အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲရှိပါက တိုင်ကြားနိုင်

 213

Pearl (NP News) - မတ် ၂၈

အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

စက်သုံးဆီဝယ်ယူရာတွင် အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်တောင်ကြီးမြို့တို့တွင် ယမန်နေ့ (မတ် ၂၇ ရက်) တွင် စတင်ဆောင်ရွက်နေပြီး ရန်ကုန် မန္တလေး လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Bar Code / QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော် ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့်စက်သုံးဆီများ =ကိုလည်း မှတ်တမ်းထားရှိ၍ ရောင်းချပေးလျက်ရှိကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အရောင်းဆိုင်များသို့  မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူစေလိုကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိကြောင်း နှင့် နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက ဆက်သွယ်ရန် Call Center ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့ကို တိုင်းကြားနိုင်ကြောင်း သိရသည်။

Zawgyi Version;
အဆင့္ျမႇင့္တင္ထားသည့္ Bar Code / QR Code စနစ္ျဖင့္ စက္သုံးဆီဝယ္ယူရာတြင္ အခက္အခဲရွိပါက တိုင္ၾကားႏိုင္
Pearl (NP News) - မတ္ ၂၈
အဆင့္ျမႇင့္တင္ထားသည့္ Bar Code / QR Code စနစ္ျဖင့္ စက္သုံးဆီဝယ္ယူရာတြင္ အခက္အခဲမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

စက္သုံးဆီဝယ္ယူရာတြင္ အဆင့္ျမႇင့္တင္ထားသည့္ Bar Code / QR Code စနစ္ျဖင့္ ယာဥ္၏စက္စြမ္းအားအလိုက္ ဝယ္ယူခြင့္ျပဳထားသည့္အတိုင္း စက္သုံးဆီမ်ားစိစစ္ေရာင္းခ်ျခင္းကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ေတာင္ႀကီးၿမိဳ႕တို႔တြင္ ယမန္ေန႔ (မတ္ ၂၇ ရက္) တြင္ စတင္ေဆာင္႐ြက္ေနၿပီး ရန္ကုန္ မႏၲေလး လမ္းမႀကီးတစ္ေလွ်ာက္ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၊ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕မ်ားတြင္လည္း ဆက္လက္အေကာင္အထည္ေဖာ္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Bar Code / QR Code ျဖင့္ Scan ဖတ္ယူရန္ အခက္အခဲရွိသည့္ယာဥ္မ်ား၊ လုပ္ငန္းသုံးေမာ္ေတာ္ ယာဥ္ငယ္မ်ားႏွင့္ အျခားလုပ္ငန္းသုံးက႑မ်ားအတြက္ လိုအပ္သည့္စက္သုံးဆီမ်ား =ကိုလည္း မွတ္တမ္းထားရွိ၍ ေရာင္းခ်ေပးလ်က္ရွိေၾကာင္းလည္း စြမ္းအင္ဝန္ႀကီးဌာနက အသိေပးထားသည္။
အေရာင္းဆိုင္မ်ားအေနျဖင့္ ဝယ္ယူခြင့္ရွိသည့္ပမာဏမ်ားအတိုင္း ေရာင္းခ်ေပးလ်က္ရွိၿပီး အေရာင္းဆိုင္မ်ားတြင္ ျပတ္လပ္မႈမရွိေစေရး စီစဥ္ထားရွိၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း အေရာင္းဆိုင္မ်ားသို႔  ေျမျပင္ကြင္းဆင္း၍ လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးျခင္းႏွင့္ စစ္ေဆးၾကပ္မတ္ျခင္းမ်ားကို ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
အေရာင္းဆိုင္မ်ားတြင္ စက္သုံးဆီအလုံအေလာက္ရွိသျဖင့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ေၾကာင့္ၾကမႈမရွိဘဲ လိုအပ္သေလာက္သာ ဝယ္ယူေစလိုေၾကာင္း၊ စက္သုံးဆီဝယ္ယူရာတြင္ အခက္အခဲမ်ားရွိပါက တိုင္ၾကားႏိုင္ေၾကာင္း၊ စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ အခ်ိန္ႏွင့္တစ္ေျပးညီ ေျဖရွင္းေဆာင္႐ြက္ေပးသြားႏိုင္ေရး Call Center ဖြင့္လွစ္ထားရွိေၾကာင္း ႏွင့္ နည္းပညာဆိုင္ရာအခက္အခဲမ်ားႏွင့္ အျခားတင္ျပတိုင္ၾကားလိုပါက ဆက္သြယ္ရန္ Call Center ဖုန္းနံပါတ္မ်ားျဖစ္သည့္ ဖုန္း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို႔ကို တိုင္းၾကားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.