးများပေးဆပ်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းဆောင်လျက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်မှုများကိုလည်း မိမိတို့အနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် ထောက်ပံ့မှုများနှင့် ရပိုင်ခွင့်များရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောသည်။
မိမိအနေဖြင့် တပ်မတော်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်ဖြစ်ရေးအတွက် တည်ဆောက်ခဲ့ရာတွင် စစ်လက်နက်ပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်ပိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ Standard Army ဖွဲ့စည်းတည်ဆောက်သည့်နေရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့်လေယာဉ်များ၊ ရဟတ်ယာဉ်များအားအဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များ ရရှိရေးကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းတည်ထောင်ပေးနိုင်ခဲ့ပြီး စစ်ရေးပြအခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများတွင် ခမ်းနားစွာဖြင့် ပါဝင်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားသည်။
မိမိအနေဖြင့် တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တပ်မတော်ပညာရေးကျောင်းများဖွင့်လှစ်ကာ ပညာရေးအားနည်းသည့် တပ်မတော်သားများကို အတန်းပညာမြင့်မားလာစေရေး တက်ရောက်သင်ကြားစေခဲ့ကြောင်း၊ တပ်မတော်ပညာရေးကျောင်းများမှတဆင့် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များအားလုံး နည်းဆုံးအခြေခံပညာမူလတန်းအဆင့်ကို အောင်မြင်ပြီးဆုံးသည်အထိ သင်ကြားတတ်မြောက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးများကို ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော်သားများ၊ အငြိမ်းစားတပ်မတော်သားများ၏ ပညာရည်မြင့်မားရေးကိုလည်း အလေးပေးမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ပညာသင်နှစ်အလိုက် လစဉ်ချီးမြှင့်ငွေများပေးအပ်ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ ပညာသင်ဆုများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ ဂုဏ်ထူး(၃) ဘာသာနှင့်အထက်ရရှိအောင်မြင်ကြသည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သား၊ သမီးများ၊ ဂုဏ်ထူး(၁)ဘာသာနှင့်အထက် စစ်သည်များ၊ လူရည်ချွန်ရရှိသူများ၊ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း (ပထမ ၊ ဒုတိယ နှင့် တတိယ) ရရှိသူများနှင့် အောင်ချက်အကောင်းဆုံး တပ်မတော်ပညာရေးကျောင်းများက ကျောင်းအုပ်ကြီးများကို နှစ်စဉ်ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း၊ ထိုသို့ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ဆုချီးမြှင့်ခဲ့မှုအရေအတွက်အနေဖြင့် ၂၀၁၁ -၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ( ၆) ဘာသာ ၄၈၇ ဦး၊ (၅)ဘာသာ ၉၆၂ ဦး၊ (၄)ဘာသာ ၁၅ဝ၈ ဦး၊ (၃) ဘာသာ ၁၉၈၀ ဦး၊ (၂)ဘာသာ ၂၇၅၉ ဦးနှင့် (၁)ဘာသာ ၉၄၀၄ ဦး၊ ဂုဏ်ထူးရ စုစုပေါင်း ၁၇၁၀၀ ဦးရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှစပြီး ၂၀၂၅ ခုနှစ် အထိ ဘက်စုံထူးချွန်ဆု ရရှိသူများ၊ ဂုဏ်ထူး ၅ ဘာသာ၊ ၆ ဘာသာရရှိသူတွေ၊ အမှတ်အများဆုံး ရရှိကြ သူများနှင့် အမှတ်အများဆုံးရရှိသည့် စစ်သည်များကို တပ်မတော်အထက်တန်းကျောင်း၊ ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီး ၂ ဦးတို့နှင့်အတူ နှစ်စဉ် ပြည်ပလေ့လာရေးခရီး စေလွှတ်ပေးခဲ့ပြီး ယခုအချိန်အထိ ကျောင်းသားကျောင်းသူ ၂၇၁ ဦး ကိုစေလွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသည့် တပ်မတော်သားများ၊ သေဆုံး၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုများနှင့် သက်ပြည့်အငြိမ်းစားတပ်မတော်သားများ ဘဝကောင်းမွန်စွာရပ်တည်နေထိုင်နိုင်ရေးအတွက်လည်း နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနေရာ(၂၁)နေရာရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောက်လုပ်ပြီးအခန်း ၆၈၀၀ ကျော်၊ ဆောက်လုပ်ဆဲအခန်း ၄၀၀၀ ကျော်နှင့် နေရာချထားပေးရန် ဆောင်ရွက်ဆဲအခန်း ၈၇ဝ ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။

Zawgyi Version;
၂၀၁၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ေခတ္မီတပ္မေတာ္ျဖစ္ေစေရး ေဆာင္႐ြက္ခဲ့မႈႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပန္လည္သုံးသပ္ေဆြးေႏြး
သုတေက်ာ္ (NP News) - မတ္ ၁၄
၂၀၁၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ေခတ္မီတပ္မေတာ္ျဖစ္ေစေရး ေဆာင္႐ြက္ခဲ့မႈႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၂၀၁၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ေခတ္မီတပ္မေတာ္ျဖစ္ေစေရး ေဆာင္႐ြက္ခဲ့မႈႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္ေဆြးေႏြးမွာၾကားျခင္းအား ယမန္ေန႔ (မတ္လ ၁၃ ရက္) က ေနျပည္ေတာ္၊ ေဇယ်ာသီရိဗိမာန္၊ သဘင္ေဆာင္ခန္းမ၌ က်င္းပျပဳလုပ္သည္။
အဆိုပါ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာ္မရွင္အတြင္းေရးမႉး ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး ထိန္ဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကၿပီး တိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္မွ တိုင္းမႉးမ်ား၊ (ၾကည္း၊ ေရ၊ ေလ) တပ္ဌာနခ်ဳပ္မ်ားအလိုက္ ဌာနခ်ဳပ္မႉးမ်ားႏွင့္ စစ္ဆင္ေရးကြပ္ကဲေရးမႉးမ်ားက Video Conferencing ျဖင့္တက္ေရာက္ၾကသည္။
