အီရန်မှာ အဆိပ်သင့်မှု သံသယနဲ့ ဆေးရုံရောက်လာသူ ကျောင်းသူလေးတွေ များပြားလာ

613

ရောင်နီ (NP News) - မတ် ၅
အီရန်မှာ အဆိပ်ခတ်တိုက်ခိုက်မှုသံသယနဲ့ ပြည်နယ်ငါးခုရှိ အီရန်ကျောင်းသူလေး ဒါဇင်ပေါင်းများစွာကို ဆေးရုံတင်ထားရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။
မကြာသေးမီ လများအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသူလေးများအကြား ရာနဲ့ချီသော အသက်ရှုလမ်းကြောင်း ဆိုင်ရာပြဿနာများ ဖြစ်ပွားခဲ့ကြောင်း၊ အများစုမှာ တက်ဟ်ရန် တောင်ပိုင်း၊ ကွင်းမြို့မှာ ဖြစ်ပွားနေပြီး အချို့မှာ ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
အဆိပ်သင့်မှုဖြစ်ရတဲ့အကြောင်းရင်းကို ရှင်းမပြနိုင်သေးပေမယ့် အီရန်အာဏာပိုင်များက တီဟီရန်ရဲ့ ရန်သူများဟာ မိန်းကလေးများကို အဆိပ်ခတ်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ Tasnim နဲ့ Mehr သတင်းအေဂျင်စီများရဲ့ ပြောကြားချက်အရ မတ်လ ၄ ရက်၊ စနေနေ့က အနောက်ပိုင်း ဟန်ဒန် ပြည်နယ်မှာ ၊ အီရန်အနောက်မြောက်ဘက်ရှိ ဇန်ဂျန် နဲ့ အနောက်အက်ဇာဘိုင်ဂျန်၊ တောင်ဘက်ရှိ ဖားစ် နဲ့ မြောက်ဘက် အယ်လ်လော့ဇ်ပြည်နယ်တို့မှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေကို ဒေသဆိုင်ရာ ဆေးရုံတွေမှာ ဆေးကုသမှုခံယူဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်း တွေက ဆိုပါတယ်။ ဖျားနာမှုတွေဟာ အီရန်ရဲ့ ပြည်နယ် ၃၁ ခုအနက် ၁၀ ခုထက်မနည်းမှာ ရှိနေပြီး စာသင်ကျောင်း ၃ဝ ကျော်ကို ထိခိုက်ခဲ့ကြောင်း Reuters သတင်းအေဂျင်စီက ဆိုပါတယ်။
ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ဗီဒီယိုများမှာ မိဘများက သားသမီးများကို အိမ်သို့ ပြန်လည်ခေါ်ဆောင်ရန် ကျောင်းတွေမှာ စုဝေးနေကြပြီး ကျောင်းသားအချို့ကို လူနာတင်ယာဉ် (သို့မဟုတ်) ဘတ်စ်ကားများနဲ့ ဆေးရုံသို့ ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။ မတ်လ ၃ ရက်၊ သောကြာနေ့က သမ္မတ အက်ဘရာရိုင်စီက အဆိပ်ခတ်မှု ပြုလုပ်နေသူများဟာ "ပြည်သူလူထုကို ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်အောင် ဖန်တီးရန်ရန်သူရဲ့ ပူးပေါင်း ကြံစည်မှုဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။ အီရန်ပြည်ထဲရေးဝန်ကြီးက မတ်လ ၄ ရက်၊ စနေနေ့မှာ စုံစမ်းစစ်ဆေးသူများဟာ "သံသယဖြစ်ဖွယ်နမူနာများ” ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
"ကျောင်းသားတွေ ဖျားနာရတဲ့အကြောင်းရင်းတွေကိုဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးနေပြီး သံသယဖြစ်ဖွယ်နမူနာတွေ ကိုတွေ့ရှိခဲ့ပြီဖြစ်တာကြောင့် ရလဒ်တွေကို တတ်နိုင်သမျှ အမြန်ဆုံးထုတ်ပြန်သွားမှာပါ” လို့ ဝန်ကြီး အက်ဒိုလ်ရီ ဇာရက်မနီဇာလီ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျနီဗာမြို့ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သံသယရှိ တိုက်ခိုက်မှုများကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ အတွက် မတ်လ ၃ ရက်၊ သောကြာနေ့မှာ တောင်းဆိုခဲ့ပြီး ဂျာမနီနဲ့ အမေရိကန်အပါအဝင် နိုင်ငံများကလည်း စိုးရိမ် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version;
