တပ်မတော်သည် အစိုးရသစ်ကို အထောက်အကူပြုမည်ဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးပြော

595

သုတကျော် (NP News) - မတ် ၂၈
တပ်မတော်သည် အစိုးရသစ်ကို အထောက်အကူပြုမည်ဖြစ်ကြောင်း ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။
မတ်လ (၂၇)ရက်တွင်ကျရောက်သော (၈၁) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် မိန့်ခွန်းပြော ကြားစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိအချိန်မှာ တို့တပ်မတော်အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင် မြင်စွာကျင်းပခဲ့ပြီး ဖြစ်လို့ တပ်မတော်အနေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးအတွက် ရွေး ကောက်ပွဲကတစ်ဆင့် အသစ်ပေါ်ထွန်းလာမယ့် အစိုးရသစ်ကို အထောက်အကူပြုဆောင်ရွက်သွားမှာဖြစ် ကြောင်းပြောကြားလိုတယ်}}ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော် ၏အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်ရန် တပ်မတော်ကိုတာဝန်ပေးထားခြင်းတို့သည် အတိတ်တွင် ကြုံတွေ့ခဲ့ရသော အားနည်းချက်များကို သင်ခန်းစာ အဖြစ်ဖော်ထုတ်ပြီး မဖြစ်မနေလိုအပ်၍ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင် မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ဆောင်ရွက် နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်ဆိုသည့် အချက်အား ထည့်သွင်းပြဋ္ဌာန်းထားရာမှာလည်း အဆိုး မြင်ဝါဒီများလှုံ့ ဆော်နေ သကဲ့သို့ တပ်မတော်က နိုင်ငံရေးကိုဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မှာ တို့နိုင်ငံရဲ့လိုအပ်ချက်အရ တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန် အတွက် သဘောတူညီချက် (၄၃) ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံ ရလဒ်တွေကစုစည်းထားတဲ့ ပြည်ထောင်စုသဘောတူ ညီချက်များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်း တင်ပြပြီးပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ် ကြောင်းပြောကြားလိုတယ်”ဟုပြောသည်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအနေဖြင့် ခိုင်မာသောအစိုးရပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းကို ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင် သည်အထိ ဆောင်ရွက်ပေးသွားမည်ဟုပြောကြား သည်။
“အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ်ပေါ် ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက် လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမှာဖြစ်ကြောင်းပြောကြားလိုတယ်}}ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးရေးကိုအကြောင်းပြပြီး လက်နက် ကိုင်လမ်းစဉ် ကိုမစွန့်လွှတ်လိုသော အကြမ်းဖက်သ မားများသည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် အဓိက ဝင်ငွေ ရှာဖွေနေကြပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများကို ကျူးလွန်နေကြကြောင်း လည်းပြောသည်။
“ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်း ကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင်ရေးတွေနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံမျာ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပါ ပူးပေါင်းလက်တွဲ တိုက်ဖျက် လျက်ရှိကြောင်း အသိပေးပြော ကြားလိုတယ်”ဟု ပြောသည်။
ယခုကျင်းပသည့် တပ်မတော်နေ့အခမ်း အနားပြီးဆုံးပြီးနောက်ပိုင်းတွင် တပ်မတော်နှင့်ပတ်သက်၍ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ပေါ် မည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြု ကန်တော့သည့် အခမ်းအနားတွင် ပြောကြားထားခဲ့ကြောင်း သိရသည်။