ထိုသို႔ အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိအေနျဖင့္ တပ္မေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္စတင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ၂၀၁၁ ခုႏွစ္မွ ယခုအခ်ိန္အထိ ေခတ္မီတပ္မေတာ္ျဖစ္ေစေရးေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ လိုအပ္သည္မ်ားကို သုံးသပ္ေဆြးေႏြးႏိုင္ရန္ႏွင့္ လိုအပ္သည္မ်ားကို မွာၾကားႏိုင္ရန္အတြက္ ယခုကဲ့သို႔ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ၂၀၁၁ ခုႏွစ္ မတ္လ ၃၀ ရက္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္မ်ားကို စတင္ထမ္းေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ စတင္ထမ္းေဆာင္ခ်ိန္တြင္ ႏိုင္ငံေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ စတင္ေလွ်ာက္လွမ္းရမည့္ အေျခအေနျဖစ္ေၾကာင္း ေျပာသည္။
မိမိအေနျဖင့္ တပ္မေတာ္အႀကီးအကဲမ်ား၏ ယုံၾကည္စြာျဖင့္ တာဝန္လႊဲေျပာင္းေပးအပ္ျခင္းခံခဲ့ရၿပီးေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တာဝန္မ်ားကို အေကာင္းဆုံးျဖစ္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထိုသို႔တာဝန္ထမ္းေဆာင္ခဲ့သည့္အခ်ိန္တြင္ ယခင္ကတပ္မေတာ္အႀကီးအကဲမ်ား၏ လမ္းၫႊန္ဆုံးမဩဝါဒမ်ား၊ မိမိျဖတ္သန္းခဲ့သည့္ အေတြ႕အႀကဳံမ်ားကိုေပါင္းစပ္၍ အေကာင္းဆုံးေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္တိုးတက္ရာတိုးတက္ေၾကာင္းႏွင့္ ေခတ္မီတပ္မေတာ္ျဖစ္ေစေရး အၿမဲတမ္းအာ႐ုံစိုက္၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္စြမ္းရည္ျမႇင့္တင္ေရး၊ ႏိုင္ငံတကာမွတပ္မေတာ္မ်ားႏွင့္ ဆက္ဆံမႈေကာင္းမြန္ေရးတို႔ကို အေကာင္းဆုံးျဖစ္ေအာင္ ျမႇင့္တင္စြမ္းေဆာင္ေပးခဲ့ေၾကာင္း ေျပာၾကားသည္။
တပ္မေတာ္၏ အဓိကလုပ္ငန္းတာဝန္သည္ ျပည္ပရန္ကာကြယ္ေရးပင္ျဖစ္ၿပီး ႏိုင္ငံေတာ္တြင္ျဖတ္သန္းခဲ့ရသည့္ သမိုင္းေၾကာင္းဆိုင္ရာမ်ားအရ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားကို ဝင္ေရာက္ထိန္းသိမ္းေနရျခင္းျဖစ္ေၾကာင္း၊ ယခင္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္အႀကီးအကဲမ်ားသည္လည္း ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္ေကာင္းရာေကာင္းက်ိဳးကို အစဥ္အဆက္ အဆင့္ဆင့္လက္ဆင့္ကမ္း တာဝန္ထမ္းေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ မိမိသည္ ျမန္မာ့တပ္မေတာ္၏ ၈ ဦးေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ၿပီး ေရွ႕ပိုင္းတြင္တာဝန္ယူသြားခဲ့ၾကသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားကဲ့သို႔ပင္ တပ္မေတာ္ကို ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ား ေက်ပြန္စြာထမ္းေဆာင္ႏိုင္ေရးအတြက္ တိုက္စြမ္းရည္၊ တိုက္စြမ္းအားရွိသည့္ ေခတ္မီတပ္မေတာ္ (Standard Army) တစ္ရပ္အျဖစ္ ရည္မွန္းခ်က္ထားၿပီး ဖြဲ႕စည္းတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။