အီရန္မွာ အဆိပ္သင့္မႈ သံသယနဲ႔ ေဆး႐ုံေရာက္လာသူ ေက်ာင္းသူေလးေတြ မ်ားျပားလာ
ေရာင္နီ (NP News) - မတ္ ၅
အီရန္မွာ အဆိပ္ခတ္တိုက္ခိုက္မႈသံသယနဲ႔ ျပည္နယ္ငါးခုရွိ အီရန္ေက်ာင္းသူေလး ဒါဇင္ေပါင္းမ်ားစြာကို ေဆး႐ုံတင္ထားရေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။
မၾကာေသးမီ လမ်ားအတြင္း ႏိုင္ငံတစ္ဝွမ္းရွိ ေက်ာင္းသူေလးမ်ားအၾကား ရာနဲ႔ခ်ီေသာ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာျပႆနာမ်ား ျဖစ္ပြားခဲ့ေၾကာင္း၊ အမ်ားစုမွာ တက္ဟ္ရန္ ေတာင္ပိုင္း၊ ကြင္းၿမိဳ႕မွာ ျဖစ္ပြားေနၿပီး အခ်ိဳ႕မွာ ေဆး႐ုံတက္ ကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။
အဆိပ္သင့္မႈျဖစ္ရတဲ့အေၾကာင္းရင္းကို ရွင္းမျပႏိုင္ေသးေပမယ့္ အီရန္အာဏာပိုင္မ်ားက တီဟီရန္ရဲ႕ ရန္သူမ်ားဟာ မိန္းကေလးမ်ားကို အဆိပ္ခတ္ျခင္း ျဖစ္ႏိုင္တယ္လို႔ ယူဆထားပါတယ္။ Tasnim နဲ႔ Mehr သတင္းေအဂ်င္စီမ်ားရဲ႕ ေျပာၾကားခ်က္အရ မတ္လ ၄ ရက္၊ စေနေန႔က အေနာက္ပိုင္း ဟန္ဒန္ ျပည္နယ္မွာ ၊ အီရန္အေနာက္ေျမာက္ဘက္ရွိ ဇန္ဂ်န္ နဲ႔ အေနာက္အက္ဇာဘိုင္ဂ်န္၊ ေတာင္ဘက္ရွိ ဖားစ္ နဲ႔ ေျမာက္ဘက္ အယ္လ္ေလာ့ဇ္ျပည္နယ္တို႔မွာ ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။
ဒါဇင္နဲ႔ခ်ီတဲ့ ေက်ာင္းသားေတြကို ေဒသဆိုင္ရာ ေဆး႐ုံေတြမွာ ေဆးကုသမႈခံယူဖို႔ လႊဲေျပာင္းေပးခဲ့တယ္လို႔ သတင္း ေတြက ဆိုပါတယ္။ ဖ်ားနာမႈေတြဟာ အီရန္ရဲ႕ ျပည္နယ္ ၃၁ ခုအနက္ ၁၀ ခုထက္မနည္းမွာ ရွိေနၿပီး စာသင္ေက်ာင္း ၃ဝ ေက်ာ္ကို ထိခိုက္ခဲ့ေၾကာင္း Reuters သတင္းေအဂ်င္စီက ဆိုပါတယ္။
ဆိုရွယ္မီဒီယာမွာ လႊင့္တင္ထားတဲ့ဗီဒီယိုမ်ားမွာ မိဘမ်ားက သားသမီးမ်ားကို အိမ္သို႔ ျပန္လည္ေခၚေဆာင္ရန္ ေက်ာင္းေတြမွာ စုေဝးေနၾကၿပီး ေက်ာင္းသားအခ်ိဳ႕ကို လူနာတင္ယာဥ္ (သို႔မဟုတ္) ဘတ္စ္ကားမ်ားနဲ႔ ေဆး႐ုံသို႔ ေခၚေဆာင္သြားတာကို ေတြ႕ရပါတယ္။ မတ္လ ၃ ရက္၊ ေသာၾကာေန႔က သမၼတ အက္ဘရာ႐ိုင္စီက အဆိပ္ခတ္မႈ ျပဳလုပ္ေနသူမ်ားဟာ "ျပည္သူလူထုကို ေၾကာက္႐ြံ႕မႈနဲ႔ စိတ္ပ်က္အားငယ္ေအာင္ ဖန္တီးရန္ရန္သူရဲ႕ ပူးေပါင္း ႀကံစည္မႈျဖစ္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။ အီရန္ျပည္ထဲေရးဝန္ႀကီးက မတ္လ ၄ ရက္၊ စေနေန႔မွာ စုံစမ္းစစ္ေဆးသူမ်ားဟာ "သံသယျဖစ္ဖြယ္နမူနာမ်ား” ကို ေတြ႕ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"ေက်ာင္းသားေတြ ဖ်ားနာရတဲ့အေၾကာင္းရင္းေတြကိုေဖာ္ထုတ္ဖို႔ စုံစမ္းစစ္ေဆးေနၿပီး သံသယျဖစ္ဖြယ္နမူနာေတြ ကိုေတြ႕ရွိခဲ့ၿပီျဖစ္တာေၾကာင့္ ရလဒ္ေတြကို တတ္ႏိုင္သမွ် အျမန္ဆုံးထုတ္ျပန္သြားမွာပါ” လို႔ ဝန္ႀကီး အက္ဒိုလ္ရီ ဇာရက္မနီဇာလီ က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဂ်နီဗာၿမိဳ႕ရွိ ကုလသမဂၢလူ႔အခြင့္အေရး႐ုံးက သံသယရွိ တိုက္ခိုက္မႈမ်ားကို ပြင့္လင္းျမင္သာစြာ စုံစမ္းစစ္ေဆးဖို႔ အတြက္ မတ္လ ၃ ရက္၊ ေသာၾကာေန႔မွာ ေတာင္းဆိုခဲ့ၿပီး ဂ်ာမနီနဲ႔ အေမရိကန္အပါအဝင္ ႏိုင္ငံမ်ားကလည္း စိုးရိမ္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။