လူမှုဖူလုံရေးမှတ်ပုံတင်ထားသော အလုပ်သမား (၉)သိန်းခန့်ကို COVID- 19 ကာကွယ်ဆေးဦးစွာထိုးနှံပေးမည်

1122
NP News - သြဂုတ် ၁၁
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်အလိုက် စက်ရုံအလုပ်ရုံများမှ လူမှုဖူလုံရေးမှတ်ပုံတင်ထားသော အလုပ်သမားများကို COVID -19 ရောဂါကာကွယ်ဆေး ပထမအကြိမ် (First Doses) ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဦးရေ (၂)သန်းကျော်ရှိရာ လတ်တလောတွင် ရောက်ရှိလာသည့် ကာကွယ်ဆေးအ ရေအတွက်အရ လူမှုဖူလုံရေးမှတ်ပုံတင်ထားသော အလုပ်သမားဦးရေ ၈သိန်း ၉ သောင်းကျော်ကို ဦးစွာကာ ကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး ကျန်ရှိသောအလုပ်သမားများကို အစီအစဉ်အလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
COVID -19 ကာကွယ်ဆေးထိုးနှံမည့် နေရာများ၊ စုရပ်များ၊ တာဝန်ခံများကို မကြာခင် လူမှုဖူလုံရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာဇုန်များမှ အသိပေးကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#NPNews