အမေရိကန်က အီရန်ကို ပေါင် (၃) သောင်း ဗုံးများ အသုံးပြုတိုက်ခိုက်ပြီလား

 1005

ဂျန်ဇက်(NP News) - မတ် ၁၂
မကြာသေးမီက အီရန်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ Qom မြို့မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ရာ အမေရိကန်က အီရန်ကို သာမန်ဒုံးကျည်တွေနဲ့မဟုတ်ဘဲ အမေရိကန်ရဲ့ အင်အားအကြီးဆုံး မြေအောက်လှိုင်ခေါင်းဖျက်ဗုံးဖြစ်တဲ့ GBU-57 Massive Ordnance Penetrator (MOP) ကို အသုံးပြုခဲ့တာလားဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတယ်လို့ The War Zone က ဖော်ပြထားပါတယ်။GBU-57 ဆိုတာ သာမန်ဗုံးတစ်လုံးမျိုးမဟုတ်ဘဲ အလေးချိန်အားဖြင့် ပေါင် ၃၀,၀၀၀ ရှိပြီး အရှည် ၆ ဒသမ ၂ မီတာရှိကာမြေအောက်အလွန်နက်တဲ့ နေရာတွေမှာ တည်ဆောက်ထားတဲ့ စစ်ရေးစခန်းတွေ၊ နျူကလီးယားစက်ရုံတွေကို ဖျက်ဆီးဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ ဗုံးအမျိုးအစားဖြစ်ပါတယ်။အဲဒီဗုံးမှာGPS စနစ်ကို အသုံးပြုထားပြီး မြေအောက် ပေ ၂၀၀ (၆၁ မီတာ) အထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိကာ မြေအောက်ကို ရောက်ရှိမှသာ ပေါက်ကွဲစေတဲ့ စနစ် (delay fuze) ပါဝင်တာကြောင့်ပေါက်ကွဲမှုရဲ့ အကျိုးသက်ရောက်မှုဟာ မြေအောက်ငလျင်တစ်ခုလှုပ်သွားသလို ပြင်းထန်လှပြီး အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာတွေကိုတောင် ပြာကျသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒီ ပေါင် ၃ သောင်းရှိ ဗုံးကြီးကို သယ်ဆောင်ဖို့အတွက် အမေရိကန်လေတပ်ရဲ့ B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေကိုသာ အသုံးပြုနိုင်ပါတယ်။Qom မြို့ရဲ့ တောင်ဘက် ၃၂ ကီလိုမီတာခန့်အကွာမှာ အီရန်ရဲ့ အခိုင်မာဆုံး မြေအောက်နျူကလီးယားစက်ရုံဖြစ်တဲ့ Fordow Fuel Enrichment Plant တည်ရှိပါတယ်။ဒီစက်ရုံဟာ တောင်ကြီးတစ်တောင်ရဲ့အောက်မှာ အခိုင်အမာ တည်ဆောက်ထားတာဖြစ်လို့ သာမန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးဖို့ မဖြစ်နိုင်ဘဲGBU-57 ဗုံးကြီးဟာ Fordow လိုမျိုး မြေအောက်စက်ရုံတွေကို ဖျက်ဆီးဖို့ အချွန်အတက်ပုံစံ ဖန်တီးထားတဲ့ "အင်ဂျင်နီယာပညာရပ်ရဲ့ အံ့မခန်းဖန်တီးမှု" (engineering marvel) တစ်ခုအဖြစ် စစ်ရေးကျွမ်းကျင်သူတွေကသတ်မှတ်ထားပါတယ်။၂၀၂၆ ခုနှစ် မတ်လအတွင်း အရှိန်မြင့်လာတဲ့ အမေရိကန်-အစ္စရေး နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခတွေမှာ အမေရိကန်နဲ့အစ္စရေးတို့ဟာQom မြို့ အပါအဝင် အီရန်ရဲ့ အရေးပါတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ သတင်းများလည်းထွက်နေပါတယ်။Qom မြို့အနီးတစ်ဝိုက်မှာ ကြားရတဲ့ ကြီးမားတဲ့ပေါက်ကွဲသံတွေဟာ GBU-57 လို ဗုံးကြီးတွေ မြေအောက်ကျောက်လွှာတွေကို ထိုးဖောက်ပေါက်ကွဲရာကနေ ထွက်ပေါ်လာတဲ့ လက္ခဏာရပ်တွေနဲ့ အလွန်တူညီနေတယ်လို့ လေလ့ာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။ဒီလိုအဖျက်စွမ်းအားကြီးမားတဲ့ GBU-57 တွေကို အသုံးပြုလာခြင်းဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေနဲ့ မြေအောက်ဒုံးကျည်စခန်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ အမေရိကန်နဲ့ အစ္စရေးတို့က အဆုံးစွန်ထိလုပ်ဆောင်နေပြီဆိုတာကို ပြသနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ စစ်ပွဲအတွင်းမှာပဲ အီရန်နိုင်ငံ တီဟီရန်မြို့ရဲ့ အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာရှိ ပါချင်စစ်ဘက်ဆိုင်ရာဝင်းကို ပေါင် ၃ သောင်းအလေးချိန်ရှိ ဗုံးများအသုံးပြုတိုက်ခိုက်ဖွယ်ရှိတယ်လို့ သတင်းများလည်းထွက်နေပါတယ်။ အဲဒီဝန်းဟာအမေရိကန် ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော Vantor က ပါချင်စစ်ဘက်ဆိုင်ရာဝင်းအတွင်းရှိ Taleghan 2 ဘန်ကာဟာ လေကြောင်းမှတိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန်ထားရာ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက အီရန်နိုင်ငံအပေါ် ပြုလုပ်ခဲ့ဖူးတဲ့ စစ်ဆင်ရေး Operation Midnight Hammer တုန်းကလိုမျိုး ပေါက်ကွဲမှုပုံစံမျိုး ဆင်တူနေရာအမေရိကန်ဟာ B-2 ဗုံးကြဲလေယာဉ်များကနေ ပေါင် ၃သောင်းရှိ "ဘန်ကာဖောက်ဗုံး" များကို အသုံးပြုတိုက်ခိုက်ဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးသုံးသပ်မှုများကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။

