ကာကွယ်ရေးပစ္စည်းဝယ်ယူမှုဆိုင်ရာနားလည်မှုစာချွန်လွှာတစ်ရပ်ကို ယူကရိန်းနဲ့ဆော်ဒီအာရေးဗျတို့ လက်မှတ်ရေးထိုး

187

Pika (NP News) - မတ် ၂၈
ကာကွယ်ရေးပစ္စည်းဝယ်ယူမှုဆိုင်ရာနားလည်မှုစာချွန်လွှာတစ်ရပ်ကို ယူကရိန်းနဲ့ ဆော်ဒီအာရေးဗျတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီသဘောတူညီချက်ကို ဆော်ဒီအာရေးဗျကိုယ်စား အုပ်ချုပ်ရေး ဆိုင်ရာလက်ထောက်ကာကွယ်ရေးဝန်ကြီး Khalid bin Hussein al-Bayari နဲ့ ယူကရိန်းစစ်တပ်ရဲ့အထွေထွေ ဝန်ထမ်းအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး Andriy Hinatov တို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းနဲ့ဆော်ဒီအာရေးဗျအစိုးရတို့ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်တစ်ရပ် ကို ရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုလိုသတင်းတွေ ထွက်ပေါ် လာတာပဲဖြစ်ပါတယ်။
ဒါ့ပြင် ၎င်းနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman တို့ကြား တွေ့ဆုံမှုမတိုင်ခင် အဲဒီသဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက “ကျွန်တော် တို့ရဲ့ကျွမ်းကျင်မှုနဲ့စနစ်တွေကို ဆော်ဒီအာရေးဗျအစိုးရနဲ့မျှဝေဖို့နဲ့ အသက်အိုးအိမ်ကာကွယ်မှုကို ခိုင်မာစေဖို့ အတွက် အတူတကွလုပ်ဆောင်ဖို့ ယူကရိန်းဘက်က အဆင်သင့်ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ကာကြယ္ေရးပစၥည္းဝယ္ယူမႈဆိုင္ရာနားလည္မႈစာခြၽန္လႊာတစ္ရပ္ကို ယူကရိန္းနဲ႔ေဆာ္ဒီအာေရးဗ်တို႔ လက္မွတ္ ေရးထိုး
Pika (NP News) - မတ္ ၂၈
ကာကြယ္ေရးပစၥည္းဝယ္ယူမႈဆိုင္ရာနားလည္မႈစာခြၽန္လႊာတစ္ရပ္ကို ယူကရိန္းနဲ႔ ေဆာ္ဒီအာေရးဗ်တို႔က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီသေဘာတူညီခ်က္ကို ေဆာ္ဒီအာေရးဗ်ကိုယ္စား အုပ္ခ်ဳပ္ေရး ဆိုင္ရာလက္ေထာက္ကာကြယ္ေရးဝန္ႀကီး Khalid bin Hussein al-Bayari နဲ႔ ယူကရိန္းစစ္တပ္ရဲ႕အေထြေထြ ဝန္ထမ္းအရာရွိခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး Andriy Hinatov တို႔က လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းနဲ႔ေဆာ္ဒီအာေရးဗ်အစိုးရတို႔ဟာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာသေဘာတူညီခ်က္တစ္ရပ္ ကို ရရွိခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုသတင္းေတြ ထြက္ေပၚ လာတာပဲျဖစ္ပါတယ္။
ဒါ့ျပင္ ၎နဲ႔ ေဆာ္ဒီအိမ္ေရွ႕မင္းသား Mohammed bin Salman တို႔ၾကား ေတြ႕ဆုံမႈမတိုင္ခင္ အဲဒီသေဘာတူညီ ခ်က္ကို လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက “ကြၽန္ေတာ္ တို႔ရဲ႕ကြၽမ္းက်င္မႈနဲ႔စနစ္ေတြကို ေဆာ္ဒီအာေရးဗ်အစိုးရနဲ႔မွ်ေဝဖို႔နဲ႔ အသက္အိုးအိမ္ကာကြယ္မႈကို ခိုင္မာေစဖို႔ အတြက္ အတူတကြလုပ္ေဆာင္ဖို႔ ယူကရိန္းဘက္က အဆင္သင့္ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။