ပေါင်မြို့နယ်၌ ကုန်တင်ကားတစ်စီးက ဘရိတ်ပေါက်ပြီး ရထားသံလမ်းကူးတံခါးကို ဝင်တိုက်မှုဖြစ်ပွား

 568

စော(NP News) - ဇူလိုင် ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရော်ဘာထင်းများသယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး ရထားသံလမ်းကူးတံခါးအား ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၅ ရက်)၊ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရထားသံလမ်းအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ရော်ဘာထင်းများသယ်ဆောင်လာသည့် ကုန်တင်ကားသည် မော်လမြိုင်ဘက်မှ သထုံဘက်သို့ သွားနေစဉ်‌ ရှေ့ဘီးဘရိတ်ပေါက်ပြီး‌နောက် ရထားသံလမ်းကူးတံခါးကို ဝင်တိုက်ပြီး နေအိမ်နှစ်လုံးကြားထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက အရှိန်များပြီးတော့ ရှေ့ဘီးဘရိတ်ပေါက်တဲ့ကားပါ။ အဲဒီနားက အိမ်နှစ်လုံးကြားထဲကိုဝင်သွားတာပါ။ ဘေးမှာတော့ Transformerရှိတာပေါ့။ ယာဉ်မောင်းကတော့ ခြေထောက်ညပ်သွားလို့ ကျိုးသွားပါတယ်"ဟု မွန်မြတ်ကာရုည လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

ထို့ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းအား မွန်ပြည်နယ်ရှိ ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ေပါင္ၿမိဳ႕နယ္၌ ကုန္တင္ကားတစ္စီးက ဘရိတ္ေပါက္ၿပီး ရထားသံလမ္းကူးတံခါးကို ဝင္တိုက္မႈျဖစ္ပြား

ေစာ(NP News) - ဇူလိုင္ ၅

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္တြင္ ေရာ္ဘာထင္းမ်ားသယ္ေဆာင္လာသည့္ ကုန္တင္ကားတစ္စီး ဘရိတ္ေပါက္ၿပီး ရထားသံလမ္းကူးတံခါးအား ဝင္တိုက္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၅ ရက္)၊ မြန္းလြဲ (၁၂)နာရီဝန္းက်င္အခ်ိန္တြင္ ေပါင္ၿမိဳ႕နယ္၊ ရင္းၿငိမ္ေတာင္ေက်း႐ြာ၊ ရထားသံလမ္းအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျမတ္ကာ႐ုညလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ ေရာ္ဘာထင္းမ်ားသယ္ေဆာင္လာသည့္ ကုန္တင္ကားသည္ ေမာ္လၿမိဳင္ဘက္မွ သထုံဘက္သို႔ သြားေနစဥ္‌ ေရွ႕ဘီးဘရိတ္ေပါက္ၿပီး‌ေနာက္ ရထားသံလမ္းကူးတံခါးကို ဝင္တိုက္ၿပီး ေနအိမ္ႏွစ္လုံးၾကားထဲသို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူက အရွိန္မ်ားၿပီးေတာ့ ေရွ႕ဘီးဘရိတ္ေပါက္တဲ့ကားပါ။ အဲဒီနားက အိမ္ႏွစ္လုံးၾကားထဲကိုဝင္သြားတာပါ။ ေဘးမွာေတာ့ Transformerရွိတာေပါ့။ ယာဥ္ေမာင္းကေတာ့ ေျခေထာက္ညပ္သြားလို႔ က်ိဳးသြားပါတယ္"ဟု မြန္ျမတ္ကာ႐ုည လူမႈကူညီေရးအသင္းမွ တာ၀န္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

ထို႔ေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသားႏွစ္ဦးအနက္ ယာဥ္ေမာင္းျဖစ္သူမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္ေမာင္းအား မြန္ျပည္နယ္ရွိ ရင္းၿငိမ္တိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.