ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ(၁၅) ဖြည့်စွက်ပေးပို့နိုင်သည့် ရက်တိုးမြှင့်ပေးထား

 267

စော (NP News) - အောက်တိုဘာ ၁၃
ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) ဖြည့်စွက် ပေးပို့နိုင်သည့် ရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ (အောက်တိုဘာ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ယခင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)များကို ဖြည့်စွက်လျက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ ပြီးခဲ့သည့် (အောက်တိုဘာ ၆ ရက်) အထိ ထပ်မံတိုးမြှင့်လက်ခံမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သေးသည်။
ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ပြည်ပတွင်ရောက်ရှိနေပြီး ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ကျန်ရှိမှုမရှိစေရေးအတွက် ဖြည့်သွင်းပြီးပုံစံ(၁၅)များ လက်ခံခြင်းကို လာမည့် (အောက်တိုဘာ ၁၅ ရက်) အထိ ရက်တိုးမြှင့်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ပေးပို့နိုင်ပြီး ပေးပို့ရာတွင် မဲဆန္ဒရှင်ထံသို့ ဆက်သွယ်နိုင်မည့် လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်များအား သီးခြားစာရွက်တစ်ရွက်၌ ရေးသားဖော်ပြပြီး ပူးတွဲပေးပို့ကြရန်လည်း အသိပေးကြေညာထား သည်။

Zawgyi Version:
ကိုရီးယားႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအတြက္ ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရး ပုံစံ(၁၅) ျဖည့္စြက္ေပးပို႔ႏိုင္သည့္ ရက္တိုးျမႇင့္ေပးထား
ေစာ (NP News) - ေအာက္တိုဘာ ၁၃
ကိုရီးယားႏိုင္ငံတြင္ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရး ပုံစံ (၁၅) ျဖည့္စြက္ ေပးပို႔ႏိုင္သည့္ ရက္တိုးျမႇင့္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ကိုရီးယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးက ယေန႔ (ေအာက္တိုဘာ ၁၃ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
ယခင္က ဆႏၵမဲေပးပိုင္ခြင့္ရွိေသာ ျမန္မာႏိုင္ငံသား မဲဆႏၵရွင္မ်ားအေနျဖင့္ ၂၀၂၅ ခုႏွစ္၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရးအတြက္ ပုံစံ(၁၅)မ်ားကို ျဖည့္စြက္လ်က္ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးသို႔ ၿပီးခဲ့သည့္ (ေအာက္တိုဘာ ၆ ရက္) အထိ ထပ္မံတိုးျမႇင့္လက္ခံမည္ျဖစ္ေၾကာင္း အသိေပး ေၾကညာခဲ့ေသးသည္။
ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ ျပည္ပတြင္ေရာက္ရွိေနၿပီး ႀကိဳတင္ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ က်န္ရွိမႈမရွိေစေရးအတြက္ ျဖည့္သြင္းၿပီးပုံစံ(၁၅)မ်ား လက္ခံျခင္းကို လာမည့္ (ေအာက္တိုဘာ ၁၅ ရက္) အထိ ရက္တိုးျမႇင့္လက္ခံေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ကိုရီးယားႏိုင္ငံေရာက္ ႀကိဳတင္ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ျမန္မာႏိုင္ငံသား မဲဆႏၵရွင္မ်ားအေနျဖင့္ ႀကိဳတင္ဆႏၵမဲလက္မွတ္ျဖင့္ ဆႏၵမဲေပးႏိုင္ေရးအတြက္ အခ်က္အလက္ျဖည့္သြင္းၿပီးသည့္ ပုံစံ(၁၅)မ်ားကို ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕သို႔ေပးပို႔ႏိုင္ၿပီး ေပးပို႔ရာတြင္ မဲဆႏၵရွင္ထံသို႔ ဆက္သြယ္ႏိုင္မည့္ လိပ္စာ၊ အီးေမးလ္ႏွင့္ ဖုန္းနံပါတ္မ်ားအား သီးျခားစာ႐ြက္တစ္႐ြက္၌ ေရးသားေဖာ္ျပၿပီး ပူးတြဲေပးပို႔ၾကရန္လည္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.