TNLA စတင်တိုက်ခိုက်သည့်အတွက် တန်ပြန်ခုခံခြင်းဟု ကွတ်ခိုင်အရေးနှင့်ပတ်သက်၍ MNDAA ထုတ်ပြန်

 485

သုတကျော် (NP News) - မတ် ၁၄

TNLA က စတင်တိုက်ခိုက်သည့် အတွက် တန်ပြန်ခုခံခြင်းဖြစ်ကြောင်း လက်ရှိ ကွတ်ခိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်၍ MNDAA က ယနေ့ (မတ်လ ၁၄ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၁၃) ရက်တွင် TNLA က MNDAA ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကို အကြမ်းဖက် စီးနင်းခြင်း၊ သေနတ်ဖောက် ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်းတို့ကြောင့် အုပ်ချုပ်ရေး ဝန်ထမ်း နှင့် တပ်ဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရသည့်အပြင် ပစ္စည်းဥစ္စာများလည်း ဆုံးရှုံးကြောင်း၊ ယင်းနှင့်ပတ်သက်၍ TNLA ထံ စာ (၅) ကြိမ် ပို့ခဲ့ပြီး အခင်းဖြစ်ချိန်မတိုင်မီ အခြေအနေမျိုး ဆောင်ရွက်ပြီးနောက် ဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုသော်လည်း ဆွေးနွေးလိုသော သဘောထားမပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့သော်လည်း TNLA က MNDAA ထိန်းချုပ်ရာ သိန္နီခရိုင်အတွင်းသို့ တပ်ဖွဲ့စေလွှတ်ကာ သိမ်းပိုက်ရန် ရည်ရွယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ (၁၃) ရက် လုပ်ရပ်သည် နိုင်ငံရေးအခြေ အနေများ ပျက်စီးပြိုလဲသွားရသည့်အပြင် နှစ်ဦး နှစ်ဖက်၏ ညီနောင်မဟာမိတ်ဆက်ဆံရေးကိုလည်း လွန်စွာထိခိုက်စေခဲ့ကြောင်း၊ ယင်း အဖြစ်အပျက်ဖြစ်ပွားပြီး တစ်လကျော် ကာလအတွင်း TNLA အနေဖြင့် ရှေ့နောက်မညီသော အပြောအဆိုနှင့်အပြုအမူများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပြဿနာကိုဖြေရှင်းလိုသော စိတ်ဆန္ဒလုံးဝမရှိကြောင်းလည်း ဖော်ပြထားသည်။
ယင်းနောက် ယနေ့ (မတ်လ (၁၄) ရက်) နံနက် ၉ နာရီခွဲအချိန်တွင် TNLA ဘက်က MNDAA ၏ ပုံမှန်ကင်းလှည့်နေသာ တပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် မတတ်နိုင်၍ တန်ပြန်ခုခံတိုက်ခိုက်ခဲ့ပြီး ဤဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာသည့်နောက်ဆက်တွဲပြဿနာအားလုံးကို TNLA က တာဝန်ယူရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများနင်းချေခံရခြင်း၊ လူမှုဘဝရှင်သန်ရေးကိုခြိမ်းခြောက်ခံရခြင်း အစရှိသည့်လုပ်ဆောင်ချက်များ ဖြစ်ပေါ်လာပါက အစွမ်းကုန်ခုခံကာကွယ်သွားမည်ဟု ရေးသားထားသည်။