ေခတ္အဆက္ဆက္တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအေနျဖင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရး၊ ေသာင္းက်န္းမႈႏွိမ္နင္းေရးစစ္ဆင္ေရး၊ ျပည္ပက်ဴးေက်ာ္မႈမ်ားကို တြန္းလွန္ကာကြယ္ေရးစသည္တို႔ကို တပ္မေတာ္တြင္ရႏိုင္သမွ်ေသာအင္အားမ်ားျဖင့္ ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ဗမာျပည္ကြန္ျမဴနစ္ပါတီ (ဗကပ) ေသာင္းက်န္းမႈ၊ တ႐ုတ္ကူမင္တန္က်ဴးေက်ာ္မႈစသည့္ စစ္ဆင္ေရးႀကီးမ်ားကိုလည္း စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ တပ္မေတာ္တြင္တာဝန္ထမ္းေဆာင္ခဲ့စဥ္အတြင္း အရာရွိငယ္ဘဝ၊ အရာရွိႀကီးဘဝတို႔ျဖင့္ တိုက္ခိုက္ေရးတပ္ရင္း၊ တပ္ဖြဲ႕မ်ားတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို အခ်ိန္ကာလမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေပးအပ္သည့္တာဝန္မ်ားကို ေက်ပြန္ေအာင္ျမင္ေအာင္ထမ္းေဆာင္ခဲ့ေၾကာင္း ေျပာၾကားသည္။
တပ္မေတာ္ကို ေခတ္မီတပ္မေတာ္တစ္ရပ္အျဖစ္တည္ေဆာက္ရာတြင္ ေျခလ်င္တပ္ရင္းတပ္ဖြဲ႕မ်ားကိုသာမက တပ္မေတာ္(ေရ)၊ တပ္မေတာ္(ေလ)ႏွင့္ လက္႐ုံး ဝန္ထမ္းတပ္ဖြဲ႕မ်ား၏ စြမ္းရည္၊ စြမ္းအားမ်ားကိုလည္း ျမႇင့္တင္ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)တြင္ လူ၊ လက္နက္ဖြဲ႕စည္းမႈအဆင့္ျမႇင့္တင္ျခင္းသာမက တပ္မေတာ္(ေရ)အတြက္ လိုအပ္သည့္ စစ္ေရယာဥ္မ်ားကို ကိုယ္တိုင္တည္ေဆာက္ျခင္း၊ ဝယ္ယူျဖည့္တင္းျခင္းမ်ားအျပင္ တပ္မေတာ္(ေလ)အတြက္ လိုအပ္သည့္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားကို အဆင့္ျမႇင့္တင္ျခင္း၊ ထုတ္လုပ္ျခင္းႏွင့္ ေခတ္မီေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားရရွိေရးကိုလည္း ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔ျပင္ ေခတ္အဆက္ဆက္ႀကဳံေတြ႕ခဲ့ရသည့္ အေတြ႕အႀကဳံမ်ားအရ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)ႏွင့္ လက္႐ုံးဝန္ထမ္းတပ္ဖြဲ႕ဝင္မ်ားတြင္ လိုအပ္သည့္ လက္နက္စနစ္မ်ားအျပင္ အျခားလိုအပ္သည့္ ဆက္စပ္ပစၥည္းမ်ားကို ျဖည့္တင္းျခင္း၊ ကိုယ္ပိုင္ထုတ္လုပ္ျခင္းတို႔ကိုေဆာင္႐ြက္ခဲ့ေၾကာင္း ေျပာၾကားသည္။
မိမိတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္အတြင္း ႏိုင္ငံအတြင္းရွိ အမ်ိဳးသမီးအင္အားထုကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ေရး အမ်ိဳးသမီးစစ္မႈထမ္းမ်ားကို ၂၀၁၄ ခုႏွစ္က စ၍ေခၚယူအမႈထမ္းခြင့္ျပဳခဲ့ေၾကာင္း၊ ယခင္ကတပ္မေတာ္တြင္ အမ်ိဳးသမီးမ်ားကို ေဆးဝန္ထမ္းတပ္ဖြဲ႕၌ ဆရာဝန္၊ သူနာျပဳမ်ားအျဖစ္သာ ခန႔္အပ္ခဲ့ရာမွ ဘြဲ႕ရအမ်ိဳးသမီးသင္တန္း၊ ကြန္ပ်ဴတာ ဒီပလိုမာတပ္ၾကပ္ႀကီး/စာေရး သင္တန္း၊ အမ်ိဳးသမီးသူနာျပဳသင္တန္းႏွင့္ တပ္သားသစ္သင္တန္းမ်ားကို ေခၚယူခဲ့ၿပီး အမ်ိဳးသမီးမ်ား၏ လူစြမ္းအားအရင္းအျမစ္ကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီး(အရာရွိ/ အျခားအဆင့္) ၅၀၀၀ ေက်ာ္အေနျဖင့္ အမ်ိဳးသားမ်ားႏွင့္တန္းတူ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္မ်ားကို