စွမ်းအင်အကျပ်အတည်းရှိနေပေမယ့်လည်း အမေရိကန်နဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကျူးဘားသမ္မတ ပြော

 129

Pika (NP News) - မတ် ၁၄

ကျူးဘားနိုင်ငံရဲ့အရာရှိတွေက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ် လို့ ကျူးဘားသမ္မတ Miguel Diaz-Canel က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံက စွမ်းအင်အကျပ်အတည်းနဲ့ ကျယ်ပြန့်တဲ့လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရချိန်မှာပဲ ယခုလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျုးဘားနိုင်ငံအပေါ် စီးပွားရေးဖိအားတွေ မြင့်တက်လာချိန်မှာပဲ အမေရိကန်နဲ့ကျူးဘားအရာရှိတို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပြီး အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ လောင်စာဆီထောက်ပံ့မှုကန့်သတ်ချက်တွေက ကျူးဘားရဲ့လျှပ်စစ် ဓါတ်အားထုတ်လုပ်မှုကို ထိခိုက်စေခဲ့တယ်လို့လည်း ကျူးဘားအာဏာပိုင်တွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒါ့ပြင် အီရန်ပဋိပက္ခနဲ့ကမ္ဘာလုံးဆိုင်ရာရေနံဈေးနှုန်းတွေ မြင့်တက်လာတာကလည်း ကျူးဘားရဲ့အခြေအနေတွေ ကို ပိုမိုဆိုးရွားလာစေခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၀၀)ကျော်အထိ ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်(၁၉)ကပ်ရောဂါကာလနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ကျူးဘားတို့ရဲ့ဆက်သွယ်မှုတွေဟာ ဆွေးနွေးမှုတွေကနေတစ်ဆင့် ဖြေရှင်းချက်တွေကို ရှာဖွေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း Miguel Diaz-Canel က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
စြမ္းအင္အက်ပ္အတည္းရွိေနေပမယ့္လည္း အေမရိကန္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ က်ဴးဘားသမၼတ ေျပာ
Pika (NP News) - မတ္ ၁၄
က်ဴးဘားႏိုင္ငံရဲ႕အရာရွိေတြက အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အစိုးရနဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္ လို႔ က်ဴးဘားသမၼတ Miguel Diaz-Canel က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
က်ဴးဘားႏိုင္ငံက စြမ္းအင္အက်ပ္အတည္းနဲ႔ က်ယ္ျပန႔္တဲ့လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈေတြကို ရင္ဆိုင္ ႀကဳံေတြ႕ေနရခ်ိန္မွာပဲ ယခုလိုမ်ိဳး ေတြ႕ဆုံေဆြးေႏြးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ က်ဳးဘားႏိုင္ငံအေပၚ စီးပြားေရးဖိအားေတြ ျမင့္တက္လာခ်ိန္မွာပဲ အေမရိကန္နဲ႔က်ဴးဘားအရာရွိတို႔ရဲ႕ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ၿပီး အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ေလာင္စာဆီေထာက္ပံ့မႈကန႔္သတ္ခ်က္ေတြက က်ဴးဘားရဲ႕လွ်ပ္စစ္ ဓါတ္အားထုတ္လုပ္မႈကို ထိခိုက္ေစခဲ့တယ္လို႔လည္း က်ဴးဘားအာဏာပိုင္ေတြက ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။

ဒါ့ျပင္ အီရန္ပဋိပကၡနဲ႔ကမာၻလုံးဆိုင္ရာေရနံေဈးႏႈန္းေတြ ျမင့္တက္လာတာကလည္း က်ဴးဘားရဲ႕အေျခအေနေတြ ကို ပိုမိုဆိုး႐ြားလာေစခဲ့တယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ေရနံစိမ္းေဈးႏႈန္းဟာ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၁၀၀)ေက်ာ္အထိ ေရာက္ရွိေနၿပီျဖစ္ၿပီး ကိုဗစ္(၁၉)ကပ္ေရာဂါကာလေနာက္ပိုင္း အျမင့္ဆုံး ေဈးႏႈန္းျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔က်ဴးဘားတို႔ရဲ႕ဆက္သြယ္မႈေတြဟာ ေဆြးေႏြးမႈေတြကေနတစ္ဆင့္ ေျဖရွင္းခ်က္ေတြကို ရွာေဖြဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔လည္း Miguel Diaz-Canel က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.