“စစ်တပ်က ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်မယ်၊ ပြည်သူကောင်းကျိုးကိုကြည့်မယ်၊ လုပ်မယ်ဆိုရင် ကျွန်မတို့လက်မခံစရာ မရှိပါ” ဟု ချမ်းမြမြသော် ပြောလာ

1173

Pearl (NP News) - မတ် ၃ဝ
“စစ်တပ်က ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်၊ ပြည်သူကောင်းကျိုးကို ကြည့်မယ်၊ လုပ်မယ်ဆိုရင် ကျွန်မတို့ လက်မခံစရာမရှိပါ” ဟု Tr.Chan ဟု လူသိများသူ ချမ်းမြမြသော်က ၎င်း၏ Facebook လူမှုကွက်ရက်မှတဆင့် ရေးသားဖြန့်ဝေထားသည်။
ချမ်းမြမြသော်အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမရှိကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူကောင်းကျိုးကိုကြည့်၍ ဆောင်ရွက်လျှင် ၎င်းအနေဖြင့် လက်ခံမည်ဖြစ်ကြောင်း ရေးသားထားသည်။
“ကျွန်မသည် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မရှိပါ။ စစ်မှန်သော ဒီမိုကရေစီကို လိုလားပြီး စစ်မှန်တဲ့နည်းလမ်းနဲ့ ဒီမိုကရေစီ ပန်းတိုင်ကို လျှောက်လှမ်းလိုသူဖြစ်ပါသည်။ စစ်တပ်က ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်၊ ပြည်သူကောင်းကျိုးကို ကြည့်မယ်၊ လုပ်မယ်ဆိုရင် ကျွန်မတို့လက်မခံစရာ မရှိပါ” ဟု ရေးသားထားသည်။
ထို့အတူ တော်လှန်ရေးအမည်ခံ စီးပွားရေးလုပ်နေသူ မဟုတ်ဘဲ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေသူဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
“ တစ်ချို့တွေက တလရ အကြီးအကျယ်လုပ်ပြီး စီးပွားရေးအကြီးအကျယ်နဲ့ နေ့ချင်း လချင်း အိုးပိုင်၊အိမ်ပိုင်၊ဆိုင်ပိုင်တွေ ဖြစ်ကုန်ပေမယ့် ကျွန်မကတော့ တစ်လတစ်လ နေ့စဥ် သမာအာဇီ၀နဲ့ စာသင်ရင်း၊ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ရတဲ့ လစာနဲ့ရပ်တည်ပြီး လိပ်ပြာလုံစွာ အသက်ရှင်ခဲ့ပါတယ်။ ဘယ် ငတက်ပြားလိုမှ ဘယ်သူ့ လည်ပင်းမှ မညှစ်ဘဲ၊ ဘယ်သူ့မှ ဆရာ မလုပ်ဘဲ၊ ကိုယ့်ချွေးနည်းစာနဲ့ ကိုယ်ပဲ ရပ်တည်ခဲ့တာမို့ အခုအခါ ဘောမဆိုပြီး ကျွန်မကို တွန်းချ လက်ညှိုးထိုးနေတဲ့ ဒီမိုကရေစီ အရေခြုံ ငတက်ပြား ဂိုဏ်းချုပ်မကြီးနဲ့ ခိုးသား ၅၀၀ထက် စာရင် ကျွန်မက (၁၀၀) ရာခိုင်နှုန်း လိပ်ပြာသန့်ပါတယ်” ဟု ၎င်း၏ Facebook လူမှုကွက်ရက်တွင် ရေးသားဖြန့်ဝေထားသည်။
လက်ရှိတွင် တော်လှန်ရေးအမည်ခံ စီးပွားရေးလုပ်နေသူများ၊ အဆဲပေါင်းစုံဆဲကာ “ငါတို့ နိုင်ပြီ” တစ်ခွန်း ဖြင့်သာ ပြည်သူများကို လှည့်စားနေသူများနှင့် သဘောထားခြင်းမတူညီသည့်အတွက် တော်လှန်ရေးအတွင်း မပါဝင်တော့ဘဲ ကင်းရှင်းရန် နေနေကြောင်းလည်း ချမ်းမြမြသော်က ရေးသားဖြန့်ဝေထားသည်။
