တပ်မတော်အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြော

 2679

Pearl (NP News) - မတ် ၃၀

တပ်မတော်က လိုအပ်လာသည့် မည်သည့်အချိန်တွင်ဖြစ်စေ အမြဲတမ်းအဆင်သင့်ဖြစ်နေမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့ (မတ်လ ၃၀ ရက်) နံနက်ပိုင်းတွင်ကျင်းပသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည်။
အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့သည် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူခဲ့ပြီးနောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် တပ်မတော်သည် မျိုးဆက်သစ်ငယ်ရွယ်နုပျိုလန်းဆန်းသည့် တပ်မတော်ဖြစ်စေရေးအတွက် လွတ်လပ်ရေးမရမီအချိန်၊ လွတ်လပ်ရေးရရှိပြီး အချိန်မှ ယခုအချိန်အထိ အဆင့်ဆင့်သော ခေါင်းဆောင်များက လေ့ကျင့်သင်ကြားပေးပြီး တာဝန်များကို အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြောသည်။

ထို့ပြင် တပ်မတော်တွင် တာဝန်တစ်ခုလွှဲပြောင်းခြင်းသည် သာမန်လွှဲပြောင်းခြင်း မဟုတ်ဘဲ ယုံကြည်မှု၊ စိတ်ချမှု၊ သင့်တော်သူများကို ကြိုတင်လေ့ကျင့်ပေးမှုတို့ဖြင့် တာဝန်များကို လွှဲပြောင်း ပေးအပ်ခြင်းဖြစ်သည်ကို ပြောကြားလိုကြောင်း ပြောသည်။

တစ်နည်းအားဖြင့် တပ်မတော်တွင် ငယ်ရွယ်နုပျိုသည့် ခေါင်းဆောင်များသည် အတွေ့အကြုံနှင့်ယှဉ်၍ ခေါင်းဆောင်မှသာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၊ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဉပဒေ (၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်များနှင့် တက်ရောက်လာ သည့် နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ နိုင်ငံ့အရေးကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငယ်ရွယ်နုပျိုသည့် မျိုးဆက်သစ်များအား အဆင့်ဆင့်သော တာဝန်များကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းလည်း ပြောသည်။

မိမိ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဆင်ရေးအောင်မြင်ရေးနှင့် အထိအခိုက်အကျအဆုံးအနည်းဆုံးဖြင့် အောင်မြင်ရေး စသည်တို့ကို ရည်မှန်း၍ အတွေ့အကြုံနှင့် သွန်သင်ဆုံးမမှုများ၊ သင်ကြားပေးခဲ့သည့် စစ်ပညာများကို အသုံးချ၍ မှန်ကန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ထို့ပြင် တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဖြစ်သည့်အတွက် နောင်တွင်လည်း တပ်မတော်က လိုအပ်လာသည့် မည်သည့်အချိန်တွင်ဖြစ်စေ အမြဲတမ်းအဆင်သင့်၊ အမြဲတမ်းအသင့်ဖြစ်နေမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

Zawgyi Version;
တပ္မေတာ္အတြက္ အၿမဲတမ္းအဆင္သင့္ျဖစ္ေနမည္ဟု ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ေျပာ
Pearl (NP News) - မတ္ ၃၀
တပ္မေတာ္က လိုအပ္လာသည့္ မည္သည့္အခ်ိန္တြင္ျဖစ္ေစ အၿမဲတမ္းအဆင္သင့္ျဖစ္ေနမည္ျဖစ္ေၾကာင္း ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ယေန႔ (မတ္လ ၃၀ ရက္) နံနက္ပိုင္းတြင္က်င္းပေသာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္လႊဲေျပာင္းလက္ခံျခင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား၌ ေျပာၾကားခဲ့သည္။
အခမ္းအနားတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ႏွင့္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ လႊဲေျပာင္းလက္ခံတာဝန္ထမ္းေဆာင္မည့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း တို႔သည္ ဂုဏ္ျပဳတပ္ခြဲ၏ အေလးျပဳျခင္းကို ခံယူခဲ့ၿပီးေနာက္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း က ဂုဏ္ျပဳမိန႔္ခြန္းေျပာၾကားရာတြင္ တပ္မေတာ္သည္ မ်ိဳးဆက္သစ္ငယ္႐ြယ္ႏုပ်ိဳလန္းဆန္းသည့္ တပ္မေတာ္ျဖစ္ေစေရးအတြက္ လြတ္လပ္ေရးမရမီအခ်ိန္၊ လြတ္လပ္ေရးရရွိၿပီး အခ်ိန္မွ ယခုအခ်ိန္အထိ အဆင့္ဆင့္ေသာ ေခါင္းေဆာင္မ်ားက ေလ့က်င့္သင္ၾကားေပးၿပီး တာဝန္မ်ားကို အသီးသီးလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ေျပာသည္။

