အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးပြော

1120

Pearl (NP News) - မတ် ၃၀
အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်း ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန် များအား လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးက ယနေ့ (မတ် ၃၀ရက်) တွင် ကျင်းပသော တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ် ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။
ထို့အတူ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ဆက်လက် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းလည်း ပြောသည်။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် တိုက်စွမ်းအားနှင့် တိုက်စွမ်း ရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။
အလားတူ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်း ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ တပ်မတော်၏ကောင်းမြတ်သည့် သမိုင်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်း ဆောင်ခဲ့ပြီး ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင် ကျေးဇူးတင်ကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော် အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ် ပါကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi version:
အရပ္ဖက္-စစ္ဖက္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္ေစရန္ တပ္တြင္း၊ တပ္ျပင္စည္း႐ုံးေရးကို အေကာင္း ဆုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ျမန္မာ့တပ္မေတာ္၏ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တာဝန္ မ်ားအား လႊဲေျပာင္းလက္ခံတာဝန္ ထမ္းေဆာင္သည့္ ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စည္သူရဲဝင္းဦးက ယေန႔ (မတ္ ၃၀ရက္) တြင္ က်င္းပေသာ တာဝန္ လႊဲေျပာင္းလက္ခံျခင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား၌ မိန႔္ခြန္းေျပာၾကားရာတြင္ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ မိန႔္ခြန္းေျပာၾကားရာတြင္ လက္ရွိတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ယူခဲ့သည့္ ၁၅ ႏွစ္တာ ကာလအတြင္း ေခတ္မီတပ္မေတာ္ (Standard Army) တည္ေဆာက္ေရး လုပ္ငန္းစဥ္မ်ားကို စနစ္တက် အေကာင္အထည္ေဖာ္လုပ္ေဆာင္ခဲ့ေၾကာင္း၊ မိမိအေနျဖင့္လည္း တပ္မေတာ္ကို သမား႐ိုးက်စစ္ ဆင္ႏႊဲႏိုင္သည့္၊ တိုက္စြမ္းရည္ႏွင့္တိုက္စြမ္းအားရွိသည့္ ေခတ္မီတပ္မေတာ္တစ္ရပ္အျဖစ္ ရည္မွန္းခ်က္ထား ဖြဲ႕စည္းတည္ေဆာက္ႏိုင္ေရး ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက ေျပာသည္။
ထို႔အတူ ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြား ျဖစ္သည့္ ဒို႔တာဝန္အေရး(၃)ပါးကို ဆက္လက္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္က အတည္ျပဳျပ႒ာန္းထားသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ကို ကာကြယ္ေစာင့္ ေရွာက္သြားမည္ ျဖစ္ေၾကာင္းလည္း ေျပာသည္။
ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္မႈႏွင့္အတူ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ ျပည္သူတစ္ရပ္လုံး၏လိုလားခ်က္ျဖစ္သည့္ ဒီမိုကေရစီလမ္းေၾကာင္းကို ဆက္လက္ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ တာဝန္မ်ားကို ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရ၏ ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္ရာတြင္ အျပည့္ အဝ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ႏွင့္ တိုက္စြမ္းအားႏွင့္ တိုက္စြမ္း ရည္ရွိသည့္ တပ္မေတာ္ျဖစ္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက ေျပာသည္။
အလားတူ အရပ္ဖက္-စစ္ဖက္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္ေစရန္ တပ္တြင္း၊ တပ္ျပင္စည္း႐ုံးေရးကို အေကာင္း ဆုံး အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ၊ တပ္မေတာ္၏ေကာင္းျမတ္သည့္ သမိုင္း အစဥ္အလာမ်ားကို ဆက္လက္ထိန္းသိမ္းၿပီး ႏိုင္ငံေတာ္က အားထားရေသာ တပ္မေတာ္၊ ျပည္သူလူထုက အားကိုးရေသာ တပ္မေတာ္ျဖစ္ရန္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
မိမိတို႔အေနျဖင့္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ကာလတစ္ေလွ်ာက္လုံးတြင္ ေပးအပ္သည့္ အမိန႔္ႏွင့္တာဝန္မ်ားကို ဦးလည္မသုန္ ေက်ပြန္စြာ ႀကိဳးပမ္းထမ္း ေဆာင္ခဲ့ၿပီး ယခုကဲ့သို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ယုံၾကည္စြာ တာဝန္ေပးအပ္ခဲ့သည့္ တပ္မေတာ္အႀကီးအကဲမ်ားကို အထူးပင္ ေက်းဇူးတင္ေၾကာင္း၊ အထက္အႀကီးအကဲမ်ား၏ ယုံၾကည္မႈႏွင့္ ထိုက္တန္စြာ ႏိုင္ငံေတာ္အက်ိဳး တပ္မေတာ္ အက်ိဳးကို ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမွ် ႀကိဳးပမ္းထမ္းေဆာင္သြားမည္ကို ကတိျပဳအပ္ ပါေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။