“ အဆဲပေါင်းစုံနဲ့ နေရာမရွေး ဆဲတတ်တိုင်း၊ တစ်ခါလာလည်း စောင်းမြောင်းမယ် ထေ့မယ် ရိမယ်လောက်ပဲ တတ်ပြီး၊ “ငါတို့ နိုင်ပြီ” တစ်ခွန်းနဲ့ ပြည်သူကို လှည့်စားပြီး ကိုယ်တိုင်က ရတနာကုန်သည်တွေ ဖြစ်၊ ဆိုင်ပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေ ဖြစ်နေပြီး တစ်ခုခုဆို “ပြည်သူကို” “ပြည်သူကို”ဆိုပြီး ကိုယ်ကိုတိုင်က အာဏာရှင်သဖွယ် ပြည်သူ့အထက်မှာ ရှိနေသူသဖွယ် စိတ်ကြီး၀င်နေသူများနှင့် ကျွန်မသည် သဘောထား မတူညီတော့သလို ထွက်ပေါ်လာတဲ့ အစိုးရသစ်အပေါ်လည်း လုံး၀ အားမရ မမျှော်လင့်ပါသဖြင့် ဒီ တလရ သိုင်းလောကထဲ မပါ၀င်ချင်တော့ခြင်း ဖြစ်ပါသည်။ ငါတို့နိုင်မှာ တစ်ခွန်းနဲ့ ပြည်သူ လုံးပါးပါးအောင် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစား၊ လေလုံးထွားနေသူများ အားလုံးကို ရွံရှာသလို အထင် တစ်စက်မှ မကြီးတော့တာကြောင့် အကင်းရှင်းဆုံး နေနိုင်အောင် နေနေခြင်းသာ ဖြစ်ပါသည်” ဟု ပြောသည်။
ထို့အပြင် တပ်မတော်နေ့ အထိမ်းအမှတ်ပွဲကိုလည်း ၎င်း၏ သူဌေးဖြစ်သူနှင့်အတူ ပွဲကို တက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ တိုးတက်ရေးအတွက် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် မြန်မာ တည်ဆဲအစိုးရနှင့် ဆက်ဆံမည်ဖြစ်ကြောင်း ၊ မြန်မာ တည်ဆဲအစိုးရမှ ခွင့်ပြုပါက ပြည်သူ ကောင်းစားရေးအတွက် အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
“အဂတိ လိုက်စားတာတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်၊ အချင်းချင်း ဇယားပတ်ရှုပ်ပြဿနာပေါင်းစုံတက်ပြီး အာဏာရှင်ထက် အာဏာရှင်ဆန်ပြနေတဲ့ တလွဲဆံပင်ကောင်းတွေနဲ့တော့ ရှေ့လည်းမရောက်၊ ဘာမှလည်း ဖြစ်မလာ အချိန်သာကုန် ပြည်သူ့စည်းစိမ်သာကုန်သွားမယ် ဘာမှထူးခြားလာမှာ မဟုတ်တာမို့ ကျွန်မအနေနဲ့ကတော့ တိုင်းပြည်နဲ့ လူမျိုးတိုးတက်ရေးအတွက် အမှန်တကယ်လုပ်ကြမယ့်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ အစိုးရနဲ့ ဆက်ဆံရမှာဖြစ်သလို အဆိုပါအစိုးရသည် စစ်အစိုးရလည်းဖြစ်နိုင်သလို၊ အရပ်ဘက်အစိုးရလည်း ဖြစ်နိုင်သလို၊ ပါတီအသစ်၊ အစိုးရသစ်လည်းဖြစ်နိုင်ပါသည်။ မည်သည့်အစိုးရပဲဖြစ်ပါစေ အမှန်တကယ် တိုင်းပြည်နဲ့ ပြည်သူ တိုးတက်ဖွံဖြိုးရေးကို ရှေ့ရှုပြီး၊ ပူးပေါင်းပါ၀င် ထောက်ပံ့မည်ဆိုပါက လေးစားစွာ အသိအမှတ်ပြုပြီး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်မည်ဖြစ်ပါသည်” ဟု ရေးသားထားသည်။

