တပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုအတွက် အဆင်သင့်ဖြစ်မှုတွေကို ဘီလာရုစ် စစ်ဆေး

340

Pika (NP News) - အောက်တိုဘာ ၁၃
ဘီလာရုစ်နိုင်ငံဟာ စစ်တပ်ရဲ့တိုက်ခိုက်မှုအတွက် အဆင်သင့်ဖြစ်မှုတွေကို စတင်စစ်ဆေးနေပြီလို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ တပ်ဖွဲ့အများ အပြားကို သတ်မှတ်ထားတဲ့နေရာတွေမှာ ဖြန့်ကျက်ချထားသွားမှာဖြစ်ပြီး ထုတ်ဖော်ပြောဆိုထားတာမျိုးမရှိတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ဆေးမှုရဲ့အချိန်၊အတိုင်းအတာတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီလိုမျိုးစစ်ဆေးမှုတွေကို ဘီလာရုစ်နိုင်ငံမှာ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘီလာရုစ်နိုင်ငံဟာ ရုရှားရဲ့မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ပစ်လွှတ်မှု အတွက် အစမ်းလေ့ကျင့်မှုတွေနဲ့ Oreshnik အသံထက်မြန်တဲ့ ဒုံးကျည်တွေပါဝင်တဲ့ “Zapad” လို့ အမည်ပေးထား တဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ရုရှားနဲ့အတူ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုစစ်ဆေးမှုတွေ ထွက်ပေါ်လာတာ ပဲဖြစ်ပါတယ်။
ဘီလာရုစ်နိုင်ငံဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့ဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်လာခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်တွေကို ဘီလာရုစ်မြေပေါ်မှာ အခြေချခွင့်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version:
တပ္ဖြဲ႕ဝင္ေတြရဲ႕တိုက္ခိုက္မႈအတြက္ အဆင္သင့္ျဖစ္မႈေတြကို ဘီလာ႐ုစ္ စစ္ေဆး
Pika (NP News) - ေအာက္တိုဘာ ၁၃
ဘီလာ႐ုစ္ႏိုင္ငံဟာ စစ္တပ္ရဲ႕တိုက္ခိုက္မႈအတြက္ အဆင္သင့္ျဖစ္မႈေတြကို စတင္စစ္ေဆးေနၿပီလို႔ ဘီလာ႐ုစ္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ စစ္ေဆးမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ တပ္ဖြဲ႕အမ်ား အျပားကို သတ္မွတ္ထားတဲ့ေနရာေတြမွာ ျဖန႔္က်က္ခ်ထားသြားမွာျဖစ္ၿပီး ထုတ္ေဖာ္ေျပာဆိုထားတာမ်ိဳးမရွိတဲ့ လႈပ္ရွားမႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ဘီလာ႐ုစ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း စစ္ေဆးမႈရဲ႕အခ်ိန္၊အတိုင္းအတာေတြနဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္ေတြကို ဘီလာ႐ုစ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
အဲဒီလိုမ်ိဳးစစ္ေဆးမႈေတြကို ဘီလာ႐ုစ္ႏိုင္ငံမွာ မၾကာခဏလုပ္ေဆာင္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ဘီလာ႐ုစ္ႏိုင္ငံဟာ ႐ုရွားရဲ႕မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္ေတြ ပစ္လႊတ္မႈ အတြက္ အစမ္းေလ့က်င့္မႈေတြနဲ႔ Oreshnik အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြပါဝင္တဲ့ “Zapad” လို႔ အမည္ေပးထား တဲ့ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုကို ႐ုရွားနဲ႔အတူ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုစစ္ေဆးမႈေတြ ထြက္ေပၚလာတာ ပဲျဖစ္ပါတယ္။
ဘီလာ႐ုစ္ႏိုင္ငံဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔ဆက္ဆံေရးေတြကို ပိုမိုနက္ရႈိင္းစြာ တည္ေဆာက္လာခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕ဝင္ေတြကို ဘီလာ႐ုစ္ေျမေပၚမွာ အေျခခ်ခြင့္ေပးခဲ့တယ္လို႔ လည္း သိရပါတယ္။