နယူးကယ်လီဒိုးနီးယား အရှေ့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအောက်မှ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွား၊ အသေးစား ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရ

 773

ရောင်နီ (NP News) - မေ ၁၉

နယူးကယ်လီဒိုးနီးယား အရှေ့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအောက်မှာ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး အသေးစား ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါငလျင်ဟာ အနက် ၃၇ ကီလိုမီတာ (၂၃ မိုင်) မှ လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်းက သောကြာနေ့မှာ ပြောကြားခဲ့ပြီး ပစိဖိတ်ဒေသတစ်ဝှမ်းရှိ နိုင်ငံများအတွက် ဆူနာမီအန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ပစိဖိတ်ဆူနာမီ သတိပေးဌာနက မီတာဝက် (၁.၅ ပေ) ထက် မနည်းသော လှိုင်းလုံးများကို ဗာနူအာတူကျွန်းနိုင်ငံရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ လီနာကယ်လ်မြို့အနီးမှာ တိုင်းတာခဲ့ကြောင်း သိရပါတယ်။

ဗာနျူတူ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ကမ်းရိုးတန်းဒေသများမှ နေထိုင်သူများကို ပိုမိုမြင့်မား သောကုန်းမြေသို့ ရွှေ့ပြောင်းဖို့ အစောပိုင်းက အကြံပြုခဲ့ကြောင်း သတင်းစာစောင်တစ်ခုမှ သတိပေးချက်တစ်ခု အရ သိရပါတယ်။ သို့ပေမယ့် ဆူနာမီ အခြေအနေတည်ငြိမ်သွားပြီဖြစ်တာကြောင့် ယင်းသတိပေးချက်ကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

နယူးဇီလန်အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ရေလွှမ်းမိုးမှု မမျှော်လင့်ထားပေမယ့် ကမ်းရိုးတန်းဒေသ များတစ်လျှောက် အားကောင်းပြီး ပုံမှန်မဟုတ်သော ရေစီးကြောင်းများနဲ့ ကမ်းရိုးတန်းရေလှိုင်းများ ဖြစ်လာနိုင် ကြောင်း ခန့်မှန်းထားပါတယ်။ ယင်းဧရိယာဟာ ကမ္ဘာ့ငလျင်အများစုဖြစ်ပွားတဲ့ ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက် ငလျင် ပြတ်ရွေ့များဖြစ်တဲ့ "မီးကွင်း" ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်။

Zawgyi Version;
နယူးကယ္လီဒိုးနီးယား အေရွ႕ေတာင္ဘက္ ပစိဖိတ္သမုဒၵရာေအာက္မွ ျပင္းအား ၇.၇ အဆင့္ရွိ ငလ်င္လႈပ္ခတ္မႈ ျဖစ္ပြား၊ အေသးစား ဆူနာမီသတိေပးခ်က္ ထုတ္ျပန္ခဲ့ရ
ေရာင္နီ (NP News) - ေမ ၁၉

နယူးကယ္လီဒိုးနီးယား အေရွ႕ေတာင္ဘက္ ပစိဖိတ္သမုဒၵရာေအာက္မွာ ျပင္းအား ၇.၇ အဆင့္ရွိ ငလ်င္လႈပ္ခတ္ၿပီး အေသးစား ဆူနာမီသတိေပးခ်က္ထုတ္ျပန္ခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါငလ်င္ဟာ အနက္ ၃၇ ကီလိုမီတာ (၂၃ မိုင္) မွ လႈပ္ခတ္ခဲ့တာျဖစ္ေၾကာင္း အေမရိကန္ဘူမိေဗဒစစ္တမ္းက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ၿပီး ပစိဖိတ္ေဒသတစ္ဝွမ္းရွိ ႏိုင္ငံမ်ားအတြက္ ဆူနာမီအႏၲရာယ္သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ပစိဖိတ္ဆူနာမီ သတိေပးဌာနက မီတာဝက္ (၁.၅ ေပ) ထက္ မနည္းေသာ လႈိင္းလုံးမ်ားကို ဗာႏူအာတူကြၽန္းႏိုင္ငံရွိ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ လီနာကယ္လ္ၿမိဳ႕အနီးမွာ တိုင္းတာခဲ့ေၾကာင္း သိရပါတယ္။

ဗာန်ဴတူ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ႐ုံးက ကမ္း႐ိုးတန္းေဒသမ်ားမွ ေနထိုင္သူမ်ားကို ပိုမိုျမင့္မား ေသာကုန္းေျမသို႔ ေ႐ႊ႕ေျပာင္းဖို႔ အေစာပိုင္းက အႀကံျပဳခဲ့ေၾကာင္း သတင္းစာေစာင္တစ္ခုမွ သတိေပးခ်က္တစ္ခု အရ သိရပါတယ္။ သို႔ေပမယ့္ ဆူနာမီ အေျခအေနတည္ၿငိမ္သြားၿပီျဖစ္တာေၾကာင့္ ယင္းသတိေပးခ်က္ကို ျပန္လည္ ႐ုတ္သိမ္းခဲ့ပါတယ္။

နယူးဇီလန္အမ်ိဳးသား အေရးေပၚစီမံခန႔္ခြဲမႈေအဂ်င္စီက ေရလႊမ္းမိုးမႈ မေမွ်ာ္လင့္ထားေပမယ့္ ကမ္း႐ိုးတန္းေဒသ မ်ားတစ္ေလွ်ာက္ အားေကာင္းၿပီး ပုံမွန္မဟုတ္ေသာ ေရစီးေၾကာင္းမ်ားနဲ႔ ကမ္း႐ိုးတန္းေရလႈိင္းမ်ား ျဖစ္လာႏိုင္ ေၾကာင္း ခန္႔မွန္းထားပါတယ္။ ယင္းဧရိယာဟာ ကမာၻ႔ငလ်င္အမ်ားစုျဖစ္ပြားတဲ့ ပစိဖိတ္သမုဒၵရာတစ္ဝိုက္ ငလ်င္ ျပတ္ေ႐ြ႕မ်ားျဖစ္တဲ့ "မီးကြင္း" ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တာေၾကာင့္ ငလ်င္လႈပ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.