Zawgyi Version;
“စစ္တပ္က ဒီမိုကေရစီစနစ္နဲ႔အုပ္ခ်ဳပ္မယ္၊ ျပည္သူေကာင္းက်ိဳးကိုၾကည့္မယ္၊ လုပ္မယ္ဆိုရင္ ကြၽန္မတို႔လက္မခံစရာ မရွိပါ” ဟု ခ်မ္းျမျမေသာ္ ေျပာလာ
Pearl (NP News) - မတ္ ၃ဝ
“စစ္တပ္က ဒီမိုကေရစီစနစ္နဲ႔ အုပ္ခ်ဳပ္မယ္၊ ျပည္သူေကာင္းက်ိဳးကို ၾကည့္မယ္၊ လုပ္မယ္ဆိုရင္ ကြၽန္မတို႔ လက္မခံစရာမရွိပါ” ဟု Tr.Chan ဟု လူသိမ်ားသူ ခ်မ္းျမျမေသာ္က ၎၏ Facebook လူမႈကြက္ရက္မွတဆင့္ ေရးသားျဖန႔္ေဝထားသည္။
ခ်မ္းျမျမေသာ္အေနျဖင့္ ပုဂၢိဳလ္စြဲ၊ ပါတီစြဲမရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူေကာင္းက်ိဳးကိုၾကည့္၍ ေဆာင္႐ြက္လွ်င္ ၎အေနျဖင့္ လက္ခံမည္ျဖစ္ေၾကာင္း ေရးသားထားသည္။
“ကြၽန္မသည္ ပုဂၢိဳလ္စြဲ၊ ပါတီစြဲ မရွိပါ။ စစ္မွန္ေသာ ဒီမိုကေရစီကို လိုလားၿပီး စစ္မွန္တဲ့နည္းလမ္းနဲ႔ ဒီမိုကေရစီ ပန္းတိုင္ကို ေလွ်ာက္လွမ္းလိုသူျဖစ္ပါသည္။ စစ္တပ္က ဒီမိုကေရစီစနစ္နဲ႔ အုပ္ခ်ဳပ္မယ္၊ ျပည္သူေကာင္းက်ိဳးကို ၾကည့္မယ္၊ လုပ္မယ္ဆိုရင္ ကြၽန္မတို႔လက္မခံစရာ မရွိပါ” ဟု ေရးသားထားသည္။
ထို႔အတူ ေတာ္လွန္ေရးအမည္ခံ စီးပြားေရးလုပ္ေနသူ မဟုတ္ဘဲ ကိုယ္ပိုင္ဝင္ေငြျဖင့္ ရပ္တည္ေနသူျဖစ္ေၾကာင္း ထည့္သြင္းေရးသားထားသည္။
“ တစ္ခ်ိဳ႕ေတြက တလရ အႀကီးအက်ယ္လုပ္ၿပီး စီးပြားေရးအႀကီးအက်ယ္နဲ႔ ေန႔ခ်င္း လခ်င္း အိုးပိုင္၊အိမ္ပိုင္၊ဆိုင္ပိုင္ေတြ ျဖစ္ကုန္ေပမယ့္ ကြၽန္မကေတာ့ တစ္လတစ္လ ေန႔စဥ္ သမာအာဇီ၀နဲ႔ စာသင္ရင္း၊ ကုမၸဏီမွာ အလုပ္လုပ္ရင္း ရတဲ့ လစာနဲ႔ရပ္တည္ၿပီး လိပ္ျပာလုံစြာ အသက္ရွင္ခဲ့ပါတယ္။ ဘယ္ ငတက္ျပားလိုမွ ဘယ္သူ႔ လည္ပင္းမွ မညႇစ္ဘဲ၊ ဘယ္သူ႔မွ ဆရာ မလုပ္ဘဲ၊ ကိုယ့္ေခြၽးနည္းစာနဲ႔ ကိုယ္ပဲ ရပ္တည္ခဲ့တာမို႔ အခုအခါ ေဘာမဆိုၿပီး ကြၽန္မကို တြန္းခ် လက္ညႇိဳးထိုးေနတဲ့ ဒီမိုကေရစီ အေရၿခဳံ ငတက္ျပား ဂိုဏ္းခ်ဳပ္မႀကီးနဲ႔ ခိုးသား ၅၀၀ထက္ စာရင္ ကြၽန္မက (၁၀၀) ရာခိုင္ႏႈန္း လိပ္ျပာသန႔္ပါတယ္” ဟု ၎၏ Facebook လူမႈကြက္ရက္တြင္ ေရးသားျဖန႔္ေဝထားသည္။
လက္ရွိတြင္ ေတာ္လွန္ေရးအမည္ခံ စီးပြားေရးလုပ္ေနသူမ်ား၊ အဆဲေပါင္းစုံဆဲကာ “ငါတို႔ ႏိုင္ၿပီ” တစ္ခြန္း ျဖင့္သာ ျပည္သူမ်ားကို လွည့္စားေနသူမ်ားႏွင့္ သေဘာထားျခင္းမတူညီသည့္အတြက္ ေတာ္လွန္ေရးအတြင္း မပါဝင္ေတာ့ဘဲ ကင္းရွင္းရန္ ေနေနေၾကာင္းလည္း ခ်မ္းျမျမေသာ္က ေရးသားျဖန႔္ေဝထားသည္။