စြမ္းစြမ္းတမံ ထမ္းေဆာင္ေနၿပီျဖစ္ေၾကာင္း၊ ထူးျခားမႈအေနျဖင့္ အမ်ိဳးသမီးေလသူရဲ၊ ေလယာဥ္မႉးမ်ားကို ေမြးထုတ္ေပးႏိုင္ခဲ့သည္မွာလည္း မွတ္ေက်ာက္တင္ ဂုဏ္ယူဖြယ္ရာျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔ျပင္ ႏိုင္ငံေတာ္တြင္ ႐ိုေသခန႔္ညားေလာက္သည့္ ကာကြယ္ေရးစြမ္းပကား၊ လုံၿခဳံေရးစြမ္းပကားကို ရရွိႏိုင္ေရးအတြက္ ၁၉၅၉ ခုႏွစ္ကတည္းကရွိခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ ျပင္ဆင္ျပ႒ာန္းထားသည့္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္တြင္ အသက္သြင္းကာ အာဏာတည္ေစခဲ့ၿပီး အေကာင္အထည္ေဖာ္က်င့္သုံးခဲ့ေၾကာင္း၊ ျပည္သူ႔စစ္မႈထမ္းမ်ားအေနျဖင့္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္မ်ားကို အသက္ေသြးေခြၽးမ်ားေပးဆပ္၍ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ထမ္းေဆာင္လ်က္ရွိေနၿပီျဖစ္ၿပီး ၎တို႔၏ ႏိုင္ငံေတာ္အတြက္တာဝန္ထမ္းေဆာင္မႈမ်ားကိုလည္း မိမိတို႔အေနျဖင့္ အသိအမွတ္ျပဳရမည္ျဖစ္သကဲ့သို႔ လိုအပ္သည့္ ေထာက္ပံ့မႈမ်ားႏွင့္ ရပိုင္ခြင့္မ်ားရရွိေရးအတြက္လည္း ဆက္လက္ေဆာင္႐ြက္ေပးသြားရန္လိုေၾကာင္း ေျပာသည္။
မိမိအေနျဖင့္ တပ္မေတာ္ကို ႏိုင္ငံတကာအဆင့္မီ တပ္မေတာ္ျဖစ္ေရးအတြက္ တည္ေဆာက္ခဲ့ရာတြင္ စစ္လက္နက္ပစၥည္းမ်ားႏွင့္ စစ္အသုံးအေဆာင္ပစၥည္းေတြကို ကိုယ္ပိုင္ထုတ္လုပ္သုံးစြဲႏိုင္ေရး စဥ္ဆက္မျပတ္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ Standard Army ဖြဲ႕စည္းတည္ေဆာက္သည့္ေနရာတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)ကို လူ၊ လက္နက္ဖြဲ႕စည္းမႈ အဆင့္ျမႇင့္တင္ျခင္းသာမက တပ္မေတာ္(ေရ)အတြက္ လိုအပ္သည့္ စစ္ေရယာဥ္မ်ားကို ကိုယ္တိုင္တည္ေဆာက္ျခင္း၊ ဝယ္ယူျဖည့္တင္းျခင္းမ်ားအျပင္ တပ္မေတာ္(ေလ)အတြက္ လိုအပ္သည့္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားအားအဆင့္ျမႇင့္တင္ျခင္း၊ ထုတ္လုပ္ျခင္းႏွင့္ ေခတ္မီေလယာဥ္၊ ရဟတ္ယာဥ္မ်ား ရရွိေရးကိုလည္း ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ ထို႔ျပင္ ဂုဏ္ျပဳျမင္းစီးတပ္ဖြဲ႕ကိုလည္း ဖြဲ႕စည္းတည္ေထာင္ေပးႏိုင္ခဲ့ၿပီး စစ္ေရးျပအခမ္းအနားမ်ားႏွင့္ ႏိုင္ငံေတာ္အဆင့္ ဂုဏ္ျပဳႀကိဳဆိုပြဲအခမ္းအနားမ်ားတြင္ ခမ္းနားစြာျဖင့္ ပါဝင္တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း ေျပာၾကားသည္။
မိမိအေနျဖင့္ တပ္မေတာ္သားမ်ား၏ ပညာရည္ျမင့္မားေရးအတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၿပီး တပ္မေတာ္ပညာေရးေက်ာင္းမ်ားဖြင့္လွစ္ကာ ပညာေရးအားနည္းသည့္ တပ္မေတာ္သားမ်ားကို အတန္းပညာျမင့္မားလာေစေရး တက္ေရာက္သင္ၾကားေစခဲ့ေၾကာင္း၊ တပ္မေတာ္ပညာေရးေက်ာင္းမ်ားမွတဆင့္ တာဝန္ထမ္းေဆာင္ဆဲ စစ္သည္မ်ားအားလုံး နည္းဆုံးအေျခခံပညာမူလတန္းအဆင့္ကို ေအာင္ျမင္ၿပီးဆုံးသည္အထိ သင္ၾကားတတ္ေျမာက္ေစေရး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္သားမ်ား၏ ပညာရည္ျမႇင့္တင္ေရးမ်ားကို ေဆာင္႐ြက္ေပးႏိုင္ခဲ့သကဲ့သို႔ တပ္မေတာ္သားမ်ား၊ အၿငိမ္းစားတပ္မေတာ္သားမ်ား၏ ပညာရည္ျမင့္မားေရးကိုလည္း အေလးေပးျမႇင့္တင္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ၂၀၁၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ စစ္မႈထမ္းေဟာင္း မိသားစုဝင္သားသမီးမ်ား၏ ပညာရည္ျမႇင့္တင္ေရးအတြက္ ပညာသင္ႏွစ္အလိုက္ လစဥ္ခ်ီးျမႇင့္ေငြမ်ားေပးအပ္ျခင္း၊ ပညာသင္ေထာက္ပံ့ေၾကးမ်ားေပးအပ္ျခင္း၊ ပညာသင္ဆုမ်ားေပးအပ္ျခင္းတို႔ကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔ျပင္ ၂၀၁၁-၂၀၁၂ ပညာသင္ႏွစ္မွစ၍ ဂုဏ္ထူး(၃) ဘာသာႏွင့္အထက္ရရွိေအာင္ျမင္ၾကသည့္ စစ္မႈထမ္းဆဲ၊ စစ္မႈထမ္းေဟာင္း၊ စစ္သည္အစားခန႔္အရပ္သားဝန္ထမ္းမ်ား၏ သား၊ သမီးမ်ား၊ ဂုဏ္ထူး(၁)ဘာသာႏွင့္အထက္ စစ္သည္မ်ား၊ လူရည္ခြၽန္ရရွိသူမ်ား၊ ေဆာင္းပါး၊ စာစီစာကုံး၊ ပန္းခ်ီ၊ ကာတြန္း (ပထမ ၊ ဒုတိယ ႏွင့္ တတိယ) ရရွိသူမ်ားႏွင့္ ေအာင္ခ်က္အေကာင္းဆုံး တပ္မေတာ္ပညာေရးေက်ာင္းမ်ားက ေက်ာင္းအုပ္ႀကီးမ်ားကို ႏွစ္စဥ္ဆုမ်ားေပးအပ္ခ်ီးျမႇင့္ေပးခဲ့ေၾကာင္း၊ ထိုသို႔ေပးအပ္ခ်ီးျမႇင့္ခဲ့ရာတြင္ ဆုခ်ီးျမႇင့္ခဲ့မႈအေရအတြက္အေနျဖင့္ ၂၀၁၁ -၂၀၁၂ ခုႏွစ္ ပညာသင္ႏွစ္မွ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္အထိ ( ၆) ဘာသာ ၄၈၇ ဦး၊ (၅)ဘာသာ ၉၆၂ ဦး၊ (၄)ဘာသာ ၁၅ဝ၈ ဦး၊ (၃) ဘာသာ ၁၉၈၀ ဦး၊ (၂)ဘာသာ ၂၇၅၉ ဦးႏွင့္ (၁)ဘာသာ ၉၄၀၄ ဦး၊ ဂုဏ္ထူးရ စုစုေပါင္း ၁၇၁၀၀ ဦးရွိေၾကာင္း၊ ၂၀၁၃ ခုႏွစ္မွစၿပီး ၂၀၂၅ ခုႏွစ္ အထိ ဘက္စုံထူးခြၽန္ဆု ရရွိသူမ်ား၊ ဂုဏ္ထူး ၅ ဘာသာ၊ ၆ ဘာသာရရွိသူေတြ၊ အမွတ္အမ်ားဆုံး ရရွိၾက သူမ်ားႏွင့္ အမွတ္အမ်ားဆုံးရရွိသည့္ စစ္သည္မ်ားကို တပ္မေတာ္အထက္တန္းေက်ာင္း၊ ပညာေရးေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီး ၂ ဦးတို႔ႏွင့္အတူ ႏွစ္စဥ္ ျပည္ပေလ့လာေရးခရီး ေစလႊတ္ေပးခဲ့ၿပီး ယခုအခ်ိန္အထိ ေက်ာင္းသားေက်ာင္းသူ ၂၇၁ ဦး ကိုေစလႊတ္ေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း ေျပာသည္။
ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ထမ္းေဆာင္စဥ္ မသန္စြမ္းျဖစ္သြားသည့္ တပ္မေတာ္သားမ်ား၊ ေသဆုံး၊ က်ဆုံးခဲ့ရသည့္ တပ္မေတာ္သားမ်ား၏ မိသားစုမ်ားႏွင့္ သက္ျပည့္အၿငိမ္းစားတပ္မေတာ္သားမ်ား ဘဝေကာင္းမြန္စြာရပ္တည္ေနထိုင္ႏိုင္ေရးအတြက္လည္း နယ္ေျမေဒသအလိုက္ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးတြင္ အဆင့္ျမင့္စစ္မႈထမ္းေဟာင္း အိမ္ရာေနရာ(၂၁)ေနရာရွိၿပီး ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ေဆာက္လုပ္ၿပီးအခန္း ၆၈၀၀ ေက်ာ္၊ ေဆာက္လုပ္ဆဲအခန္း ၄၀၀၀ ေက်ာ္ႏွင့္ ေနရာခ်ထားေပးရန္ ေဆာင္႐ြက္ဆဲအခန္း ၈၇ဝ ရွိေၾကာင္း စသည္ျဖင့္ ေျပာၾကားသည္။

Related news

© 2021. All rights reserved.