ပဲခူး-မော်လမြိုင် လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မွမ်းမံပြီးစီးပါက (၇၅) ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲနိုင်မည်

209

Pearl (NP News) – မတ် ၂၈
ပဲခူး-မော်လမြိုင်လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မွမ်းမံပြီးစီးပါက အများဆုံး (၇၅) ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအား တာပေါင်အကျယ်ကျဉ်းနေသောနေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း ၅၀၀ ကျောက် ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ပဲခူး - မော်လမြိုင် ရထားလမ်းအရှည်မိုင် (၁၃၀) ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ ကိုးချောင်းဆက် သံလမ်းလဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်းခြင်း၊ တစ်မိုင်လျှင် ကျင်း ၃၅၀ နှုန်းဖြင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ Auto-matic Levelling Lining & Tamping Machine (ALL-TM)စက်ကြီးဖြင့် လမ်းပက်ကင်ရိုက်ခြင်း၊ လမ်းပိုင်းအချောသတ်ပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပြီး ကျောက်ကျင်းပေါင်း (၂၆၀၂၆) ကျင်း ထပ်မံဖြည့်တင်းနိုင်ခဲ့ကြောင်း သိရသည်။
ယခင်က ခရီးအကွာအဝေး (၁၇၆) မိုင်ရှိသော ရန်ကုန်- မော်လမြိုင် ရထားလမ်းခရီးတစ်လျှောက် အများဆုံး (၄၈) ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲခဲ့ရာမှ အထက်ပါလမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် အများဆုံး (၆၄) ကီလိုမီတာနှုန်းအထိ တိုးမြှင့်လာနိုင်ခဲ့ပြီး ပြေးဆွဲချိန် လျှော့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပဲခူး-မော်လမြိုင် လမ်းပိုင်းတစ်လျှောက်ကွေ့ ၅ ဒီဂရီထက် ပိုမိုသောနေရာ (၁၆) နေရာအထိရှိပြီး မိုင်နှုန်းကန့်သတ်ချက်များကြောင့် ပြေးဆွဲချိန်ထပ်မံလျှော့ချနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရတစ်မိုင်လျှင် ကျောက်ကျင်း (၃၅၀) ရှိသည့် နေရာများ ကျောက်ကျင်း (၁၅၀) ထပ်မံဖြည့်တင်းပြီး တစ်မိုင်လျှင် လမ်းခင်းကျောက်ကျင်း (၅၀၀) နှုန်းပြည့်အောင် ဖြည့်တင်းခြင်းဖြင့် လမ်းပိုင်းအား မိုင်နှုန်းမြှင့်နိုင်ရေးဆောင်ရွက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကျင်းပေါင်း (၁၃၄၈၉) ကျင်း ထပ်မံဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ပဲခူး-မော်လမြိုင် လမ်းပိုင်းအားလုံးအတွက် ထပ်မံ၍ကျောက် ကျင်း (၅၂၇၉) ကျင်း ထပ်မံဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မွမ်းမံပြီးစီးပါက အများဆုံး (၇၅) ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲပေးသွားနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန်အား ထပ်မံလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ပဲခူး-ေမာ္လၿမိဳင္ လမ္းပိုင္းတစ္ခုလုံး အဆင့္ျမႇင့္တင္မြမ္းမံၿပီးစီးပါက (၇၅) ကီလိုမီတာႏႈန္းျဖင့္ ရထားေျပးဆြဲႏိုင္မည္
Pearl (NP News) – မတ္ ၂၈
ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္းတစ္ခုလုံး အဆင့္ျမႇင့္တင္မြမ္းမံၿပီးစီးပါက အမ်ားဆုံး (၇၅) ကီလိုမီတာႏႈန္းျဖင့္ ရထားေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
ျမန္မာ့မီးရထားအေနျဖင့္ ႏိုင္ငံေတာ္ယာယီသမၼတ၏ လမ္းၫႊန္ခ်က္အရ ပဲခူး - ေမာ္လၿမိဳင္ ရထားလမ္းပိုင္းအား တာေပါင္အက်ယ္က်ဥ္းေနေသာေနရာမ်ား ေျမဖို႔ျခင္း၊ တစ္မိုင္လွ်င္ က်င္း ၅၀၀ ေက်ာက္ ျဖည့္တင္းျခင္း၊ လမ္းပိုင္းအား ေက်ာက္ပက္ကင္႐ိုက္ျခင္းလုပ္ငန္းမ်ားကို ၂၀၂၆ ခုႏွစ္ ဇန္နဝါရီမွစ၍ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အဆိုပါ ပဲခူး - ေမာ္လၿမိဳင္ ရထားလမ္းအရွည္မိုင္ (၁၃၀) ကို ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွ စတင္၍ ကိုးေခ်ာင္းဆက္ သံလမ္းလဲလွယ္ျခင္း၊ ကြန္ကရစ္ဇလီဖားတုံးမ်ား ျဖည့္တင္းျခင္း၊ တစ္မိုင္လွ်င္ က်င္း ၃၅၀ ႏႈန္းျဖင့္ လမ္းခင္းေက်ာက္ျဖည့္တင္းျခင္း၊ Auto-matic Levelling Lining & Tamping Machine (ALL-TM)စက္ႀကီးျဖင့္ လမ္းပက္ကင္႐ိုက္ျခင္း၊ လမ္းပိုင္းအေခ်ာသတ္ျပဳျပင္ျခင္း၊ တံတားမ်ား အဆင့္ျမႇင့္တင္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ ၿပီးစီးခဲ့ၿပီး ေက်ာက္က်င္းေပါင္း (၂၆၀၂၆) က်င္း ထပ္မံျဖည့္တင္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ယခင္က ခရီးအကြာအေဝး (၁၇၆) မိုင္ရွိေသာ ရန္ကုန္- ေမာ္လၿမိဳင္ ရထားလမ္းခရီးတစ္ေလွ်ာက္ အမ်ားဆုံး (၄၈) ကီလိုမီတာႏႈန္းျဖင့္ ေျပးဆြဲခဲ့ရာမွ အထက္ပါလမ္းပိုင္းအဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ခဲ့ၿပီးေနာက္ အမ်ားဆုံး (၆၄) ကီလိုမီတာႏႈန္းအထိ တိုးျမႇင့္လာႏိုင္ခဲ့ၿပီး ေျပးဆြဲခ်ိန္ ေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေဆာင္႐ြက္ရာတြင္ ပဲခူး-ေမာ္လၿမိဳင္ လမ္းပိုင္းတစ္ေလွ်ာက္ေကြ႕ ၅ ဒီဂရီထက္ ပိုမိုေသာေနရာ (၁၆) ေနရာအထိရွိၿပီး မိုင္ႏႈန္းကန႔္သတ္ခ်က္မ်ားေၾကာင့္ ေျပးဆြဲခ်ိန္ထပ္မံေလွ်ာ့ခ်ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ယာယီသမၼတ၏ လမ္းၫႊန္ခ်က္အရတစ္မိုင္လွ်င္ ေက်ာက္က်င္း (၃၅၀) ရွိသည့္ ေနရာမ်ား ေက်ာက္က်င္း (၁၅၀) ထပ္မံျဖည့္တင္းၿပီး တစ္မိုင္လွ်င္ လမ္းခင္းေက်ာက္က်င္း (၅၀၀) ႏႈန္းျပည့္ေအာင္ ျဖည့္တင္းျခင္းျဖင့္ လမ္းပိုင္းအား မိုင္ႏႈန္းျမႇင့္ႏိုင္ေရးေဆာင္႐ြက္ျခင္းကို ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း အၿပီးေဆာင္႐ြက္ခဲ့ရာ ယေန႔အထိ ေက်ာက္က်င္းေပါင္း (၁၃၄၈၉) က်င္း ထပ္မံျဖည့္သြင္းေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
ပဲခူး-ေမာ္လၿမိဳင္ လမ္းပိုင္းအားလုံးအတြက္ ထပ္မံ၍ေက်ာက္ က်င္း (၅၂၇၉) က်င္း ထပ္မံျဖည့္တင္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လမ္းပိုင္းတစ္ခုလုံး အဆင့္ျမႇင့္တင္မြမ္းမံၿပီးစီးပါက အမ်ားဆုံး (၇၅) ကီလိုမီတာႏႈန္းျဖင့္ ရထားေျပးဆြဲေပးသြားႏိုင္မည္ျဖစ္ၿပီး ရထားေျပးဆြဲခ်ိန္အား ထပ္မံေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။