ဥရောပတိုက်အတွင်းရှိလူပေါင်းသန်းရာချီသည် ဆောင်းရာသီတွင် အခက်အခဲများစွာဖြင့်ရင်ဆိုင်ရဖွယ်ရှိနေ

 948

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃
ဥရောပတိုက်တွင် သဘာဝဓါတ်ငွေ့ဈေးနှုန်းမြင့်တက်လွန်းနေသည့်အတွက် ဆောင်းရာသီတွင် လူပေါင်းသန်းရာချီသည် အခက်အခဲများစွာနှင့်ရင်ဆိုင်ရဖွယ်ရှိနေပြီး အိမ်များအအေးဓါတ်ပိုသည့် ပြဿနာအပြင် စွမ်းအင်အခက်အခဲများဖြစ်လာဖွယ်ရှိကြောင်း CNN သတင်းဖော်ပြချက်အရ သိရသည်။

ဓါတ်မြေသြဇာများကိုထုတ်လုပ်ရာတွင်လည်း သဘာဝဓါတ်ငွေ့ကို အဓိကထားအသုံးပြုလာသည့် အတွက် ဓါတ်ငွေ့ဈေးနှုန်းများပိုမိုမြင့်တက်လာနေပြီး နိုင်ငံရေးသမားများက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတွေ့ကြုံခံစားနေရချိန်တွင် သဘာဝဓါတ်ငွေ့ဈေးနှုန်းမြင့်တက်လာခြင်းကို ဝေဖန်ပြစ်တင်နေကြသည်။ ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းမှုများ အဟန့်တားဖြစ် လာနိုင်သည့်အပြင် လေကိုအသုံးပြုထုတ်လုပ်သည့် စွမ်းအင်ထုတ်လုပ်ရာတွင် နွေရာသီထက်ပုံမှန် လေတိုက်နှုန်းနည်းသည့်ကာလများတွင် အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း နိုင်ငံရေးသ မားများက ပြောသည်။ ဥရောတိုက်၏အခက်အခဲသည် ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖြစ်ပြီး ဒေသအတွင်းတွင် လေ၊ ဆိုလာကိုအသုံးပြုသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်သော်လည်း လုံလောက်မှုမရှိကြောင်းသိရသည်။ ဥရောပတိုက်အနေဖြင့်ရုရုားကဲ့သို့ သဘာဝဓါတ်ငွေ့အများအပြားထုတ်လုပ်နိုင်သည့် နိုင်ငံများ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့အပေါ်အလွန်အမင်းမှီခိုရမီများကိုလျော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုများကို လက်ရှိထက်ပိုမိုလျင်မြန်စွာလုပ်ကိုင်ရန်လိုအပ်နေကြောင်းသုံးသပ်မှုများလည်းရှိသည်။

ဥရောပသမဂ္ဂ၏လွှတ်တော်အမတ်(၄ဝ) ကျော်သည် သဘာဝဓါတ်ငွေ့ဈေးနှုန်းများမြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ပိုင်သဘာဝဓါတ်ငွေ့ကုမ္ပဏီဖြစ်သည့် Gazpromကို စုံစမ်းစစ်ဆေးရန် ဥရောပကော်ရှင်ထံ တိုင်ကြားထားကြောင်းသိရသည်။ အဆိုပါလွှတ်တော်အမတ်များက ဈေးနှုန်းတက်နေခြင်းနှင့်ပတ်သက်ပြီး ရုရှားဓါတ်ငွေ့ကုမ္ပဏီကို ကန့်သတ်ရန်နှင့် ရုရှားနိုင်ငံက ပို့လွှတ်သည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြစ်သည့် Nord Stream 2 အသုံးပြုထုတ်လုပ်သည့် ဂျာမနီနိုင်ငံကိုဖိအားပေးရန် ဥရောပကော်မရှင်ကို တိုက်တွန်းထားကြောင်းသိရသည်။ Gazprom က လက်ရှိသတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ပြည်ပနိုင်ငံများရှိ ဖောက်သည်များကို ဓါတ်ငွေ့ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ ဓါတ်ငွေ့ကူညီထောက်ပံ့ပေးမှုများသည်ပြီးခဲ့သည့် (၈) လအတွင်း သမိုင်းစံချိန်တင်လုနီးပါးအခြေနေဖြစ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဥရောပတိုက်ရှိနိုင်များထံ ရုရှားနိုင်ငံ၏ ဓါတ်ငွေ့ပေးပို့မှုများသည် ၂ဝ၁၉ ခုနှစ်ကပေးပို့သည့် ပမာဏာထက်များစွာလျော့ကျခဲ့သော်လည်း ဆောင်းရာသီမတိုင်ခင် ဓါတ်ငွေ့ပေးပို့မှုများ ပိုမိုလုပ်ဆောင်လာရဖွယ်ရှိကြောင်း သုံးသပ်ထားသည်။ ဥရောပသမဂ္ဂ၏ လက်ရှိဓါတ်ငွေ့အသုံးပြုမှုပမာဏာသည်
အမေရိကန်ဒေါ်လာ (၁ဝ၂) ဘီလျံရှိကြောင်း Global Energy Monitor (GEM) က ပြောသည်။
#NPNews

Related news

© 2021. All rights reserved.