ယူကရိန်းကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

 248

Pika (NP News) - ဇူလိုင် ၉

အမေရိကန်က ယူကရိန်းကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပို့သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ ရပ်ဆိုင်းခဲ့တယ်ဆိုတဲ့အစီရင်ခံစာ တွေ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
ဒေါ်နယ်ထရမ့်က “နောက်ထပ်စစ်လက်နက်ပစ္စည်း အဓိကအနေနဲ့ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းကို ထပ်မံပေးပို့သွားမှာပါ။ ယူကရိန်းက ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ခံနေရတာပါ” လို့ ပြောခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ဟာ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုတွေ ရှိနေပေမယ့်လည်း ပဋိပက္ခကိုအဆုံးသတ်ဖို့ ဆန္ဒအနည်းငယ်ကိုသာ ပြသခဲ့တယ် လို့ သိရပါတယ်။
ရုရှားနဲ့အချိန်(၃)နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း ယူကရိန်းဟာ ရုရှားရဲ့ကြီးမားတဲ့ ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေ ရပ်ဆိုင်းလိုက်တာမျိုးဟာ ယူကရိန်းအတွက် ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ခြေရှိနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြ ေပးပို႔သြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၉
အေမရိကန္က ယူကရိန္းကို ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြ ေပးပို႔သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈေတြ ရပ္ဆိုင္းခဲ့တယ္ဆိုတဲ့အစီရင္ခံစာ ေတြ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထြက္ေပၚလာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
ေဒၚနယ္ထရမ့္က “ေနာက္ထပ္စစ္လက္နက္ပစၥည္း အဓိကအေနနဲ႔ ကာကြယ္ေရးစစ္လက္နက္ပစၥည္းေတြကို ယူကရိန္းကို ထပ္မံေပးပို႔သြားမွာပါ။ ယူကရိန္းက ျပင္းျပင္းထန္ထန္ကို တိုက္ခိုက္ခံေနရတာပါ” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္ဟာ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ဖိအားေပးမႈေတြ ရွိေနေပမယ့္လည္း ပဋိပကၡကိုအဆုံးသတ္ဖို႔ ဆႏၵအနည္းငယ္ကိုသာ ျပသခဲ့တယ္ လို႔ သိရပါတယ္။
႐ုရွားနဲ႔အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာ ျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း ယူကရိန္းဟာ ႐ုရွားရဲ႕ႀကီးမားတဲ့ ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္မႈေတြကို ရင္ဆိုင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈေတြ ရပ္ဆိုင္းလိုက္တာမ်ိဳးဟာ ယူကရိန္းအတြက္ ျပင္းထန္တဲ့စိန္ေခၚမႈတစ္ရပ္ ျဖစ္လာႏိုင္ေျခရွိေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.