မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အကြောင်းကြားစာပေးပို့ပြီးနောက် (၃)ရက်အကြာ၌ တီမောသံရုံးယာယီတာဝန်ခံ နိုင်ငံအတွင်းမှ ထွက်ခွာ

20110

မျိုးကြီး (NP News) - စက်တင်ဘာ ၁
မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အကြောင်းကြားစာပေးပို့ပြီးနောက် (၃)ရက်အကြာ၌ တီမောလက်စ်တေ့နိုင်ငံ၏ သံရုံးယာယီတာဝန်ခံသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
တီမောသံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira သည် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ အ ပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NP News ကို ပြောသည်။
“သူ(တီမော်သံရုံးယာယီတာဝန်ခံ) ပြန်သွားတာက သြဂုတ် ၂၈ ရက်နေ့မှာ ပြန်သွားပါတယ်။ ရန်ကုန်လေဆိပ် ကနေပဲ ပြန်သွားတာပါ။ ကျွန်တော်တို့က သြဂုတ် ၂၅ ရက်နေ့မှာ သူ့ကို စာပို့လိုက်ပါတယ်။ တစ်ပတ်အတွင်း ပြန်ဖို့ ဆိုပြီးတော့လေ။ ကျွန်တော်တို့ ပြောထားတာက စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး ပြန်ဖို့ပေါ့။ ဒါပေမယ့် သူက စောပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့မှာပဲ ပြန်သွားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိက ပြော သည်။
ရန်ကုန်မြို့ရှိ တီမောလက်စ်တေ့သံရုံးမှ သံရုံးယာယီတာဝန်ခံအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံ မှ ထွက်ခွာရန် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့၌ သံတမန်စာဖြင့် အကြောင်းကြားခဲ့သည်။
“၂၉ ရက်နေ့မှာတော့ အဲဒီ original စာကို သံရုံးယာယီတာဝန်ခံတော့ မရှိတော့ပါဘူး ဒါပေမယ့် သူ့ရဲ့အောက်က တာ ဝန်ရှိသူကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ပြီးတော့ အဲဒီစာကို ပေးလိုက်ပါတယ်” ဟု အထက်ပါအရာရှိက ထပ်မံပြောသည်။
မြန်မာအစိုးရအနေဖြင့် တီမောအစိုးရအား သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြမ်းဖက်အားပေးမှုများကို ပြုလုပ်ခြင်း၊ NUG နှင့် ထိတွေ့ဆက်ဆံခြင်းများကို ပြုလုပ်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ကြောင့် ၎င်းကဲ့သို့ တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များသည် နှစ်နိုင်ငံအကြားရှိ ဆက်ဆံရေးကို ထိခိုက်စေသည့်အတွက် သံရုံးယာယီတာဝန်ခံကို နိုင်ငံအတွင်းမှ နှင်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကို ထိပါးသည့်အပြင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေ၍ တီမောလက်စ်တေနိုင်ငံ သံရုံးယာယီတာဝန်ခံကို နှင်ထုတ်ခြင်းဖြစ်ကြောင်း နစကဘက်ကလည်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် နိုင်ငံတကာသံတမန်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ထိပါးလာပါက အခြားမည်သည့်နိုင်ငံမဆို သံတမန်ရေးအရ လိုအပ်သည့်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟုလည်း နစကမှ သတိပေးထားသည်။

