ရန်ကုန်မြို့၌ ရုရှားအော်သိုဒေ့ါခရစ်ယာန်ဘုရားကျောင်း တည်ဆောက်မည်

 6523

ပုံစာ - ရုရှားအော်သိုဒေ့ါခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းအားတွေ့ရစဉ်

မျိုးကြီး (NP News) - အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၄)တိုးချဲ့ရပ်ကွက်၊ မြေကွက်အမှတ်(F-6/B)၊ မြေဧရိယာ ၁ ဒသမ ၂၅ ဧကတွင် ဘုရားကျောင်းကို တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါဘုရားကျောင်း တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy တို့သည် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ရုရှားအော်သို့ဒေါ့ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်ရန်ကိစ္စရပ်ကို အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ရေရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘုရားကျောင်းအဆောက်အဦးဆောက်လုပ်မှုနှင့်ပတ် သက်၍လည်း အင်ဂျင်နီယာဌာနမှ လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည်ဟု ဦးဗိုလ်ဌေးက ဆက်လက်ပြောသည်။

အလားတူ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်လည်း မြန်မာယဉ်ကျေးမှုစင်တာ တည် ဆောက်ရန်အတွက် မြေနေရာရရှိရေး ဆောင်ရွက်ပေးရန် နစကဘက်မှ တောင်းဆိုတင်ပြမှုများရှိနေကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ႐ုရွားေအာ္သိုေဒ့ါခရစ္ယာန္ဘုရားေက်ာင္း တည္ေဆာက္မည္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂၁

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၌ ႐ုရွားေအာ္သိုေဒါ့ခရစ္ယာန္ဘုရားေက်ာင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔၏ ခ်စ္ၾကည္ရင္းႏွီးမႈ (၇၅)ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၃၄)တိုးခ်ဲ႕ရပ္ကြက္၊ ေျမကြက္အမွတ္(F-6/B)၊ ေျမဧရိယာ ၁ ဒသမ ၂၅ ဧကတြင္ ဘုရားေက်ာင္းကို တည္ေဆာက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က သတင္းထုတ္ျပန္ထားသည္။

အဆိုပါဘုရားေက်ာင္း တည္ေဆာက္ေရးကိစၥႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးႏွင့္ အေရွ႕ေတာင္အာရွဆိုင္ရာ ႐ုရွားေအာ္သိုေဒါ့ခရစ္ယာန္ဘုန္းေတာ္ႀကီး His Eminence Metropolitan Sergiy တို႔သည္ ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕၌ ေတြ႕ဆုံခဲ့ၾကသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက ႐ုရွားေအာ္သို႔ေဒါ့ခရစ္ယာန္ဘုရားေက်ာင္း တည္ေဆာက္ရန္ကိစၥရပ္ကို အျမန္ဆုံးကူညီေဆာင္႐ြက္ေပးသြားမည္ဟု အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ ေရရရွိေရး၊ လွ်ပ္စစ္ဓာတ္အားရရွိေရးတို႔ကိုလည္း သက္ဆိုင္ရာဌာနမ်ားႏွင့္ေပါင္းစပ္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ဘုရားေက်ာင္းအေဆာက္အဦးေဆာက္လုပ္မႈႏွင့္ပတ္ သက္၍လည္း အင္ဂ်င္နီယာဌာနမွ လိုအပ္သည္မ်ားကို ပူးေပါင္းကူညီ ေဆာင္႐ြက္ေပးမည္ဟု ဦးဗိုလ္ေဌးက ဆက္လက္ေျပာသည္။

အလားတူ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕တြင္လည္း ျမန္မာယဥ္ေက်းမႈစင္တာ တည္ ေဆာက္ရန္အတြက္ ေျမေနရာရရွိေရး ေဆာင္႐ြက္ေပးရန္ နစကဘက္မွ ေတာင္းဆိုတင္ျပမႈမ်ားရွိေနေၾကာင္း သိရသည္။

Picture

L Mone

22/10/2023 05:37

အလည်ကထိုင်သော...ဦလေးကြီးက...အနေအထိုင်လေးကြမ်းမလိုလိုပါပဲ...မြန်မာ့အရေးမှာ...ဖင်ထထမယားကြဖို့လိုအပ်သလို..ညီညွတ်ကြဖို့လည်း..လိုအပ်လှပါသေးတယ်... .

Related news

© 2021. All rights reserved.