ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြန့်ကြတ်ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ၂ဝ၂၇ ခုနှစ်မှာ အပြီးရုတ်သိမ်းမယ်လို့ ထိုင်းဒုတိယဗိုလ်ချုပ်ကြီးပြော

1009

ရောင်နီ (NP News) - ဇူလိုင် ၂
ထိုင်း စစ်တပ်အနေနဲ့ နိုင်ငံတောင်ပိုင်းမှာ အရေးပေါ်အခြေအနေသတ်မှတ်ထားခြင်းကို ဖြေလျော့မှု နဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းခြင်းကို လေးနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း ထိုင်း အမှတ် ၄ စစ်ဒေသ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆက်ခွန်တာနက်ခ်ကပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆက်ခွန်တာနက်ခ်က ဒေသအတွင်း ၎င်းရဲ့တပ်ဖွဲ့ဝင်များ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးနေပြီဖြစ်တယ်လို့ စနေနေ့(ဇူလိုင်လ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ၂ဝဝ၄ ခုနှစ်မှစတင်ပြီး လက်နက်ကိုင်လှုပ်ရှားမှုများရှိလာခဲ့ရာ ၁၉ နှစ်တာ ကာလအတွင်း မတည်ငြိမ်မှုများကြောင့် တောင်ပိုင်ဒေသများဖြစ်တဲ့ ရာလာ၊ နာရာသီဝက်၊ ပက်တာနီ နဲ့ ဆောင်ခါ ဒေသတွေမှာစီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပျက်စီးခဲ့ပါတယ်။ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလက နာရာသီဝက်ရဲ့ ချိုအိုင်ရွန်ခရိုင်၊ Kromluang Narathiwat Ratchanakarin စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်း အများအပြားကို ယူဆောင်သွားခဲ့ပါတယ်။ အဲဒီတုန်းက ပြည်နယ် အာဏာပိုင်တွေက အကြမ်းဖက်မှု ချေမှုန်းဖို့ နည်းဗျူဟာအမျိုးမျိုး အသုံးပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ထိုင်းစစ်တပ်ဟာ ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း အဆိုပါဒေသရဲ့ မငြိမ်မသက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့တာဝန်ယူခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းစစ်တပ်က လက်နက်ကိုင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်အဖွဲ့ဝင်တွေ ပေါင်းစပ်ထားတဲ့ အင်အား ၁၇ဝဝ ကို တောင်ဘက်စွန်းရှိ ဒေသ ၃၇ ခုမှာအရပ်သားတွေအား ဘေးကင်းအောင်ကာကွယ်ပေးနိုင်ဖို့ တာဝန်ပေးအပ်ခဲ့သလို ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက် နောက်ထပ် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မယ့် စေတနာဝန်ထမ်း (၇ဝဝဝ)ကိုလည်း စေလွှတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးစေတနာဝန်ထမ်းအဖွဲ့များ ပိုမိုဝင်ရောက်လာမှုနဲ့အတူ စစ်သားတွေကို တဖြည်းဖြည်း ပြန်ရုတ်သိမ်းသွားမှာဖြစ်ပြီး မိခင်တပ်ရင်းများထံ ၂ဝ၂၇ ခုနှစ်မှာအပြီးသတ် ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်းဆိုပါတယ်။

