မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ်မှ ရေယာဉ် (၃)စီး ရောက်ရှိလာ

116

Pearl (NP News) - နိုဝင်ဘာ ၁၁
မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ်မှ ရေယာဉ်(၃)စီး ရောက်ရှိလာကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့သည် မြန်မာနိုင်ငံသို့ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယမန်နေ့ (နိုဝင်ဘာ ၁ဝ ရက်)၊ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊ စစ်သည်များလိုက်ပါလာကြောင်းလည်း သိရသည်။
ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံေရေၾကာင္းလုံၿခဳံေရးဆိုင္ရာေလ့က်င့္ခန္းေဆာင္႐ြက္ရန္ ႐ုရွားေရတပ္မွ ေရယာဥ္ (၃)စီး ေရာက္ရွိလာ
Pearl (NP News) - ႏိုဝင္ဘာ ၁၁
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံေရေၾကာင္းလုံၿခဳံေရးဆိုင္ရာေလ့က်င့္ခန္းေဆာင္႐ြက္ရန္ ႐ုရွားေရတပ္မွ ေရယာဥ္(၃)စီး ေရာက္ရွိလာေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
႐ုရွားေရတပ္ Pacific Fleet မွ ဖရီဂိတ္စစ္ေရယာဥ္ Marshal Shaposhnikov ၊ ေကာ္ဗက္စစ္ ေရယာဥ္ Gremyashchiy ႏွင့္ေထာက္ပံ့ေရးေရယာဥ္ Boris Butoma တို႔သည္ ျမန္မာႏိုင္ငံသို႔ တတိယအႀကိမ္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံေရေၾကာင္းလုံၿခဳံေရးဆိုင္ရာ ေလ့က်င့္ခန္းေဆာင္႐ြက္ရန္ႏွင့္ ခ်စ္ၾကည္ေရးခရီးလည္ပတ္ရန္ ယမန္ေန႔ (ႏိုဝင္ဘာ ၁ဝ ရက္)၊ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္းသို႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
အဆိုပါစစ္ေရယာဥ္မ်ားတြင္ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ႐ုရွားေရတပ္ Pacific Fleet မွ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရွိ၊ စစ္သည္မ်ားလိုက္ပါလာေၾကာင္းလည္း သိရသည္။
ခရီးစဥ္အတြင္း ရန္ကုန္ၿမိဳ႕ရွိ အထင္ကရေနရာမ်ားသို႔ သြားေရာက္ေလ့လာလည္ပတ္ျခင္း၊ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္းႏွင့္ ဆိပ္ကမ္းအေျချပဳေလ့က်င့္ခန္း (Harbour Phase) မ်ား ျပဳလုပ္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။