အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့ မှ ဒုတိယ သမ္မတလောင်း အသီးသီး ကို မနက်ဖြန် အပြီးသတ် မဲပေးရွေးချယ်ဖွယ်ရှိ

 4972

သန့်ဇင်(NP News)-မတ် ၃၀

အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့ မှ ဒုတိယ သမ္မတလောင်း အသီးသီးကို မနက်ဖြန် အပြီးသတ် မဲပေးရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ယနေ့(မတ်လ ၃၀ ရက်) နံနက် (၁၀) နာရီက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတလောင်း အမည်စာရင်းများ အဆိုပြုလွှာတင်သွင်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးက အဆိုတင်သွင်းပြီး ပင်လောင်းမဲဆန္ဒနယ်မှ နန်းရီရီဝင်းက ထောက်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒေါက်တာကျော်ဆွေကို ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦးက အဆိုတင်သွားခဲ့ပြီး စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးမိုးတင်က ထောက်ခံခဲ့ ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများ စိစစ်နိုင်ရန် စိစစ်ရေး အဖွဲ့ဝင်အဖြစ် လှည်းကူးမဲဆန္ဒနယ်မှ ဦးခင်မောင်စိုးအား မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက အဆိုတင်သွင်းခဲ့ရာ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာသန့်ဇော်လင်းက ထောက်ခံခဲ့ကြောင်း သိရသည်။

အလားတူ အမျိုးသားလွှတ်တော်တွင်လည်း ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ လောင်းများ အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပြုလွှာများအား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများက စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်း အမည်စာရင်း ပြုစုနိုင်ရန် အစုအဖွဲ့အစည်းဝေး ပထမနေ့အား ရပ်နားခဲ့ပြီး အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် (မတ်လ ၃၁ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

“ပြည်သူ့ နဲ့ အမျိုးသားလွှတ်တော်က ဒုတိယ သမ္မတလောင်း မဲပေးရွေးချယ်တာကို မနက်ဖြန် (မတ်လ ၃၁ ရက်) အပြီး လုပ်မယ်လို့ ယူဆရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အလားတူ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ကလည်း ဒုတိယသမ္မတလောင်း ရွေးချယ်ရေးအတွက် ယနေ့ (မတ်လ ၃၀) ရက်တွင်ပင် အစည်းအဝေးကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ အမည်စာရင်းတင်သွင်းမှုအား မသိရှိရသေးပေ။

Zawgyi version:

အမ်ိဳးသားလႊတ္ေတာ္ ႏွင့္ ျပည္သူ႔လႊတ္ေတာ္တို႔ မွ ဒုတိယ သမၼတေလာင္း အသီးသီး ကို မနက္ျဖန္ အၿပီးသတ္ မဲေပးေ႐ြးခ်ယ္ဖြယ္ရွိေၾကာင္း သိရသည္။
ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕အစည္းအေဝး ပထမေန႔ကို ယေန႔(မတ္လ ၃၀ ရက္) နံနက္ (၁၀) နာရီက ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔တြင္ တစ္ၿပိဳင္တည္းက်င္းပခဲ့ေၾကာင္း သိရသည္။
ျပည္သူ႔လႊတ္ေတာ္၏ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအစုအဖြဲ႕က ဒုတိယ သမၼတေလာင္း အမည္စာရင္းမ်ား အဆိုျပဳလႊာတင္သြင္းရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ထားဝယ္မဲဆႏၵနယ္မွ ေဒါက္တာေက်ာ္ေက်ာ္ေဌးက အဆိုတင္သြင္းၿပီး ပင္ေလာင္းမဲဆႏၵနယ္မွ နန္းရီရီဝင္းက ေထာက္ခံခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးပါတီမွ ေတာင္တြင္းႀကီးမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္ေသာ ေဒါက္တာေက်ာ္ေဆြကို ႀကံခင္းမဲဆႏၵနယ္မွ ဦးႏိုင္မင္းဦးက အဆိုတင္သြားခဲ့ၿပီး ေစတုတၱရာ မဲဆႏၵနယ္မွ ဦးမိုးတင္က ေထာက္ခံခဲ့ ေၾကာင္း သိရသည္။
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအစုအဖြဲ႕က ႏိုင္ငံေတာ္သမၼတအတြက္ သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ား စိစစ္ႏိုင္ရန္ စိစစ္ေရး အဖြဲ႕ဝင္အျဖစ္ လွည္းကူးမဲဆႏၵနယ္မွ ဦးခင္ေမာင္စိုးအား မိတၳီလာ မဲဆႏၵနယ္မွ ေဒါက္တာေမာင္သင္းက အဆိုတင္သြင္းခဲ့ရာ ေညာင္ေလးပင္မဲဆႏၵနယ္မွ ေဒါက္တာသန႔္ေဇာ္လင္းက ေထာက္ခံခဲ့ေၾကာင္း သိရသည္။
အလားတူ အမ်ိဳးသားလႊတ္ေတာ္တြင္လည္း ေ႐ြးေကာက္ခံအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕က ဒုတိယသမၼတ ေလာင္းမ်ား အျဖစ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေဒၚနန္းနီနီေအးႏွင့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာတို႔ကို အမည္စာရင္းတင္သြင္းခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုျပဳလႊာမ်ားအား ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒မ်ားက စိစစ္ႏိုင္ရန္ႏွင့္ ဒုတိယသမၼတေလာင္း အမည္စာရင္း ျပဳစုႏိုင္ရန္ အစုအဖြဲ႕အစည္းေဝး ပထမေန႔အား ရပ္နားခဲ့ၿပီး အစုအဖြဲ႕အစည္းအေဝး ဒုတိယေန႔ကို မနက္ျဖန္ (မတ္လ ၃၁ ရက္) နံနက္ ၁၀ နာရီတြင္ က်င္းပမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ေၾကာင္း သိရသည္။
“ျပည္သူ႔ နဲ႔ အမ်ိဳးသားလႊတ္ေတာ္က ဒုတိယ သမၼတေလာင္း မဲေပးေ႐ြးခ်ယ္တာကို မနက္ျဖန္ (မတ္လ ၃၁ ရက္) အၿပီး လုပ္မယ္လို႔ ယူဆရပါတယ္” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ေျပာသည္။
အလားတူ တပ္မေတာ္သား ကိုယ္စားလွယ္အစုအဖြဲ႕ကလည္း ဒုတိယသမၼတေလာင္း ေ႐ြးခ်ယ္ေရးအတြက္ ယေန႔ (မတ္လ ၃၀) ရက္တြင္ပင္ အစည္းအေဝးက်င္းပျပဳလုပ္မည္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အမည္စာရင္းတင္သြင္းမႈအား မသိရွိရေသးေပ။

Picture

Hlaing Wai Phyo

30/03/2026 14:07

သူျဖူငါမဲမလုပ္ျကပဲအက်ိုးရွိရာပူးေပါင္း၊အက်ိုးယုတ္မွာ၀ိုင္းကန့့္ကြက္

Related news

© 2021. All rights reserved.