အမေရိကန်က အီရန်၏ ရေနံတင်ပို့ရာ ဗဟိုချက် ခါ့ဂ်ကျွန်းကို ဗုံးကြဲတိုက်ခိုက်၊ ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်လာ

307

ALynn (NP News)- မတ် ၁၄
အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံ ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ (၁၃) ရက်တွင် ပြောကြားလိုက်သည်။
အကယ်၍ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့နေမည်ဆိုလျှင် အဆိုပါဒေသရှိ ရေနံ အဆောက်အအုံများမှာ နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။
အပြန်အလှန်အားဖြင့် အီရန်ဘက်ကလည်း ယနေ့တွင် တုံ့ပြန်သတိပေးလိုက်သည်။ အကယ်၍ ကျွန်းပေါ်ရှိ ရေနံ အဆောက်အအုံများကို တိုက်ခိုက်မည်ဆိုလျှင် အမေရိကန်နှင့်ဆက်စပ်သည့် ရေနံအဆောက်အအုံများကို ပြာပုံ အတိဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်လိုက်သည်။
သုံးပတ်မြောက်ထဲသို့ရောက်ရှိလာပြီဖြစ်သည့် အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲသည် ကမ္ဘာလုံး ဆိုင်ရာ ရေနံဈေးကွက်အကျပ်အတည်းဆီသို့ ဦးတည်လာခဲ့သည်။ ခါ့ဂ်ကျွန်းသည် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု (၉၀) ရာခိုင်နှုန်းကျော်ကို လုပ်ဆောင်ပေးနေသည့်နေရာဖြစ်ပြီး စစ်ပွဲစတင်ကတည်းက ရေနံစိမ်းဈေးနှုန်းသည် (၄၀) ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။
လက်ရှိအချိန်အထိ သမ္မတထရမ့်က အီရန်ကျွန်းပေါ်ရှိ ရေနံအဆောက်အအုံများကို ဖျက်ဆီးခြင်းမပြုရန် ဆုံးဖြတ် ထားသည်ဟု သိရသည်။ "ဒါပေမဲ့ အီရန် ဒါမှမဟုတ် တခြားဘယ်သူမဆို ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်ဘေးကင်းစွာ ဖြတ်သန်းသွားလာမှုကို အနှောင့်အယှက်ပေးမယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် ချက်ချင်းပြန်လည်သုံးသပ်သွားမှာပါ" လို့ ထရမ့် ပြောကြားထားသည်။
အီရန်အခြေစိုက် Fars သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း ခါ့ဂ်ကျွန်းပေါ်တွင် ပေါက်ကွဲသံ (၁၅) ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေတပ်စခန်းနှင့်လေဆိပ်အ ဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ရေနံအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း သတင်းရင်းမြစ်များ က ဆိုသည်။
တစ်ဖက်တွင်လည်း အမေရိကန်အစိုးရသည် မရိန်းတပ်ဖွဲ့ဝင် (၂,၅၀၀) ကျော်နှင့်အတူ ရေပြင်ကုန်းဗျက် တိုက်ခိုက်ရေးသင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံစေလွှတ်လျက်ရှိကြောင်း အမေရိကန်အရာရှိ တစ်ဦးက AP သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။
ယခုကဲ့သို့ တပ်အင်အားတိုးမြှင့်ချထားခြင်းသည် ကုန်းကြောင်းစစ်ဆင်ရေးကို ချက်ချင်းစတင်ရန် ရည်ရွယ်ခြင်း မဟုတ်သော်လည်း အမေရိကန်အနေဖြင့် ၎င်းတို့၏ စစ်ရေးအင်အားကို တဖြည်းဖြည်း မြှင့်တင်နေခြင်းဖြစ်သည်။
ထို့ကြောင့် အမေရိကန်- အီရန်စစ်ပွဲမှာ အချိန်တိုအတွင်း အဆုံးသတ်ရန် အစီအစဉ်မရှိသေးကြောင်း ပြသနေသည် ဟု ဝေဖန်ဆန်းစစ်သူများက သုံးသပ်ထားကြသည်။
