ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်၍ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

 480

စော (NP News) - မတ် ၂၈

ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်၍ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဦးစီးဌာန၏ ဧပြီလ လပတ်အတွက် ခန့်မှန်းချက်ကို အထက်ပါကဲ့သို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီး ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၉ ရက်မှ (၁၂) ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၅) ရက်မှ (၈) ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် (၁) ရက်မှ (၄) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
နေ့အပူချိန် အနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
မြစ်ရေအခြေအနေမှာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၅) ပေမှ (၇) ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၃) ပေမှ (၅) ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၃) ပေမှ (၅) ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ကြောင်း သိရသည်။
အလားတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၃) ပေခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၂) ပေခန့်နှင့် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၁) ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ထို့ပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁) ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၃) ပေခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။

Zawgyi Version;
ဧၿပီလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚႏိုင္၍ မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိႏိုင္
ေစာ (NP News) - မတ္ ၂၈
ဧၿပီလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚႏိုင္၍ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဦးစီးဌာန၏ ဧၿပီလ လပတ္အတြက္ ခန႔္မွန္းခ်က္ကို အထက္ပါကဲ့သို႔ထည့္သြင္းေဖာ္ျပထားျခင္းျဖစ္သည္။

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္ဝန္း တစ္ႀကိမ္ျဖစ္ေပၚႏိုင္ကာ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ၿပီး ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္ျဖစ္ထြန္းႏိုင္ေၾကာင္း ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
မိုး႐ြာသြန္းမႈအေျခအေနမွာ စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ေလ်ာ့နည္းႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန္႔ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ဆက္လက္၍ စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ၉ ရက္မွ (၁၂) ရက္ခန႔္၊ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး(အေရွ႕ပိုင္း)၊ စစ္ကိုင္းတိုင္းေဒသႀကီး(ေအာက္ပိုင္း)၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ (၅) ရက္မွ (၈) ရက္ခန႔္ႏွင့္ ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း)၊ မေကြးတိုင္းေဒသႀကီး၊ ကယားျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ (၁) ရက္မွ (၄) ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေန႔အပူခ်ိန္ အေနျဖင့္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး(ေအာက္ပိုင္း)၊ ဧရာ၀တီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ဧၿပီလပ်မ္းမွ်အပူခ်ိန္၏ (၁.၅) ဒီဂရီဆဲလ္စီးယပ္ႏွင့္အထက္ပိုႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ဧၿပီလပ်မ္းမွ်အပူခ်ိန္ခန္႔သာ ရွိႏိုင္ေၾကာင္း သိရသည္။
ျမစ္ေရအေျခအေနမွာ ဧရာဝတီျမစ္ေရသည္ ျမစ္ႀကီးနားၿမိဳ႕၊ ဗန္းေမာ္ၿမိဳ႕၊ ေ႐ႊကူၿမိဳ႕၊ ကသာၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ ျမင္းမူၿမိဳ႕၊ ပခုကၠဴၿမိဳ႕ႏွင့္ ေညာင္ဦးၿမိဳ႕တို႔တြင္ (၅) ေပမွ (၇) ေပခန႔္၊ ေခ်ာက္ၿမိဳ႕၊ မင္းဘူးၿမိဳ႕၊ မေကြးၿမိဳ႕၊ ေအာင္လံၿမိဳ႕၊ ျပည္ၿမိဳ႕၊ ဆိပ္သာၿမိဳ႕၊ ဟသၤာတၿမိဳ႕ႏွင့္ ဇလြန္ၿမိဳ႕တို႔တြင္ (၃) ေပမွ (၅) ေပခန္႔ လက္ရွိေရမွတ္မ်ားအထက္ ျမင့္တက္လာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ခ်င္းတြင္းျမစ္ေရသည္လည္း ခႏၲီးၿမိဳ႕၊ ဟုမၼလင္းၿမိဳ႕၊ ေဖာင္းျပင္ၿမိဳ႕၊ ေမာ္လိုက္ၿမိဳ႕၊ ကေလးဝၿမိဳ႕၊ မင္းကင္းၿမိဳ႕၊ ကနီၿမိဳ႕ႏွင့္ မုံ႐ြာၿမိဳ႕တို႔တြင္ (၃) ေပမွ (၅) ေပခန႔္ လက္ရွိေရမွတ္မ်ားအထက္ ျမင့္တက္ လာႏိုင္ေၾကာင္း သိရသည္။
အလားတူ ျမစ္သာျမစ္ေရသည္ ကေလးၿမိဳ႕တြင္ ေပဝက္ခန္႔၊ ဒု႒ဝတီျမစ္ေရသည္ သီေပါၿမိဳ႕တြင္ ေပဝက္ခန႔္၊ ေ႐ႊစာရံႏွင့္ ျမစ္ငယ္ၿမိဳ႕တို႔တြင္ (၃) ေပခန႔္စီ၊ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕တြင္ (၂) ေပခန႔္ႏွင့္ မေဒါက္ၿမိဳ႕တြင္ ေပဝက္ခန႔္၊ ေ႐ႊက်င္ျမစ္ေရသည္ ေ႐ႊက်င္ၿမိဳ႕တြင္ ေပဝက္ခန္႔၊ ပဲခူးျမစ္ေရသည္ ေဇာင္းတူၿမိဳ႕ႏွင့္ ပဲခူးၿမိဳ႕တို႔တြင္ ေပဝက္မွ (၁) ေပခြဲခန္႔ ျမင့္တက္လာႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ထို႔ျပင္ သံလြင္ျမစ္ေရသည္ ဘားအံၿမိဳ႕တြင္ (၂) ေပခန္႔၊ ေသာင္ရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕တြင္ ေပဝက္ခန႔္၊ ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္းၿမိဳ႕၊ သာေပါင္း ၿမိဳ႕ႏွင့္ ပုသိမ္ၿမိဳ႕တို႔တြင္ ေပဝက္မွ (၁) ေပခြဲခန႔္၊ တိုးျမစ္ေရသည္ မအူပင္ၿမိဳ႕တြင္ (၃) ေပခန္႔ႏွင့္ ဘီးလင္း ျမစ္ေရသည္ ဘီးလင္းၿမိဳ႕တြင္ ေပဝက္ခန္႔ လက္ရွိေရမွတ္မ်ားအထက္ ျမင့္တက္လာႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.