တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာမယ်ဆိုရင် တိုက်ခိုက်ဖို့ အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

667

Pika (NP News) - အောက်တိုဘာ ၁၃
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်က ပျက်ပြယ်သွားပြီး ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ရန်လိုမှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့မယ်ဆိုရင် တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဟားမက်လက်နက်ကိုင် အဖွဲ့က အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိ ဟိုဆန်ဘာဒရမ်က “စစ်ပွဲကို ပြန်မသွားရဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက် ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ဒုတိယအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေဟာ ရှုပ်ထွေးပြီး ခက်ခဲလိမ့်မယ်လို့လည်း ဟိုဆန်ဘာဒရမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက “ဒေါ်နယ်ထရမ့်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ဒုတိယအဆင့်က ရှုပ်ထွေးပြီး ခက်ခဲပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အီဂျစ်မှာ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်ကို တရားဝင် လက်မှတ်ရေးထိုးရာမှာ အဖွဲ့အနေနဲ့ ပါဝင်သွားမှာမဟုတ်ဘူးလို့လည်း ဟိုဆန်ဘာဒရမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက “အီဂျစ်မှာ တရားဝင်လက်မှတ်ရေးထိုးရေးကိစ္စမှာ ကျွန်တော်တို့ပါဝင်မှာ မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Zawgyi Version:
တိုက္ပြဲေတြျပန္လည္ျဖစ္ပြားလာမယ္ဆိုရင္ တိုက္ခိုက္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၃
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္က ပ်က္ျပယ္သြားၿပီး ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးရဲ႕ရန္လိုမႈေတြ ျပန္လည္ျဖစ္ပြားလာခဲ့မယ္ဆိုရင္ တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ဟားမက္လက္နက္ကိုင္ အဖြဲ႕က အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိ ဟိုဆန္ဘာဒရမ္က “စစ္ပြဲကို ျပန္မသြားရဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္လည္း တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားလာခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္ ကလည္း လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕ဒုတိယအဆင့္ ညႇိႏႈိင္းေဆြးေႏြးမႈေတြဟာ ရႈပ္ေထြးၿပီး ခက္ခဲလိမ့္မယ္လို႔လည္း ဟိုဆန္ဘာဒရမ္က ေျပာၾကားခဲ့ပါတယ္။ ၎က “ေဒၚနယ္ထရမ့္အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕ဒုတိယအဆင့္က ရႈပ္ေထြးၿပီး ခက္ခဲပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အီဂ်စ္မွာ ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္ကို တရားဝင္ လက္မွတ္ေရးထိုးရာမွာ အဖြဲ႕အေနနဲ႔ ပါဝင္သြားမွာမဟုတ္ဘူးလို႔လည္း ဟိုဆန္ဘာဒရမ္က ေျပာၾကားခဲ့ပါတယ္။ ၎က “အီဂ်စ္မွာ တရားဝင္လက္မွတ္ေရးထိုးေရးကိစၥမွာ ကြၽန္ေတာ္တို႔ပါဝင္မွာ မဟုတ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။