ရုရှားရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်အစိုးရ ဖြေလျှော့ပေး

 359

ဂျန်ဇက်(NP News)-မတ် ၁၃
ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည်
ပင်လယ်ပြင်တွင် သောင်တင်နေသည့် ရုရှားရေနံများကို ရက် ၃၀ ကြာ ယာယီဝယ်ယူခွင့်ပြုမည့် သတ်မှတ်ချက်ကိုထုတ်ပြန်လိုက်ကြောင်းသိရသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မတ်လ ၁၂ရက်နေ့မတိုင်ခင် ပင်လယ်ပြင်အတွင်းသောင်တင်နေသည့် ရုရှားရေနံတင်သင်္ဘောများအပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ယာယီဖြေလျော့ပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ရုရှားသမ္မတပူတင်၏ ရင်းနှီးမြှုပ်နှံ့မှု ဆိုင်ရာ အထူးကိုယ်စားလှယ်ကအမေရိကန်၏ဖြေလျော့မှုကြောင့် ရေနံစည်ပေါင်း သန်း ၁၀၀အပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ရေနံမရှိဘဲ ကမ္ဘာစွမ်းအင်ဈေးကွက်တည်ငြိမ်မှုရှိနိုင်မည်မဟုတ်ကြောင်း ပြောသည်။အမေရိကန်နှင့်အီရန်နိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ဟောမုဇ့် ရေလက်ကြားပိတ်လုနီးပါးဖြစ်နေရာ ကမ္ဘာစွမ်းအင်ဈေးကွက်မတည်ငြိမ်ဘဲ ရေနံဈေးနှုန်းများမြင့်တက်လျက်ရှိနေကြောင်းသိရသည်။စစ်ပွဲမတိုင်မီက ဒေါ်လာ ၆၅ ဝန်းကျင်သာရှိခဲ့သော ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် လက်ရှိအချိန်တွင် ၁ စည်လျှင် ၁၀၀ ဒေါ်လာ အထက်သို့ စံချိန်တင် မြင့်တက်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁ စည်လျှင် ၁၀၀ ဒေါ်လာ အထက်သို့ စံချိန်တင် မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ပွဲစတင်ခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်မပြည့်ခင် ရေနံစိမ်းဈေးနှုန်းများသည် ၅၄ ရာခိုင်နှုန်းခန့် ထိုးတက်သွားခြင်းဖြစ်သည်။ရေနံဈေးနှုန်း မြင့်တက်မှုနှင့်အတူ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများကြောင့် အမေရိကန် စတော့ဈေးကွက်ကြီးများ ဆက်တိုက် ထိုးကျလျက်ရှိနေပြီး
အမေရိကန်ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်းလျှော့ချမည့် အစီအစဉ်များ နောက်ဆုတ်ခဲ့ရကြောင်းသိရသည်။ရေနံဈေးနှုန်း မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ဆက်လက်မြင့်မားနေမည့် အန္တရာယ်ရှိနေသည့်အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်သည့် Goldman Sachs မှ
ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမည့် ခန့်မှန်းချက်များကို ပြင်ဆင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားေရနံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို အေမရိကန္အစိုးရ ေျဖေလွ်ာ့ေပး
ဂ်န္ဇက္(NP News)-မတ္ ၁၃
ေရနံေဈးႏႈန္းမ်ား အဆမတန္ ျမင့္တက္လာမႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ အေမရိကန္အစိုးရသည္
ပင္လယ္ျပင္တြင္ ေသာင္တင္ေနသည့္ ႐ုရွားေရနံမ်ားကို ရက္ ၃၀ ၾကာ ယာယီဝယ္ယူခြင့္ျပဳမည့္ သတ္မွတ္ခ်က္ကိုထုတ္ျပန္လိုက္ေၾကာင္းသိရသည္။ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနသည္ မတ္လ ၁၂ရက္ေန႔မတိုင္ခင္ ပင္လယ္ျပင္အတြင္းေသာင္တင္ေနသည့္ ႐ုရွားေရနံတင္သေဘၤာမ်ားအေပၚ ခ်မွတ္ထားသည့္ပိတ္ဆို႔မႈမ်ားကို ယာယီေျဖေလ်ာ့ေပးလိုက္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ႐ုရွားသမၼတပူတင္၏ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ ဆိုင္ရာ အထူးကိုယ္စားလွယ္ကအေမရိကန္၏ေျဖေလ်ာ့မႈေၾကာင့္ ေရနံစည္ေပါင္း သန္း ၁၀၀အေပၚ သက္ေရာက္မႈရွိလာမည္ျဖစ္ေၾကာင္း၊ ႐ုရွားႏိုင္ငံ၏ေရနံမရွိဘဲ ကမာၻစြမ္းအင္ေဈးကြက္တည္ၿငိမ္မႈရွိႏိုင္မည္မဟုတ္ေၾကာင္း ေျပာသည္။အေမရိကန္ႏွင့္အီရန္ႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ေဟာမုဇ့္ ေရလက္ၾကားပိတ္လုနီးပါးျဖစ္ေနရာ ကမာၻစြမ္းအင္ေဈးကြက္မတည္ၿငိမ္ဘဲ ေရနံေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိေနေၾကာင္းသိရသည္။စစ္ပြဲမတိုင္မီက ေဒၚလာ ၆၅ ဝန္းက်င္သာရွိခဲ့ေသာ ဘရန႔္ေရနံစိမ္း ေဈးႏႈန္းသည္ လက္ရွိအခ်ိန္တြင္ ၁ စည္လွ်င္ ၁၀၀ ေဒၚလာ အထက္သို႔ စံခ်ိန္တင္ ျမင့္တက္သြားခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဩဂုတ္လေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၁ စည္လွ်င္ ၁၀၀ ေဒၚလာ အထက္သို႔ စံခ်ိန္တင္ ျမင့္တက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
စစ္ပြဲစတင္ခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္မျပည့္ခင္ ေရနံစိမ္းေဈးႏႈန္းမ်ားသည္ ၅၄ ရာခိုင္ႏႈန္းခန႔္ ထိုးတက္သြားျခင္းျဖစ္သည္။ေရနံေဈးႏႈန္း ျမင့္တက္မႈႏွင့္အတူ ကမာၻ႔စီးပြားေရးအေပၚ စိုးရိမ္မႈမ်ားေၾကာင့္ အေမရိကန္ စေတာ့ေဈးကြက္ႀကီးမ်ား ဆက္တိုက္ ထိုးက်လ်က္ရွိေနၿပီး
အေမရိကန္ဗဟိုဘဏ္ (Fed) ၏ အတိုးႏႈန္းေလွ်ာ့ခ်မည့္ အစီအစဥ္မ်ား ေနာက္ဆုတ္ခဲ့ရေၾကာင္းသိရသည္။ေရနံေဈးႏႈန္း ျမင့္တက္လာမႈေၾကာင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ဆက္လက္ျမင့္မားေနမည့္ အႏၲရာယ္ရွိေနသည့္အတြက္ အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ႀကီးျဖစ္သည့္ Goldman Sachs မွ
ဗဟိုဘဏ္၏ အတိုးႏႈန္းေလွ်ာ့ခ်မည့္ ခန႔္မွန္းခ်က္မ်ားကို ျပင္ဆင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.