BLACKPINK နဲ့ Disney တို့ ပူးပေါင်းပြီး ပန့်ခ်ဖက်ရှင်သစ် မိတ်ဆက်

 487

ရောင်နီ (NP News) - မတ် ၁၃

ကမ္ဘာကျော် K-pop အမျိုးသမီးအဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ နာမည်ကြီး Disney နဲ့ပူးပေါင်းပြီး ထူးခြားဆန်းသစ်တဲ့ဖက်ရှင်ပရောဂျက်တစ်ခု လုပ်ဆောင်နေပါတယ်။ ဒီပူးပေါင်းမှုမှာ Disney ရဲ့အထင်ကရ ဇာတ်ကောင်တွေဖြစ်တဲ့ Mickey Mouse နဲ့ Minnie Mouse တို့ကို အခြေခံထားတဲ့ ပန့်ခ်စတိုင် ဖက်ရှင်ဒီဇိုင်းတွေ ဖန်တီးသွားမယ်လို့ သိရပါတယ်။
ဒီဇိုင်းပုံစံမှာကတော့ ပုံမှန်တွေ့နေကျ Disney ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ BLACKPINK ရဲ့ ခေတ်မီတဲ့ စတိုင် ပေါင်းစပ်ကာ Mickey နဲ့ Minnie ကို သံကြိုးတွေ၊ သတ္တုစူးတွေနဲ့ ဖက်ရှင်ထွင်သွားမယ်လို့ သိရပါတယ်။ အရောင်အားဖြင့်လည်း အနက်ရောင်၊ အနီရောင်နဲ့ ပေါင်းစပ်ပြသမယ်လို့ သိရပါတယ်။ အဲဒီ Fashion Collection မှာ အကန့်အသတ်နဲ့ ထုတ်လုပ်မယ့် တီရှပ်တွေ၊ သားရေဂျာကင်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒါအပြင် ဖက်ရှင်ထဲမှာ BLACKPINK အဖွဲ့ဝင်လေးဦးစလုံးရဲ့စိတ်ကူး စိတ်သန်းတွေ ပါဝင်ပြီး ကြော်ငြာမော်ဒယ်တွေ အဖြစ်လည်း ပါဝင်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
ဒီဖက်ရှင်ပစ္စည်းတွေကို ကမ္ဘာတစ်ဝှမ်းရှိ ရွေးချယ်ထားတဲ့ Disney Store တွေ၊ BLACKPINK ရဲ့ တရားဝင် အွန်လိုင်းဆိုင်တွေနဲ့ နာမည်ကြီး ဖက်ရှင်အရောင်းဆိုင်ကြီးတွေမှာ မကြာမီ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ဒါဟာ BLACKPINK အနေနဲ့ Disney လို ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီနဲ့ ပထမဆုံးအကြိမ် ဖက်ရှင်ပိုင်းဆိုင်ရာ ပူးပေါင်းဖန်တီးမှုပဲ ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.