တိုက်ပွဲများ ပြင်းထန်နေသည့် ကွမ်းလုံအပါအဝင် မြို့နယ်(၈)ခုကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာ

2395

မြူနစ် (NP News) - နိုဝင်ဘာ ၁၂
တိုက်ပွဲများ ပြင်းထန်နေသည့် ကွမ်းလုံအပါအဝင် မြို့နယ်(၈)ခုတွင် စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)တွင် အဆိုပါ မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာလိုက်ခြင်းဖြစ်သည်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၆)ခု၌ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ အပ်နှင်းလိုက်သည်ဟု နစကမှ ဆိုသည်။
ထိုသို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သော ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး နှင့် သိန်းနီမြို့နယ်တို့ ဖြစ်သည်။
အလားတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ နစကမှ အပ်နှင်းလိုက်သည်။
စစ်အုပ်ချုပ်ရေး ထပ်မံကြေညာလိုက်သည့် မြို့နယ်ပေါင်းမှာ စုစုပေါင်း(၈)မြို့နယ်ဖြစ်ပြီး လတ်တလော၌ လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော ဒေသများလည်း ဖြစ်သည်။
MNDAA ဦးဆောင်ကာ TNLA၊ AA လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းအတွင်းရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်နေမှုများကြောင့် တပ်မတော်၏ လုံခြုံရေးစခန်းများ လက်လွတ်ခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ကြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်း (၈)ခုရှိ မြို့နယ်ပေါင်း (၄၀)တွင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ဖူးသည်။
ထို့ကြောင့် လက်ရှိတွင် နိုင်ငံအတွင်း၌ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားသည့် မြို့နယ်ပေါင်းမှာ (၄၈)မြို့နယ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ ကြမ္းလုံအပါအဝင္ ၿမိဳ႕နယ္(၈)ခုကို စစ္အုပ္ခ်ဳပ္ေရး(Martial Law) ေၾကညာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၂
တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ ကြမ္းလုံအပါအဝင္ ၿမိဳ႕နယ္(၈)ခုတြင္ စစ္အုပ္ခ်ဳပ္ေရး(Martial Law)ေၾကညာလိုက္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ယေန႔(ႏိုဝင္ဘာလ ၁၂ ရက္)တြင္ အဆိုပါ ၿမိဳ႕နယ္မ်ားကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္ကို ေၾကညာလိုက္ျခင္းျဖစ္သည္။
လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ နယ္ေျမေအးခ်မ္းသာယာေရးကို ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး အား ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၆)ခု၌ စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သုံးရန္ အေျခခံဥပေဒအရ အပ္ႏွင္းလိုက္သည္ဟု နစကမွ ဆိုသည္။
ထိုသို႔ စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္ေသာ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားမွာ ကြတ္ခိုင္၊ ကြမ္းလုံ၊ နမ့္ခမ္း၊ မူဆယ္၊ လားရႈိး ႏွင့္ သိန္းနီၿမိဳ႕နယ္တို႔ ျဖစ္သည္။
အလားတူ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ေလာက္ကိုင္)၊ ေဒသကြပ္ကဲေရးမႉးအား ရွမ္းျပည္နယ္အတြင္းရွိ ကုန္းၾကမ္းႏွင့္ ေလာက္ကိုင္ၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သုံးရန္ အေျခခံဥပေဒအရ နစကမွ အပ္ႏွင္းလိုက္သည္။
စစ္အုပ္ခ်ဳပ္ေရး ထပ္မံေၾကညာလိုက္သည့္ ၿမိဳ႕နယ္ေပါင္းမွာ စုစုေပါင္း(၈)ၿမိဳ႕နယ္ျဖစ္ၿပီး လတ္တေလာ၌ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တပ္မေတာ္တို႔ၾကားတြင္ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားေနေသာ ေဒသမ်ားလည္း ျဖစ္သည္။
MNDAA ဦးေဆာင္ကာ TNLA၊ AA လက္နက္ကိုင္မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းအတြင္းရွိ တပ္မေတာ္၏ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။
ထိုသို႔ တိုက္ခိုက္ေနမႈမ်ားေၾကာင့္ တပ္မေတာ္၏ လုံၿခဳံေရးစခန္းမ်ား လက္လြတ္ခဲ့ရသည့္ျဖစ္စဥ္မ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ ႏွစ္ဖက္ၾကားတြင္ တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ယခု ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္လည္း စစ္ကိုင္းတိုင္း၊ မေကြးတိုင္းအပါအဝင္ ျပည္နယ္ႏွင့္တိုင္း (၈)ခုရွိ ၿမိဳ႕နယ္ေပါင္း (၄၀)တြင္ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ ေၾကညာခဲ့ဖူးသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ ႏိုင္ငံအတြင္း၌ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ေၾကညာထားသည့္ ၿမိဳ႕နယ္ေပါင္းမွာ (၄၈)ၿမိဳ႕နယ္ထက္မနည္း ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။