ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများကို ရေနံနှင့်ဓာတ်ငွေ့များ ဆက်လက်ထောက်ပံ့ပေးမည်ဟု ရုရှားသမ္မတပြော

264

ဂျန်ဇက် (NP News) - မတ် ၁၄
ရုရှားနိုင်ငံသည် “ယုံကြည်စိတ်ချရသော စွမ်းအင်ထောက်ပံ့သူ”အဖြစ် ဆက်လက်တည်ရှိနေ ပြီး ယုံကြည်စိတ်ချ ရသောမိတ်ဖက်များအဖြစ်လည်း သတ်မှတ်သည့်နိုင်ငံများအတွက် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကိုဆက်လက် ထောက်ပံ့ ပေးသွားမည်ဟု ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားသမ္မတပူတင်သည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပ ခဲ့သည့် ရုရှားအစိုးရအဖွဲ့အစည်းအဝေးအတွင်း ယင်း ကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းပြီး ရေနံကို ကုန်သွယ်ထုတ်လုပ်မှုများသည် လာမည့်လများအတွင်း အလုံးစုံ ရပ်တန့်သွားရဖွယ်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အီရန်၊ အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခများသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက် အလွန်အန္တရာယ် ရှိနေကြောင်း ရုရှားသမ္မတက သတိပေးခဲ့သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများလုပ်ဆောင် လာခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်အတွင်းတွင် ဟောမုဇ် ရေလက်ကြားကိုဖြတ်သန်းပြီး ကုန်သွယ်မှု များသည် (၈၀) ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင်ရေနံဈေးနှုန်းများမြင့်တက်နေရာ ရေနံတစ်စည်ကို အမေရိကန် ဒေါ်လာ (၁၀ဝ)အထိ မြင့်တက်နေကြောင်း ရုရှားသမ္မတကပြောသည်။ ရုရှားသမ္မတက “ရေလက်ကြားကိုမှီခိုပြီး ရေနံကုန် သွယ်ထုတ်လုပ်နေမှုတွေဟာ လာမယ့်လတွေအတွင်း အလုံးစုံရပ်တန့်သွားရဖွယ်ရှိတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာ့ရေလမ်းကြောင်းကို ဖြတ်သန်းပြီးရေနံကုန် သွယ်မှုတွေရဲ့ သုံးပုံတစ်ပုံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း ကုန်သွယ်နေတာမျိုးဖြစ်ပါတယ်။ အဲဒီအ ချိန်တုန်းကဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီး တစ်ရက်ကိုရေနံစည်ပေါင်း (၁၄)သန်းခန့် ကုန်သွယ်တယ်။ အဲဒီ ရေနံစည်အားလုံးရဲ့ (၈၀)ရာခိုင်နှုန်းက အာရှနဲ့ပစိဖိတ်ဒေသကို ပို့ဆောင်ကြတယ်။ လက်ရှိ အချိန်မှာတော့ အဲဒီရေလက်ကြားလမ်းကြောင်းက ပိတ်လုနီးပါးရှိနေတယ်ဟုပြောသည်။ စွမ်းအင် ထောက်ပံ့မှု ကွင်းဆက်အတားဆီးများရှိလာခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်းတွင် ရေနံဈေးနှုန်းများ (၃၀) ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သလို ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာသည့်အပြင် ထုတ်ကုန်ပိုင်းလည်းကျဆင်းခဲ့ရကြောင်း ရုရှား သမ္မတကပြောသည်။
ရုရှားသမ္မတပူတင်က “ကမ္ဘာကြီးဟာ ရေနံဈေးနှုန်းအသစ်နဲ့ လက်တွေ့ဘဝကို တွေ့ကြုံရတော့မယ်” ဟုပြော သည်။ ရုရှားနိုင်ငံသည် “ယုံကြည်စိတ်ချရသော စွမ်းအင်ထောက်ပံ့သူ”အဖြစ် ဆက်လက်တည်ရှိနေပြီး ယုံကြည်စိတ်ချ ရသော မိတ်ဖက်များအဖြစ်လည်းသတ်မှတ်သည့် နိုင်ငံများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။

