ကာကွယ်ရေးနဲ့အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့ သဘောတူ

316

Pika (NP News) - အောက်တိုဘာ ၁၃
မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကာကွယ်ရေး၊ နိုင်ငံခြားရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေအပါအဝင် နယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း နှစ်နိုင်ငံကြားသဘောတူညီချက်တွေနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေ ကိုတော့ KCNA က ရေးသားဖော်ပြခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲ To Lam ဟာ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ နှစ်(၈၀)ပြည့် အထိမ်းအမှတ်နှစ်ပတ်လည်နေ့ကို တက်ရောက်ဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ခဲ့ တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ ကြီးမားတဲ့စစ်ရေးပြပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ စစ်တပ်ရဲ့အားအကောင်းဆုံးလက်နက်တွေကို ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို လာမယ့်သီတင်းပတ်တွေအတွင်း စမ်းသပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလ(၁ဝ)ရက်မှာ စတင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့အာဏာရအလုပ်သမားပါတီတည်ထောင်မှု နှစ်(၈၀) ပြည့်အထိမ်းအမှတ်ချီတက်ပွဲဟာ ကင်ဂျုံအန်းရဲ့ကြီးထွားလာနေတဲ့သံတမန်ရေးရာခြေလှမ်းနဲ့ အမေရိကန်နဲ့အာရှ တို့မှာရှိတဲ့ပြိုင်ဘက်တွေကို ပစ်မှတ်ထားနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေတည်ဆောက်ဖို့ တွန်းအားတွေကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကာကြယ္ေရးနဲ႔အျခားနယ္ပယ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေျမာက္ကိုရီးယားနဲ႔ ဗီယက္နမ္တို႔ သေဘာတူ
Pika (NP News) - ေအာက္တိုဘာ ၁၃
ေျမာက္ကိုရီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ဟာ ကာကြယ္ေရး၊ ႏိုင္ငံျခားေရး နဲ႔ က်န္းမာေရးဝန္ႀကီးဌာနေတြအပါအဝင္ နယ္ပယ္မ်ားစြာမွာ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ေတြကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း ႏွစ္ႏိုင္ငံၾကားသေဘာတူညီခ်က္ေတြနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြ ကိုေတာ့ KCNA က ေရးသားေဖာ္ျပခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ဗီယက္နမ္ကြန္ျမဴနစ္ပါတီအႀကီးအကဲ To Lam ဟာ ေျမာက္ကိုရီးယားအာဏာရ အလုပ္သမားပါတီ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ႏွစ္ပတ္လည္ေန႔ကို တက္ေရာက္ဖို႔အတြက္ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို ဦးေဆာင္ၿပီး ေျမာက္ကိုရီးယားကို သြားေရာက္လည္ပတ္ခဲ့ တယ္လို႔လည္း သိရပါတယ္။
ႏိုင္ငံျခားေခါင္းေဆာင္ေတြတက္ေရာက္ခဲ့တဲ့ ႀကီးမားတဲ့စစ္ေရးျပပြဲအတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ အပါအဝင္ န်ဴကလီးယားလက္နက္တပ္ဆင္ထားတဲ့ စစ္တပ္ရဲ႕အားအေကာင္းဆုံးလက္နက္ေတြကို ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္ကို လာမယ့္သီတင္းပတ္ေတြအတြင္း စမ္းသပ္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း သိရပါတယ္။
ေအာက္တိုဘာလ(၁ဝ)ရက္မွာ စတင္ခဲ့တဲ့ ေျမာက္ကိုရီးယားရဲ႕အာဏာရအလုပ္သမားပါတီတည္ေထာင္မႈ ႏွစ္(၈၀) ျပည့္အထိမ္းအမွတ္ခ်ီတက္ပြဲဟာ ကင္ဂ်ဳံအန္းရဲ႕ႀကီးထြားလာေနတဲ့သံတမန္ေရးရာေျခလွမ္းနဲ႔ အေမရိကန္နဲ႔အာရွ တို႔မွာရွိတဲ့ၿပိဳင္ဘက္ေတြကို ပစ္မွတ္ထားႏိုင္တဲ့ စစ္လက္နက္ပစၥည္းေတြတည္ေဆာက္ဖို႔ တြန္းအားေတြကို မီးေမာင္းထိုးျပခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။