Zawgyi Version;
အေမရိကန္က အီရန္၏ ေရနံတင္ပို႔ရာ ဗဟိုခ်က္ ခါ့ဂ္ကြၽန္းကို ဗုံးႀကဲတိုက္ခိုက္၊ ေရနံေဈးႏႈန္းမ်ား စံခ်ိန္တင္ ျမင့္တက္လာ
ALynn (NP News)- မတ္ ၁၄
အေမရိကန္တပ္ဖြဲ႕ဝင္မ်ားသည္ အီရန္ႏိုင္ငံ ခါ့ဂ္ကြၽန္းရွိ စစ္ဘက္ဆိုင္ရာ ပစ္မွတ္မ်ားကို ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က မတ္လ (၁၃) ရက္တြင္ ေျပာၾကားလိုက္သည္။
အကယ္၍ အီရန္အေနျဖင့္ ေဟာ္မုဇ္ေရလက္ၾကားကို ဆက္လက္ပိတ္ဆို႔ေနမည္ဆိုလွ်င္ အဆိုပါေဒသရွိ ေရနံ အေဆာက္အအုံမ်ားမွာ ေနာက္ထပ္ပစ္မွတ္ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားသည္။
အျပန္အလွန္အားျဖင့္ အီရန္ဘက္ကလည္း ယေန႔တြင္ တုံ႔ျပန္သတိေပးလိုက္သည္။ အကယ္၍ ကြၽန္းေပၚရွိ ေရနံ အေဆာက္အအုံမ်ားကို တိုက္ခိုက္မည္ဆိုလွ်င္ အေမရိကန္ႏွင့္ဆက္စပ္သည့္ ေရနံအေဆာက္အအုံမ်ားကို ျပာပုံ အတိျဖစ္ေအာင္ လုပ္ေဆာင္သြားမည္ဟု ၿခိမ္းေျခာက္လိုက္သည္။
သုံးပတ္ေျမာက္ထဲသို႔ေရာက္ရွိလာၿပီျဖစ္သည့္ အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔အၾကား စစ္ပြဲသည္ ကမာၻလုံး ဆိုင္ရာ ေရနံေဈးကြက္အက်ပ္အတည္းဆီသို႔ ဦးတည္လာခဲ့သည္။ ခါ့ဂ္ကြၽန္းသည္ အီရန္ႏိုင္ငံ၏ ေရနံတင္ပို႔မႈ (၉၀) ရာခိုင္ႏႈန္းေက်ာ္ကို လုပ္ေဆာင္ေပးေနသည့္ေနရာျဖစ္ၿပီး စစ္ပြဲစတင္ကတည္းက ေရနံစိမ္းေဈးႏႈန္းသည္ (၄၀) ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့သည္။
လက္ရွိအခ်ိန္အထိ သမၼတထရမ့္က အီရန္ကြၽန္းေပၚရွိ ေရနံအေဆာက္အအုံမ်ားကို ဖ်က္ဆီးျခင္းမျပဳရန္ ဆုံးျဖတ္ ထားသည္ဟု သိရသည္။ "ဒါေပမဲ့ အီရန္ ဒါမွမဟုတ္ တျခားဘယ္သူမဆို ေဟာ္မုဇ္ေရလက္ၾကားကေန သေဘၤာေတြ လြတ္လပ္ေဘးကင္းစြာ ျဖတ္သန္းသြားလာမႈကို အေႏွာင့္အယွက္ေပးမယ္ဆိုရင္ေတာ့ ဒီဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ ခ်က္ခ်င္းျပန္လည္သုံးသပ္သြားမွာပါ" လို႔ ထရမ့္ ေျပာၾကားထားသည္။
အီရန္အေျခစိုက္ Fars သတင္းဌာန၏ ေဖာ္ျပခ်က္အရ အေမရိကန္ရဲ႕ တိုက္ခိုက္မႈအတြင္း ခါ့ဂ္ကြၽန္းေပၚတြင္ ေပါက္ကြဲသံ (၁၅) ႀကိမ္ထက္မနည္း ၾကားခဲ့ရေၾကာင္း သိရသည္။
အဆိုပါတိုက္ခိုက္မႈမ်ားသည္ အီရန္၏ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား၊ ေရတပ္စခန္းႏွင့္ေလဆိပ္အ ေဆာက္အအုံမ်ားကို ပစ္မွတ္ထားခဲ့ျခင္းျဖစ္ၿပီး ေရနံအေဆာက္အအုံမ်ား ထိခိုက္မႈမရွိေၾကာင္း သတင္းရင္းျမစ္မ်ား က ဆိုသည္။
တစ္ဖက္တြင္လည္း အေမရိကန္အစိုးရသည္ မရိန္းတပ္ဖြဲ႕ဝင္ (၂,၅၀၀) ေက်ာ္ႏွင့္အတူ ေရျပင္ကုန္းဗ်က္ တိုက္ခိုက္ေရးသေဘၤာတစ္စီးကို အေရွ႕အလယ္ပိုင္းေဒသသို႔ ထပ္မံေစလႊတ္လ်က္ရွိေၾကာင္း အေမရိကန္အရာရွိ တစ္ဦးက AP သတင္းဌာနသို႔ အတည္ျပဳေျပာၾကားထားသည္။
ယခုကဲ့သို႔ တပ္အင္အားတိုးျမႇင့္ခ်ထားျခင္းသည္ ကုန္းေၾကာင္းစစ္ဆင္ေရးကို ခ်က္ခ်င္းစတင္ရန္ ရည္႐ြယ္ျခင္း မဟုတ္ေသာ္လည္း အေမရိကန္အေနျဖင့္ ၎တို႔၏ စစ္ေရးအင္အားကို တျဖည္းျဖည္း ျမႇင့္တင္ေနျခင္းျဖစ္သည္။
ထို႔ေၾကာင့္ အေမရိကန္- အီရန္စစ္ပြဲမွာ အခ်ိန္တိုအတြင္း အဆုံးသတ္ရန္ အစီအစဥ္မရွိေသးေၾကာင္း ျပသေနသည္ ဟု ေဝဖန္ဆန္းစစ္သူမ်ားက သုံးသပ္ထားၾကသည္။