“ အဆဲေပါင္းစုံနဲ႔ ေနရာမေ႐ြး ဆဲတတ္တိုင္း၊ တစ္ခါလာလည္း ေစာင္းေျမာင္းမယ္ ေထ့မယ္ ရိမယ္ေလာက္ပဲ တတ္ၿပီး၊ “ငါတို႔ ႏိုင္ၿပီ” တစ္ခြန္းနဲ႔ ျပည္သူကို လွည့္စားၿပီး ကိုယ္တိုင္က ရတနာကုန္သည္ေတြ ျဖစ္၊ ဆိုင္ပိုင္ရွင္၊ အိမ္ပိုင္ရွင္ေတြ ျဖစ္ေနၿပီး တစ္ခုခုဆို “ျပည္သူကို” “ျပည္သူကို”ဆိုၿပီး ကိုယ္ကိုတိုင္က အာဏာရွင္သဖြယ္ ျပည္သူ႔အထက္မွာ ရွိေနသူသဖြယ္ စိတ္ႀကီး၀င္ေနသူမ်ားႏွင့္ ကြၽန္မသည္ သေဘာထား မတူညီေတာ့သလို ထြက္ေပၚလာတဲ့ အစိုးရသစ္အေပၚလည္း လုံး၀ အားမရ မေမွ်ာ္လင့္ပါသျဖင့္ ဒီ တလရ သိုင္းေလာကထဲ မပါ၀င္ခ်င္ေတာ့ျခင္း ျဖစ္ပါသည္။ ငါတို႔ႏိုင္မွာ တစ္ခြန္းနဲ႔ ျပည္သူ လုံးပါးပါးေအာင္ ဖင္မႏိုင္ဘဲ ပဲႀကီးဟင္းစား၊ ေလလုံးထြားေနသူမ်ား အားလုံးကို ႐ြံရွာသလို အထင္ တစ္စက္မွ မႀကီးေတာ့တာေၾကာင့္ အကင္းရွင္းဆုံး ေနႏိုင္ေအာင္ ေနေနျခင္းသာ ျဖစ္ပါသည္” ဟု ေျပာသည္။
ထို႔အျပင္ တပ္မေတာ္ေန႔ အထိမ္းအမွတ္ပြဲကိုလည္း ၎၏ သူေဌးျဖစ္သူႏွင့္အတူ ပြဲကို တက္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာ တိုးတက္ေရးအတြက္ လုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္ရန္ ျမန္မာ တည္ဆဲအစိုးရႏွင့္ ဆက္ဆံမည္ျဖစ္ေၾကာင္း ၊ ျမန္မာ တည္ဆဲအစိုးရမွ ခြင့္ျပဳပါက ျပည္သူ ေကာင္းစားေရးအတြက္ အေကာင္အထည္ ေဖာ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေရးသားထားသည္။
“အဂတိ လိုက္စားတာေတြ၊ လာဘ္ေပးလာဘ္ယူ လုပ္၊ အခ်င္းခ်င္း ဇယားပတ္ရႈပ္ျပႆနာေပါင္းစုံတက္ၿပီး အာဏာရွင္ထက္ အာဏာရွင္ဆန္ျပေနတဲ့ တလြဲဆံပင္ေကာင္းေတြနဲ႔ေတာ့ ေရွ႕လည္းမေရာက္၊ ဘာမွလည္း ျဖစ္မလာ အခ်ိန္သာကုန္ ျပည္သူ႔စည္းစိမ္သာကုန္သြားမယ္ ဘာမွထူးျခားလာမွာ မဟုတ္တာမို႔ ကြၽန္မအေနနဲ႔ကေတာ့ တိုင္းျပည္နဲ႔ လူမ်ိဳးတိုးတက္ေရးအတြက္ အမွန္တကယ္လုပ္ၾကမယ့္လုပ္ငန္းရွင္ေတြအေနနဲ႔ လက္ရွိ အစိုးရနဲ႔ ဆက္ဆံရမွာျဖစ္သလို အဆိုပါအစိုးရသည္ စစ္အစိုးရလည္းျဖစ္ႏိုင္သလို၊ အရပ္ဘက္အစိုးရလည္း ျဖစ္ႏိုင္သလို၊ ပါတီအသစ္၊ အစိုးရသစ္လည္းျဖစ္ႏိုင္ပါသည္။ မည္သည့္အစိုးရပဲျဖစ္ပါေစ အမွန္တကယ္ တိုင္းျပည္နဲ႔ ျပည္သူ တိုးတက္ဖြံၿဖိဳးေရးကို ေရွ႕ရႈၿပီး၊ ပူးေပါင္းပါ၀င္ ေထာက္ပံ့မည္ဆိုပါက ေလးစားစြာ အသိအမွတ္ျပဳၿပီး လုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္မည္ျဖစ္ပါသည္” ဟု ေရးသားထားသည္။