နျူကလီးယားစမ်းသပ်မှုတွေ တားမြစ်တဲ့စာချုပ်ကို အမေရိကန်က မချိုးဖောက်သရွေ့ ရုရှားကလည်း မချိုးဖောက်ဘူးလို့ ရုရှားအစိုးရပြော

 67

Pika (NP News) - နိုဝင်ဘာ ၁၁

နျူကလီးယားစမ်းသပ်မှုတွေကို တားမြစ်တဲ့ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ဖို့ ရည်ရွယ်ချက်တွေ ရုရှားမှာမရှိပေမယ့်လည်း အခြားနိုင်ငံတွေက နျူကလီးယားစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ရင် ရုရှားကလည်း အလားတူလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ နျူကလီးယားစမ်းသပ်မှုတွေ ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒီမစ်ထရီပက်စကော့ဗ်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားနဲ့ တရုတ်တို့ အပါအဝင် အခြားနိုင်ငံအများအပြားဟာ အများပြည်သူမသိတဲ့မြေအောက်နျူကလီးယား စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ တယ်လို့လည်း သိရပါတယ်။
ဒီမစ်ထရီပက်စကော့ဗ်က “နျူကလီးယားစမ်းသပ်မှုတွေကိုတားမြစ်တဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို ချိုးဖောက်ဖို့ ရည်ရွယ်ချက်တွေ ကျွန်တော်တို့မှာမရှိပါဘူး။ ဒါပေမယ့် အခြားနိုင်ငံတွေက နျူကလီးယားစမ်းသပ်မှု တွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ အလားအလာရှိတဲ့ နျူကလီးယားစမ်းသပ်မှုတွေအတွက် အဆိုပြုချက်တွေပြင်ဆင်ဖို့ ရုရှားသမ္မတပူတင်ရဲ့အမိန့်ကို လိုက်နာပြီး အလုပ်တွေဆက်လက်လုပ်ဆောင်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဒီမစ်ထရီပက်စကော့ဗ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Zawgyi Version:
န်ဴကလီးယားစမ္းသပ္မႈေတြ တားျမစ္တဲ့စာခ်ဳပ္ကို အေမရိကန္က မခ်ိဳးေဖာက္သေ႐ြ႕ ႐ုရွားကလည္း မခ်ိဳးေဖာက္ ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၁
န်ဴကလီးယားစမ္းသပ္မႈေတြကို တားျမစ္တဲ့ ႏိုင္ငံတကာသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ဖို႔ ရည္႐ြယ္ခ်က္ေတြ ႐ုရွားမွာမရွိေပမယ့္လည္း အျခားႏိုင္ငံေတြက န်ဴကလီးယားစမ္းသပ္မႈေတြလုပ္ေဆာင္ခဲ့ရင္ ႐ုရွားကလည္း အလားတူလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ န်ဴကလီးယားစမ္းသပ္မႈေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့မႈကို တုံ႔ျပန္တဲ့အေနနဲ႔ ဒီမစ္ထရီပက္စေကာ့ဗ္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
႐ုရွားနဲ႔ တ႐ုတ္တို႔ အပါအဝင္ အျခားႏိုင္ငံအမ်ားအျပားဟာ အမ်ားျပည္သူမသိတဲ့ေျမေအာက္န်ဴကလီးယား စမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စြပ္စြဲေျပာဆိုခဲ့ တယ္လို႔လည္း သိရပါတယ္။
ဒီမစ္ထရီပက္စေကာ့ဗ္က “န်ဴကလီးယားစမ္းသပ္မႈေတြကိုတားျမစ္တဲ့ ႏိုင္ငံတကာသေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ဖို႔ ရည္႐ြယ္ခ်က္ေတြ ကြၽန္ေတာ္တို႔မွာမရွိပါဘူး။ ဒါေပမယ့္ အျခားႏိုင္ငံေတြက န်ဴကလီးယားစမ္းသပ္မႈ ေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔လည္း အလားတူ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ အလားအလာရွိတဲ့ န်ဴကလီးယားစမ္းသပ္မႈေတြအတြက္ အဆိုျပဳခ်က္ေတြျပင္ဆင္ဖို႔ ႐ုရွားသမၼတပူတင္ရဲ႕အမိန႔္ကို လိုက္နာၿပီး အလုပ္ေတြဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.