ဒရုန်းခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဗြိတိန်ဒရုန်းဆန့်ကျင်ရေးယူနစ်တစ်ခုကို ဘယ်လ်ဂျီယံမှာ ဖြန့်ကျက် ချထား

 74

Pika (NP News) - နိုဝင်ဘာ ၁၁

ဗြိတိန်ဒရုန်းဆန့်ကျင်ရေးယူနစ်တစ်ခုဟာ ဒရုန်းခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ ဘယ်လ်ဂျီယံကာကွယ်ရေးဝန်ကြီး Theo Francken က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘယ်လ်ဂျီယံမှာ ဒရုန်းများစွာပျံသန်းတဲ့ ဖြစ်ရပ်ဖြစ်ပွားလာခဲ့ပြီးနောက် ယခုလိုဖြန့် ကျက်ချထားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဘယ်လ်ဂျီယံမှာ ဒရုန်းဆန့်ကျင်ရေးယူနစ်တစ်ခု ဖြန့်ကျက်ချထားမှုကို ဗြိတိန်အစိုးရက အတည်ပြုခဲ့တယ် လို့လည်း သိရပါတယ်။ ဥရောပတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ဒရုန်းဖြစ်ရပ်တွေကြောင့် ရုရှားနဲ့တင်းမာမှုတွေ မြင့်တက် လာခဲ့ပြီးနောက် စစ်အခြေစိုက်စခန်းတွေအပေါ်မှာ ပျံသန်းလာနိုင်တဲ့ ဒရုန်းတွေကို ပစ်ချဖို့ ဗြိတိန်စစ်တပ်ကို ခွင့်ပြုသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ် (၂)ပတ်ကျော်အကြာမှာ ဘယ်လ်ဂျီယံကို ဒရုန်းဆန့်ကျင်ရေးယူနစ်ပေးပို့တဲ့ ဖြစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဒရုန်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံအများအပြားဟာ ရုရှားကို အပြစ်တင်ခဲ့ ကြပြီး စစ်ရေးအသုံးစရိတ်ကိုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ ရုရှားရဲ့ခြိမ်းခြောက်မှုတွေ ကို တုံ့ပြန်နိုင်ဖို့အတွက် ဥရောပအရှေ့ပိုင်းမှာ ဒရုန်းကာကွယ်ရေးစနစ်တွေကို စမ်းသပ်နေတယ်လို့လည်း နေတိုးအဖွဲ့က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ၿဗိတိန္ဒ႐ုန္းဆန႔္က်င္ေရးယူနစ္တစ္ခုကို ဘယ္လ္ဂ်ီယံမွာ ျဖန႔္က်က္ ခ်ထား
Pika (NP News) - ႏိုဝင္ဘာ ၁၁
ၿဗိတိန္ဒ႐ုန္းဆန႔္က်င္ေရးယူနစ္တစ္ခုဟာ ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ဘယ္လ္ဂ်ီယံႏိုင္ငံကို ေရာက္ရွိလာၿပီျဖစ္တယ္လို႔ ဘယ္လ္ဂ်ီယံကာကြယ္ေရးဝန္ႀကီး Theo Francken က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ဘယ္လ္ဂ်ီယံမွာ ဒ႐ုန္းမ်ားစြာပ်ံသန္းတဲ့ ျဖစ္ရပ္ျဖစ္ပြားလာခဲ့ၿပီးေနာက္ ယခုလိုျဖန႔္ က်က္ခ်ထားမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ဘယ္လ္ဂ်ီယံမွာ ဒ႐ုန္းဆန႔္က်င္ေရးယူနစ္တစ္ခု ျဖန႔္က်က္ခ်ထားမႈကို ၿဗိတိန္အစိုးရက အတည္ျပဳခဲ့တယ္ လို႔လည္း သိရပါတယ္။ ဥေရာပတစ္ဝွမ္းမွာ ျဖစ္ပြားခဲ့တဲ့ဒ႐ုန္းျဖစ္ရပ္ေတြေၾကာင့္ ႐ုရွားနဲ႔တင္းမာမႈေတြ ျမင့္တက္ လာခဲ့ၿပီးေနာက္ စစ္အေျခစိုက္စခန္းေတြအေပၚမွာ ပ်ံသန္းလာႏိုင္တဲ့ ဒ႐ုန္းေတြကို ပစ္ခ်ဖို႔ ၿဗိတိန္စစ္တပ္ကို ခြင့္ျပဳသြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး John Healey က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္ (၂)ပတ္ေက်ာ္အၾကာမွာ ဘယ္လ္ဂ်ီယံကို ဒ႐ုန္းဆန႔္က်င္ေရးယူနစ္ေပးပို႔တဲ့ ျဖစ္ရပ္ထြက္ေပၚလာတာျဖစ္ပါတယ္။
မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ ဒ႐ုန္းျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ဥေရာပႏိုင္ငံအမ်ားအျပားဟာ ႐ုရွားကို အျပစ္တင္ခဲ့ ၾကၿပီး စစ္ေရးအသုံးစရိတ္ကိုျမႇင့္တင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြ ကို တုံ႔ျပန္ႏိုင္ဖို႔အတြက္ ဥေရာပအေရွ႕ပိုင္းမွာ ဒ႐ုန္းကာကြယ္ေရးစနစ္ေတြကို စမ္းသပ္ေနတယ္လို႔လည္း ေနတိုးအဖြဲ႕က ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.