Zawgyi Version:
အေမရိကန္က အီရန္ကို ေပါင္ (၃) ေသာင္း ဗုံးမ်ား အသုံးျပဳတိုက္ခိုက္ၿပီလား
ဂ်န္ဇက္(NP News) - မတ္ ၁၂
မၾကာေသးမီက အီရန္ႏိုင္ငံရဲ႕ အထြတ္အျမတ္ထားရာ Qom ၿမိဳ႕မွာ ျပင္းထန္တဲ့ ေပါက္ကြဲမႈႀကီးေတြ ျဖစ္ပြားခဲ့ရာ အေမရိကန္က အီရန္ကို သာမန္ဒုံးက်ည္ေတြနဲ႔မဟုတ္ဘဲ အေမရိကန္ရဲ႕ အင္အားအႀကီးဆုံး ေျမေအာက္လႈိင္ေခါင္းဖ်က္ဗုံးျဖစ္တဲ့ GBU-57 Massive Ordnance Penetrator (MOP) ကို အသုံးျပဳခဲ့တာလားဆိုတဲ့ ခန႔္မွန္းေျပာဆိုမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာေနတယ္လို႔ The War Zone က ေဖာ္ျပထားပါတယ္။GBU-57 ဆိုတာ သာမန္ဗုံးတစ္လုံးမ်ိဳးမဟုတ္ဘဲ အေလးခ်ိန္အားျဖင့္ ေပါင္ ၃၀,၀၀၀ ရွိၿပီး အရွည္ ၆ ဒသမ ၂ မီတာရွိကာေျမေအာက္အလြန္နက္တဲ့ ေနရာေတြမွာ တည္ေဆာက္ထားတဲ့ စစ္ေရးစခန္းေတြ၊ န်ဴကလီးယားစက္႐ုံေတြကို ဖ်က္ဆီးဖို႔ အထူးဒီဇိုင္းထုတ္ထားတဲ့ ဗုံးအမ်ိဳးအစားျဖစ္ပါတယ္။အဲဒီဗုံးမွာGPS စနစ္ကို အသုံးျပဳထားၿပီး ေျမေအာက္ ေပ ၂၀၀ (၆၁ မီတာ) အထိ ထိုးေဖာက္ဝင္ေရာက္ႏိုင္စြမ္းရွိကာ ေျမေအာက္ကို ေရာက္ရွိမွသာ ေပါက္ကြဲေစတဲ့ စနစ္ (delay fuze) ပါဝင္တာေၾကာင့္ေပါက္ကြဲမႈရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ေျမေအာက္ငလ်င္တစ္ခုလႈပ္သြားသလို ျပင္းထန္လွၿပီး အခိုင္အမာတည္ေဆာက္ထားတဲ့ ဘန္ကာေတြကိုေတာင္ ျပာက်သြားေစႏိုင္တယ္လို႔ ဆိုၾကပါတယ္။ အဲဒီ ေပါင္ ၃ ေသာင္းရွိ ဗုံးႀကီးကို သယ္ေဆာင္ဖို႔အတြက္ အေမရိကန္ေလတပ္ရဲ႕ B-2 Spirit ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ေတြကိုသာ အသုံးျပဳႏိုင္ပါတယ္။Qom ၿမိဳ႕ရဲ႕ ေတာင္ဘက္ ၃၂ ကီလိုမီတာခန႔္အကြာမွာ အီရန္ရဲ႕ အခိုင္မာဆုံး ေျမေအာက္န်ဴကလီးယားစက္႐ုံျဖစ္တဲ့ Fordow Fuel Enrichment Plant တည္ရွိပါတယ္။ဒီစက္႐ုံဟာ ေတာင္ႀကီးတစ္ေတာင္ရဲ႕ေအာက္မွာ အခိုင္အမာ တည္ေဆာက္ထားတာျဖစ္လို႔ သာမန္ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ ဖ်က္ဆီးဖို႔ မျဖစ္ႏိုင္ဘဲGBU-57 ဗုံးႀကီးဟာ Fordow လိုမ်ိဳး ေျမေအာက္စက္႐ုံေတြကို ဖ်က္ဆီးဖို႔ အခြၽန္အတက္ပုံစံ ဖန္တီးထားတဲ့ "အင္ဂ်င္နီယာပညာရပ္ရဲ႕ အံ့မခန္းဖန္တီးမႈ" (engineering marvel) တစ္ခုအျဖစ္ စစ္ေရးကြၽမ္းက်င္သူေတြကသတ္မွတ္ထားပါတယ္။၂၀၂၆ ခုႏွစ္ မတ္လအတြင္း အရွိန္ျမင့္လာတဲ့ အေမရိကန္-အစၥေရး နဲ႔ အီရန္တို႔ရဲ႕ စစ္ေရးပဋိပကၡေတြမွာ အေမရိကန္နဲ႔အစၥေရးတို႔ဟာQom ၿမိဳ႕ အပါအဝင္ အီရန္ရဲ႕ အေရးပါတဲ့ေနရာေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္ ျပဳလုပ္ေနတယ္လို႔ သတင္းမ်ားလည္းထြက္ေနပါတယ္။Qom ၿမိဳ႕အနီးတစ္ဝိုက္မွာ ၾကားရတဲ့ ႀကီးမားတဲ့ေပါက္ကြဲသံေတြဟာ GBU-57 လို ဗုံးႀကီးေတြ ေျမေအာက္ေက်ာက္လႊာေတြကို ထိုးေဖာက္ေပါက္ကြဲရာကေန ထြက္ေပၚလာတဲ့ လကၡဏာရပ္ေတြနဲ႔ အလြန္တူညီေနတယ္လို႔ ေလလ့ာေစာင့္ၾကည့္သူေတြက သုံးသပ္ေနၾကပါတယ္။ဒီလိုအဖ်က္စြမ္းအားႀကီးမားတဲ့ GBU-57 ေတြကို အသုံးျပဳလာျခင္းဟာ အီရန္ရဲ႕ န်ဴကလီးယားစက္႐ုံေတြနဲ႔ ေျမေအာက္ဒုံးက်ည္စခန္းေတြကို အျမစ္ျပတ္ေခ်မႈန္းဖို႔ အေမရိကန္နဲ႔ အစၥေရးတို႔က အဆုံးစြန္ထိလုပ္ေဆာင္ေနၿပီဆိုတာကို ျပသေနတာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္ဟာ စစ္ပြဲအတြင္းမွာပဲ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ ၃၀ ကီလိုမီတာခန႔္အကြာရွိ ပါခ်င္စစ္ဘက္ဆိုင္ရာဝင္းကို ေပါင္ ၃ ေသာင္းအေလးခ်ိန္ရွိ ဗုံးမ်ားအသုံးျပဳတိုက္ခိုက္ဖြယ္ရွိတယ္လို႔ သတင္းမ်ားလည္းထြက္ေနပါတယ္။ အဲဒီဝန္းဟာအေမရိကန္ ကာကြယ္ေရး ေထာက္လွမ္းေရးေအဂ်င္စီတစ္ခုျဖစ္ေသာ Vantor က ပါခ်င္စစ္ဘက္ဆိုင္ရာဝင္းအတြင္းရွိ Taleghan 2 ဘန္ကာဟာ ေလေၾကာင္းမွတိုက္ခိုက္မႈကို တိုက္႐ိုက္ထိမွန္ထားရာ ၂၀၂၅ ခုႏွစ္ ဇြန္လအတြင္းက အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ခဲ့ဖူးတဲ့ စစ္ဆင္ေရး Operation Midnight Hammer တုန္းကလိုမ်ိဳး ေပါက္ကြဲမႈပုံစံမ်ိဳး ဆင္တူေနရာအေမရိကန္ဟာ B-2 ဗုံးႀကဲေလယာဥ္မ်ားကေန ေပါင္ ၃ေသာင္းရွိ "ဘန္ကာေဖာက္ဗုံး" မ်ားကို အသုံးျပဳတိုက္ခိုက္ဖြယ္ရွိေနတယ္လို႔ ထင္ေၾကးေပးသုံးသပ္မႈမ်ားက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေနပါတယ္။

Related news

© 2021. All rights reserved.