Zawgyi Version;
TNLA စတင္တိုက္ခိုက္သည့္အတြက္ တန္ျပန္ခုခံျခင္းဟု ကြတ္ခိုင္အေရးႏွင့္ပတ္သက္၍ MNDAA ထုတ္ျပန္
သုတေက်ာ္ (NP News) - မတ္ ၁၄
TNLA က စတင္တိုက္ခိုက္သည့္ အတြက္ တန္ျပန္ခုခံျခင္းျဖစ္ေၾကာင္း လက္ရွိ ကြတ္ခိုင္ၿမိဳ႕တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲႏွင့္ပတ္သက္၍ MNDAA က ယေန႔ (မတ္လ ၁၄ ရက္) ညေနပိုင္းတြင္ သတင္းထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ (၁၃) ရက္တြင္ TNLA က MNDAA ၏ ကြတ္ခိုင္ခ႐ိုင္အုပ္ခ်ဳပ္ေရးဌာနအဆင့္ဆင့္ကို အၾကမ္းဖက္ စီးနင္းျခင္း၊ ေသနတ္ေဖာက္ ၿခိမ္းေျခာက္ျခင္း၊ ႐ိုက္ႏွက္ျခင္းတို႔ေၾကာင့္ အုပ္ခ်ဳပ္ေရး ဝန္ထမ္း ႏွင့္ တပ္ဖြဲ႕ဝင္မ်ား ျပင္းထန္စြာ ဒဏ္ရာရသည့္အျပင္ ပစၥည္းဥစၥာမ်ားလည္း ဆုံးရႈံးေၾကာင္း၊ ယင္းႏွင့္ပတ္သက္၍ TNLA ထံ စာ (၅) ႀကိမ္ ပို႔ခဲ့ၿပီး အခင္းျဖစ္ခ်ိန္မတိုင္မီ အေျခအေနမ်ိဳး ေဆာင္႐ြက္ၿပီးေနာက္ ေဆြးေႏြးပြဲျပဳလုပ္ရန္ ေတာင္းဆိုေသာ္လည္း ေဆြးေႏြးလိုေသာ သေဘာထားမျပခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

MNDAA ဘက္က ထိန္းထိန္းသိမ္းသိမ္းလုပ္ခဲ့ေသာ္လည္း TNLA က MNDAA ထိန္းခ်ဳပ္ရာ သိႏၷီခ႐ိုင္အတြင္းသို႔ တပ္ဖြဲ႕ေစလႊတ္ကာ သိမ္းပိုက္ရန္ ရည္႐ြယ္ခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီ (၁၃) ရက္ လုပ္ရပ္သည္ ႏိုင္ငံေရးအေျခ အေနမ်ား ပ်က္စီးၿပိဳလဲသြားရသည့္အျပင္ ႏွစ္ဦး ႏွစ္ဖက္၏ ညီေနာင္မဟာမိတ္ဆက္ဆံေရးကိုလည္း လြန္စြာထိခိုက္ေစခဲ့ေၾကာင္း၊ ယင္း အျဖစ္အပ်က္ျဖစ္ပြားၿပီး တစ္လေက်ာ္ ကာလအတြင္း TNLA အေနျဖင့္ ေရွ႕ေနာက္မညီေသာ အေျပာအဆိုႏွင့္အျပဳအမူမ်ားကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီး ျပႆနာကိုေျဖရွင္းလိုေသာ စိတ္ဆႏၵလုံးဝမရွိေၾကာင္းလည္း ေဖာ္ျပထားသည္။
ယင္းေနာက္ ယေန႔ (မတ္လ (၁၄) ရက္) နံနက္ ၉ နာရီခြဲအခ်ိန္တြင္ TNLA ဘက္က MNDAA ၏ ပုံမွန္ကင္းလွည့္ေနသာ တပ္ဖြဲ႕ဝင္မ်ားအား ၾကားျဖတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ မတတ္ႏိုင္၍ တန္ျပန္ခုခံတိုက္ခိုက္ခဲ့ၿပီး ဤျဖစ္စဥ္ေၾကာင့္ေပၚေပါက္လာသည့္ေနာက္ဆက္တြဲျပႆနာအားလုံးကို TNLA က တာဝန္ယူရမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

အၾကမ္းဖက္တိုက္ခိုက္ခံရျခင္း၊ ဂုဏ္သိကၡာမ်ားနင္းေခ်ခံရျခင္း၊ လူမႈဘဝရွင္သန္ေရးကိုၿခိမ္းေျခာက္ခံရျခင္း အစရွိသည့္လုပ္ေဆာင္ခ်က္မ်ား ျဖစ္ေပၚလာပါက အစြမ္းကုန္ခုခံကာကြယ္သြားမည္ဟု ေရးသားထားသည္။

Related news

© 2021. All rights reserved.