Zawgyi Version;
ယုံၾကည္စိတ္ခ်ရသည့္ မိတ္ဖက္ႏိုင္ငံမ်ားကို ေရနံႏွင့္ဓာတ္ေငြ႕မ်ား ဆက္လက္ေထာက္ပံ့ေပးမည္ဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၄
႐ုရွားႏိုင္ငံသည္ “ယုံၾကည္စိတ္ခ်ရေသာ စြမ္းအင္ေထာက္ပံ့သူ”အျဖစ္ ဆက္လက္တည္ရွိေန ၿပီး ယုံၾကည္စိတ္ခ် ရေသာမိတ္ဖက္မ်ားအျဖစ္လည္း သတ္မွတ္သည့္ႏိုင္ငံမ်ားအတြက္ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕ကိုဆက္လက္ ေထာက္ပံ့ ေပးသြားမည္ဟု ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားသမၼတပူတင္သည္ ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပ ခဲ့သည့္ ႐ုရွားအစိုးရအဖြဲ႕အစည္းအေဝးအတြင္း ယင္း ကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေဟာ္မုဇ္ေရလက္ၾကားကိုျဖတ္သန္းၿပီး ေရနံကို ကုန္သြယ္ထုတ္လုပ္မႈမ်ားသည္ လာမည့္လမ်ားအတြင္း အလုံးစုံ ရပ္တန႔္သြားရဖြယ္ရွိေနေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အီရန္၊ အေမရိကန္ႏွင့္ အစၥေရး ႏိုင္ငံတို႔ၾကားျဖစ္ပြားေနသည့္ ပဋိပကၡမ်ားသည္ ကမာၻ႔စြမ္းအင္ေဈးကြက္အတြက္ အလြန္အႏၲရာယ္ ရွိေနေၾကာင္း ႐ုရွားသမၼတက သတိေပးခဲ့သည္။ အေမရိကန္ႏွင့္ အစၥေရးႏိုင္ငံတို႔က အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ လာခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္သီတင္းပတ္အတြင္းတြင္ ေဟာမုဇ္ ေရလက္ၾကားကိုျဖတ္သန္းၿပီး ကုန္သြယ္မႈ မ်ားသည္ (၈၀) ရာခိုင္ႏႈန္းခန႔္က်ဆင္းသြားခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ေရနံေဈးႏႈန္းမ်ားျမင့္တက္ေနရာ ေရနံတစ္စည္ကို အေမရိကန္ ေဒၚလာ (၁၀ဝ)အထိ ျမင့္တက္ေနေၾကာင္း ႐ုရွားသမၼတကေျပာသည္။ ႐ုရွားသမၼတက “ေရလက္ၾကားကိုမွီခိုၿပီး ေရနံကုန္ သြယ္ထုတ္လုပ္ေနမႈေတြဟာ လာမယ့္လေတြအတြင္း အလုံးစုံရပ္တန႔္သြားရဖြယ္ရွိတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ကမာၻ႔ေရလမ္းေၾကာင္းကို ျဖတ္သန္းၿပီးေရနံကုန္ သြယ္မႈေတြရဲ႕ သုံးပုံတစ္ပုံက ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္း ကုန္သြယ္ေနတာမ်ိဳးျဖစ္ပါတယ္။ အဲဒီအ ခ်ိန္တုန္းကေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းၿပီး တစ္ရက္ကိုေရနံစည္ေပါင္း (၁၄)သန္းခန႔္ ကုန္သြယ္တယ္။ အဲဒီ ေရနံစည္အားလုံးရဲ႕ (၈၀)ရာခိုင္ႏႈန္းက အာရွနဲ႔ပစိဖိတ္ေဒသကို ပို႔ေဆာင္ၾကတယ္။ လက္ရွိ အခ်ိန္မွာေတာ့ အဲဒီေရလက္ၾကားလမ္းေၾကာင္းက ပိတ္လုနီးပါးရွိေနတယ္ဟုေျပာသည္။ စြမ္းအင္ ေထာက္ပံ့မႈ ကြင္းဆက္အတားဆီးမ်ားရွိလာျခင္းေၾကာင့္ ၿပီးခဲ့သည့္သီတင္းပတ္အတြင္းတြင္ ေရနံေဈးႏႈန္းမ်ား (၃၀) ရာခိုင္ႏႈန္း အထိ ျမင့္တက္လာခဲ့သလို ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္လာသည့္အျပင္ ထုတ္ကုန္ပိုင္းလည္းက်ဆင္းခဲ့ရေၾကာင္း ႐ုရွား သမၼတကေျပာသည္။
႐ုရွားသမၼတပူတင္က “ကမာၻႀကီးဟာ ေရနံေဈးႏႈန္းအသစ္နဲ႔ လက္ေတြ႕ဘဝကို ေတြ႕ႀကဳံရေတာ့မယ္” ဟုေျပာ သည္။ ႐ုရွားႏိုင္ငံသည္ “ယုံၾကည္စိတ္ခ်ရေသာ စြမ္းအင္ေထာက္ပံ့သူ”အျဖစ္ ဆက္လက္တည္ရွိေနၿပီး ယုံၾကည္စိတ္ခ် ရေသာ မိတ္ဖက္မ်ားအျဖစ္လည္းသတ္မွတ္သည့္ ႏိုင္ငံမ်ားအတြက္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ကို ဆက္လက္ေထာက္ပံ့ေပးသြားမည္ဟု သမၼတပူတင္က ေျပာၾကားခဲ့သည္။