Zawgyi Version;
တပ္မေတာ္သည္ အစိုးရသစ္ကို အေထာက္အကူျပဳမည္ျဖစ္ေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သုတေက်ာ္ (NP News) - မတ္ ၂၈
တပ္မေတာ္သည္ အစိုးရသစ္ကို အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မိန႔္ခြန္း တြင္ ထည့္သြင္းေျပာၾကားသည္။
မတ္လ (၂၇)ရက္တြင္က်ေရာက္ေသာ (၈၁) ႀကိမ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားတြင္ မိန႔္ခြန္းေျပာ ၾကားစဥ္ အထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“လက္ရွိအခ်ိန္မွာ တို႔တပ္မေတာ္အေနနဲ႔ ေပးထားတဲ့ကတိအတိုင္း ေ႐ြးေကာက္ပြဲကို ေအာင္ ျမင္စြာက်င္းပခဲ့ၿပီး ျဖစ္လို႔ တပ္မေတာ္အေနနဲ႔ ပါတီစုံ ဒီမိုကေရစီစနစ္ ရွင္သန္ခိုင္မာေစေရးအတြက္ ေ႐ြး ေကာက္ပြဲကတစ္ဆင့္ အသစ္ေပၚထြန္းလာမယ့္ အစိုးရသစ္ကို အေထာက္အကူျပဳေဆာင္႐ြက္သြားမွာျဖစ္ ေၾကာင္းေျပာၾကားလိုတယ္}}ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ တပ္မေတာ္ ၏အခန္းက႑ကို ထည့္သြင္းေဖာ္ျပျခင္းႏွင့္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအား ကာကြယ္ေစာင့္ေရွာက္ရန္ တပ္မေတာ္ကိုတာဝန္ေပးထားျခင္းတို႔သည္ အတိတ္တြင္ ႀကဳံေတြ႕ခဲ့ရေသာ အားနည္းခ်က္မ်ားကို သင္ခန္းစာ အျဖစ္ေဖာ္ထုတ္ၿပီး မျဖစ္မေနလိုအပ္၍ ထည့္သြင္း ျပ႒ာန္းထားျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။
ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္ မႈအခန္းက႑တြင္ တပ္မေတာ္က ပါဝင္ေဆာင္႐ြက္ ႏိုင္ေရးကို အစဥ္တစိုက္ဦးတည္သည္ဆိုသည့္ အခ်က္အား ထည့္သြင္းျပ႒ာန္းထားရာမွာလည္း အဆိုး ျမင္ဝါဒီမ်ားလႈံ႕ ေဆာ္ေန သကဲ့သို႔ တပ္မေတာ္က ႏိုင္ငံေရးကိုဦးေဆာင္ေနျခင္းမဟုတ္ဘဲ ႏိုင္ငံ့အေရးအတြက္ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑ မွာ တို႔ႏိုင္ငံရဲ႕လိုအပ္ခ်က္အရ တပ္မေတာ္အေနနဲ႔ ပူးေပါင္းပါဝင္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေျပာၾကား သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ပတ္သက္၍လည္း “ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ျဖည့္စြက္ရန္ အတြက္ သေဘာတူညီခ်က္ (၄၃) ခ်က္ကို လက္မွတ္ေရးထိုးအတည္ျပဳႏိုင္ခဲ့တဲ့အျပင္ ယခင္အစိုးရမ်ားလက္ထက္ ၿငိမ္းခ်မ္းေရးညီလာခံ ရလဒ္ေတြကစုစည္းထားတဲ့ ျပည္ေထာင္စုသေဘာတူ ညီခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္မွာ စုစည္း တင္ျပၿပီးျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္သြားမွာျဖစ္ ေၾကာင္းေျပာၾကားလိုတယ္”ဟုေျပာသည္။
အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီအေနျဖင့္ ခိုင္မာေသာအစိုးရေပၚေပါက္ၿပီး ႏိုင္ငံေရးခရီးလမ္းကို ခိုင္ခိုင္မာမာေလွ်ာက္လွမ္းႏိုင္ သည္အထိ ေဆာင္႐ြက္ေပးသြားမည္ဟုေျပာၾကား သည္။
“အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီအေနနဲ႔လည္း ခိုင္မာတဲ့အစိုးရတစ္ရပ္ေပၚ ေပါက္ၿပီး ႏိုင္ငံေရးခရီးလမ္းမွာ ခိုင္ခိုင္မာမာေလွ်ာက္ လွမ္းႏိုင္တဲ့အထိ ေဆာင္႐ြက္ေပးသြားမွာျဖစ္သလို တပ္မေတာ္အေနနဲ႔လည္း ႏိုင္ငံ့အေရးအတြက္ အၿမဲအသင့္ရွိေနမွာျဖစ္ေၾကာင္းေျပာၾကားလိုတယ္}}ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ဖက္ဒရယ္အေရး၊ ဒီမိုကေရစီအေရးႏွင့္ တိုင္းရင္းသားလူမ်ိဳးေရးကိုအေၾကာင္းျပၿပီး လက္နက္ ကိုင္လမ္းစဥ္ ကိုမစြန႔္လႊတ္လိုေသာ အၾကမ္းဖက္သ မားမ်ားသည္ မူးယစ္ေဆးဝါးကုန္သြယ္မႈႏွင့္ အဓိက ဝင္ေငြ ရွာေဖြေနၾကၿပီး အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားအပါအဝင္ ႏိုင္ငံျဖတ္ေက်ာ္ မႈခင္းမ်ားကို က်ဴးလြန္ေနၾကေၾကာင္း လည္းေျပာသည္။
“ဒီကိစၥေတြဟာ အၾကမ္းဖက္ေသာင္း က်န္းသူမ်ား သက္ဆိုးရွည္ၿပီး ႏိုင္ငံေတာ္ တည္ၿငိမ္ ေအးခ်မ္းေရးကို အႏၲရာယ္ေပးေနတာေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အထူးစစ္ဆင္ေရးေတြနဲ႔ တိုက္ဖ်က္လ်က္ရွိၿပီး ေဒသတြင္းႏိုင္ငံမ်ာ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနဲ႔ပါ ပူးေပါင္းလက္တြဲ တိုက္ဖ်က္ လ်က္ရွိေၾကာင္း အသိေပးေျပာ ၾကားလိုတယ္”ဟု ေျပာသည္။
ယခုက်င္းပသည့္ တပ္မေတာ္ေန႔အခမ္း အနားၿပီးဆုံးၿပီးေနာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ပတ္သက္၍ ေခါင္းေဆာင္ပိုင္းအေျပာင္းအလဲျဖစ္ေပၚ မည္ျဖစ္ေၾကာင္း ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ မႉးႀကီး စိုးဝင္းက အၿငိမ္းစား တပ္မေတာ္အရာရွိႀကီးမ်ားအား တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားက ဂါရဝျပဳ ကန္ေတာ့သည့္ အခမ္းအနားတြင္ ေျပာၾကားထားခဲ့ေၾကာင္း သိရသည္။