Zawgyi Version;
ျမန္မာႏိုင္ငံမွ ထြက္ခြာသြားရန္ အေၾကာင္းၾကားစာေပးပို႔ၿပီးေနာက္ (၃)ရက္အၾကာ၌ တီေမာသံ႐ုံးယာယီတာဝန္ခံ ႏိုင္ငံအတြင္းမွ ထြက္ခြာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁
ျမန္မာႏိုင္ငံမွ ထြက္ခြာသြားရန္ အေၾကာင္းၾကားစာေပးပို႔ၿပီးေနာက္ (၃)ရက္အၾကာ၌ တီေမာလက္စ္ေတ့ႏိုင္ငံ၏ သံ႐ုံးယာယီတာဝန္ခံသည္ ႏိုင္ငံအတြင္းမွ ထြက္ခြာသြားခဲ့ေၾကာင္း သတင္းရရွိသည္။
တီေမာသံ႐ုံးယာယီတာဝန္ခံ Mr. Avelino Fernandes Ximenes Pereira သည္ ၾသဂုတ္ ၂၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အ ျပည္ျပည္ဆိုင္ရာေလဆိပ္မွတစ္ဆင့္ ထြက္ခြာသြားခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။
“သူ(တီေမာ္သံ႐ုံးယာယီတာဝန္ခံ) ျပန္သြားတာက ၾသဂုတ္ ၂၈ ရက္ေန႔မွာ ျပန္သြားပါတယ္။ ရန္ကုန္ေလဆိပ္ ကေနပဲ ျပန္သြားတာပါ။ ကြၽန္ေတာ္တို႔က ၾသဂုတ္ ၂၅ ရက္ေန႔မွာ သူ႔ကို စာပို႔လိုက္ပါတယ္။ တစ္ပတ္အတြင္း ျပန္ဖို႔ ဆိုၿပီးေတာ့ေလ။ ကြၽန္ေတာ္တို႔ ေျပာထားတာက စက္တင္ဘာ ၁ ရက္ေန႔ေနာက္ဆုံးထားၿပီး ျပန္ဖို႔ေပါ့။ ဒါေပမယ့္ သူက ေစာၿပီးေတာ့ ၾသဂုတ္လ ၂၈ ရက္ေန႔မွာပဲ ျပန္သြားပါတယ္” ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာရွိက ေျပာ သည္။
ရန္ကုန္ၿမိဳ႕ရွိ တီေမာလက္စ္ေတ့သံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံအေနျဖင့္ စက္တင္ဘာ ၁ ရက္ေန႔မတိုင္မီ ျမန္မာႏိုင္ငံ မွ ထြက္ခြာရန္ နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၾသဂုတ္ ၂၅ ရက္ေန႔၌ သံတမန္စာျဖင့္ အေၾကာင္းၾကားခဲ့သည္။
“၂၉ ရက္ေန႔မွာေတာ့ အဲဒီ original စာကို သံ႐ုံးယာယီတာဝန္ခံေတာ့ မရွိေတာ့ပါဘူး ဒါေပမယ့္ သူ႔ရဲ႕ေအာက္က တာ ဝန္ရွိသူကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ေခၚၿပီးေတာ့ အဲဒီစာကို ေပးလိုက္ပါတယ္” ဟု အထက္ပါအရာရွိက ထပ္မံေျပာသည္။
ျမန္မာအစိုးရအေနျဖင့္ တီေမာအစိုးရအား သတိေပးေျပာၾကားမႈမ်ား ျပဳလုပ္လ်က္ရွိသည့္ၾကားမွ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ထိခိုက္ေစသည့္ အၾကမ္းဖက္အားေပးမႈမ်ားကို ျပဳလုပ္ျခင္း၊ NUG ႏွင့္ ထိေတြ႕ဆက္ဆံျခင္းမ်ားကို ျပဳလုပ္ခဲ့သည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ေၾကာင့္ ၎ကဲ့သို႔ တီေမာလက္စ္ေတအစိုးရ၏ အဆင္အျခင္မဲ့ေသာ လုပ္ရပ္မ်ားသည္ ႏွစ္ႏိုင္ငံအၾကားရွိ ဆက္ဆံေရးကို ထိခိုက္ေစသည့္အတြက္ သံ႐ုံးယာယီတာဝန္ခံကို ႏိုင္ငံအတြင္းမွ ႏွင္ထုတ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ဂုဏ္သိကၡာကို ထိပါးသည့္အျပင္ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေန၍ တီေမာလက္စ္ေတႏိုင္ငံ သံ႐ုံးယာယီတာဝန္ခံကို ႏွင္ထုတ္ျခင္းျဖစ္ေၾကာင္း နစကဘက္ကလည္း တုံ႔ျပန္ခဲ့သည္။
ထို႔ျပင္ ႏိုင္ငံတကာသံတမန္ေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ ဂုဏ္သိကၡာႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားကို ထိပါးလာပါက အျခားမည္သည့္ႏိုင္ငံမဆို သံတမန္ေရးအရ လိုအပ္သည့္တုံ႔ျပန္မႈမ်ားကို ေဆာင္႐ြက္သြားမည္ဟုလည္း နစကမွ သတိေပးထားသည္။