အီရန်က လုံးဝ ရှုံးနိမ့်နေပြီလို့ ဒေါ်နယ်ထရမ့် ထုတ်ပြောလာ

 325

Pika (NP News) - မတ် ၁၄

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်၊အစ္စရေးတို့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အီရန်အရာရှိတွေက ကတိပြုပြောဆိုမှုတွေရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အမေရိကန်စစ်တပ်က အီရန်အပေါ် ဘယ်လိုချေမှုန်းမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အတု အယောင်မီဒီယာတွေက ဖော်ပြဖို့မုန်းတီးကြပါတယ်။ အီရန်က လုံးဝကို ရှုံးနိမ့်နေပါပြီ။ ကျွန်တော်လက်ခံနိုင်တဲ့ သဘောတူညီချက်တစ်ခုရှိလာရင်တော့ အဲဒါကို လက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန်က အီရန်မှာရှိတဲ့ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာမယ့်သင်္ဘောတွေအားလုံးကို ဘေးကင်းအောင်လိုက်ပါပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်စစ်ပွဲဆင်နွှဲ ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ဖို့ စစ်တပ်ကို အီရန်အစိုးရက အမိန့်ပေးခဲ့ တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္က လုံးဝ ရႈံးနိမ့္ေနၿပီလို႔ ေဒၚနယ္ထရမ့္ ထုတ္ေျပာလာ
Pika (NP News) - မတ္ ၁၄
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္၊အစၥေရးတို႔နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို ဆက္လက္တိုက္ခိုက္သြားမယ္လို႔ အီရန္အရာရွိေတြက ကတိျပဳေျပာဆိုမႈေတြရွိေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အေမရိကန္စစ္တပ္က အီရန္အေပၚ ဘယ္လိုေခ်မႈန္းမႈေတြ လုပ္ေဆာင္ခဲ့တယ္ဆိုတာကို အတု အေယာင္မီဒီယာေတြက ေဖာ္ျပဖို႔မုန္းတီးၾကပါတယ္။ အီရန္က လုံးဝကို ရႈံးနိမ့္ေနပါၿပီ။ ကြၽန္ေတာ္လက္ခံႏိုင္တဲ့ သေဘာတူညီခ်က္တစ္ခုရွိလာရင္ေတာ့ အဲ့ဒါကို လက္ခံသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္က အီရန္မွာရွိတဲ့ပစ္မွတ္ေတြကို ျပင္းျပင္းထန္ထန္တိုက္ခိုက္ၿပီး ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္း သြားလာမယ့္သေဘၤာေတြအားလုံးကို ေဘးကင္းေအာင္လိုက္ပါပို႔ေဆာင္ေပးမယ္လို႔ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚစစ္ပြဲဆင္ႏႊဲ ခဲ့တာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္ဖို႔ စစ္တပ္ကို အီရန္အစိုးရက အမိန႔္ေပးခဲ့ တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.