zawgyi version
ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ျဖန႔္ၾကတ္ခ်ထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ၂ဝ၂၇ ခုႏွစ္မွာ အၿပီး႐ုတ္သိမ္းမယ္လို႔ ထိုင္းဒုတိယဗိုလ္ခ်ဳပ္ႀကီးေျပာ
ေရာင္နီ (NP News) - ဇူလိုင္ ၂
ထိုင္း စစ္တပ္အေနနဲ႔ ႏိုင္ငံေတာင္ပိုင္းမွာ အေရးေပၚအေျခအေနသတ္မွတ္ထားျခင္းကို ေျဖေလ်ာ့မႈ နဲ႔အတူ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ျပန္လည္႐ုတ္သိမ္းျခင္းကို ေလးႏွစ္အတြင္း အၿပီးသတ္လုပ္ေဆာင္သြားဖို႔ ရည္႐ြယ္ထားေၾကာင္း ထိုင္း အမွတ္ ၄ စစ္ေဒသ တိုင္းမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္တီဆက္ခြန္တာနက္ခ္ကေျပာပါတယ္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္တီဆက္ခြန္တာနက္ခ္က ေဒသအတြင္း ၎ရဲ႕တပ္ဖြဲ႕ဝင္မ်ား ျဖည္းျဖည္းခ်င္း ဆုတ္ခြာေပးေနၿပီျဖစ္တယ္လို႔ စေနေန႔(ဇူလိုင္လ ၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ထိုင္းႏိုင္ငံ ေတာင္ပိုင္းေဒသေတြမွာ ၂ဝဝ၄ ခုႏွစ္မွစတင္ၿပီး လက္နက္ကိုင္လႈပ္ရွားမႈမ်ားရွိလာခဲ့ရာ ၁၉ ႏွစ္တာ ကာလအတြင္း မတည္ၿငိမ္မႈမ်ားေၾကာင့္ ေတာင္ပိုင္ေဒသမ်ားျဖစ္တဲ့ ရာလာ၊ နာရာသီဝက္၊ ပက္တာနီ နဲ႔ ေဆာင္ခါ ေဒသေတြမွာစီးပြားေရးနဲ႔ လူမႈအသိုင္းအဝိုင္းေတြ ပ်က္စီးခဲ့ပါတယ္။ ခြဲထြက္ေရးလက္နက္ကိုင္အဖြဲ႕ေတြဟာ ၂ဝဝ၄ ခုႏွစ္ ဇန္နဝါရီလက နာရာသီဝက္ရဲ႕ ခ်ိဳအိုင္႐ြန္ခ႐ိုင္၊ Kromluang Narathiwat Ratchanakarin စစ္စခန္းကို ဝင္ေရာက္စီးနင္းၿပီး လက္နက္ခဲယမ္း အမ်ားအျပားကို ယူေဆာင္သြားခဲ့ပါတယ္။ အဲဒီတုန္းက ျပည္နယ္ အာဏာပိုင္ေတြက အၾကမ္းဖက္မႈ ေခ်မႈန္းဖို႔ နည္းဗ်ဴဟာအမ်ိဳးမ်ိဳး အသုံးျပဳခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ ထိုင္းစစ္တပ္ဟာ ၂ဝဝ၄ ခုႏွစ္မွ ၂ဝ၁ဝ ခုႏွစ္အတြင္း အဆိုပါေဒသရဲ႕ မၿငိမ္မသက္မႈေတြကို ထိန္းသိမ္းႏိုင္ဖို႔တာဝန္ယူခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ထိုင္းစစ္တပ္က လက္နက္ကိုင္ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ဖို႔ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ေတြကို ေစလႊတ္ခဲ့ပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ျပည္သူစစ္အဖြဲ႕ဝင္ေတြ ေပါင္းစပ္ထားတဲ့ အင္အား ၁၇ဝဝ ကို ေတာင္ဘက္စြန္းရွိ ေဒသ ၃၇ ခုမွာအရပ္သားေတြအား ေဘးကင္းေအာင္ကာကြယ္ေပးႏိုင္ဖို႔ တာဝန္ေပးအပ္ခဲ့သလို ၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရးအတြက္ ေနာက္ထပ္ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္မယ့္ ေစတနာဝန္ထမ္း (၇ဝဝဝ)ကိုလည္း ေစလႊတ္ခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႔ ျပည္သူ႔ကာကြယ္ေရးေစတနာဝန္ထမ္းအဖြဲ႕မ်ား ပိုမိုဝင္ေရာက္လာမႈနဲ႔အတူ စစ္သားေတြကို တျဖည္းျဖည္း ျပန္႐ုတ္သိမ္းသြားမွာျဖစ္ၿပီး မိခင္တပ္ရင္းမ်ားထံ ၂ဝ၂၇ ခုႏွစ္မွာအၿပီးသတ္ ျပန္လည္ေခၚယူသြားမွာျဖစ္ေၾကာင္းဆိုပါတယ္။