ထို႔ျပင္ တပ္မေတာ္တြင္ တာဝန္တစ္ခုလႊဲေျပာင္းျခင္းသည္ သာမန္လႊဲေျပာင္းျခင္း မဟုတ္ဘဲ ယုံၾကည္မႈ၊ စိတ္ခ်မႈ၊ သင့္ေတာ္သူမ်ားကို ႀကိဳတင္ေလ့က်င့္ေပးမႈတို႔ျဖင့္ တာဝန္မ်ားကို လႊဲေျပာင္း ေပးအပ္ျခင္းျဖစ္သည္ကို ေျပာၾကားလိုေၾကာင္း ေျပာသည္။

တစ္နည္းအားျဖင့္ တပ္မေတာ္တြင္ ငယ္႐ြယ္ႏုပ်ိဳသည့္ ေခါင္းေဆာင္မ်ားသည္ အေတြ႕အႀကဳံႏွင့္ယွဥ္၍ ေခါင္းေဆာင္မွသာ တပ္မေတာ္၏ အဓိကတာဝန္ျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရး၊ ဒို႔တာဝန္အေရး သုံးပါးကို ကာကြယ္ေရးႏွင့္ ဖြဲ႕စည္းပုံ အေျခခံ ဉပေဒ (၂၀၀၈ ခုႏွစ္)ကို ကာကြယ္ေစာင့္ေရွာက္ေရးတာဝန္မ်ားႏွင့္ တက္ေရာက္လာ သည့္ ႏိုင္ငံေတာ္အစိုးရႏွင့္လက္တြဲ၍ ႏိုင္ငံ့အေရးကို ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ငယ္႐ြယ္ႏုပ်ိဳသည့္ မ်ိဳးဆက္သစ္မ်ားအား အဆင့္ဆင့္ေသာ တာဝန္မ်ားကို လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္းလည္း ေျပာသည္။

မိမိ တာဝန္ ထမ္းေဆာင္စဥ္ကာလအတြင္း တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး၊ စစ္ဆင္ေရးေအာင္ျမင္ေရးႏွင့္ အထိအခိုက္အက်အဆုံးအနည္းဆုံးျဖင့္ ေအာင္ျမင္ေရး စသည္တို႔ကို ရည္မွန္း၍ အေတြ႕အႀကဳံႏွင့္ သြန္သင္ဆုံးမမႈမ်ား၊ သင္ၾကားေပးခဲ့သည့္ စစ္ပညာမ်ားကို အသုံးခ်၍ မွန္ကန္သည့္ စိတ္ရင္းေစတနာျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ထို႔ျပင္ တပ္မေတာ္သာအမိ၊ တပ္မေတာ္သာအဖ ျဖစ္သည့္အတြက္ ေနာင္တြင္လည္း တပ္မေတာ္က လိုအပ္လာသည့္ မည္သည့္အခ်ိန္တြင္ျဖစ္ေစ အၿမဲတမ္းအဆင္သင့္၊ အၿမဲတမ္းအသင့္ျဖစ္ေနမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.